တောင်ကိုရီးယား NewJeans အဖွဲ့ဝင် ဒါနဲလီ Celine ရဲ့ World Ambassador ခန့်အပ်ခြင်းခံရ

 118

ရောင်နီ(NP News) - မတ် ၂၄

တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ NewJeans ရဲ့ အဖွဲ့ဝင် ဒါနဲလီ ပြင်သစ်ဇိမ်ခံ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Celine ရဲ့ World Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ဒီအကြောင်းကို မတ်လ ၂၂ ရက်နေ့က Celine က ၎င်းတို့ရဲ့ တရားဝင်လူမှုမီဒီယာအကောင့်မှာ ဒါနဲလီ ရဲ့ ဓာတ်ပုံနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ NewJeans ရဲ့ အေဂျင်စီ ADOR ကလည်း Celine ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ဒါနဲလီက လှုပ်ရှားမှု အမျိုးမျိုးမှာ ပါဝင်ဖို့ စီစဉ်ထားထားပြီး ဒါနဲလီနဲ့ Celine တို့ အတူတကွ ဖန်တီးမယ့် လုပ်ငန်းတွေကို မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Celine ဟာ ပြင်သစ်နာမည်ကျော် luxury brand တစ်ခုဖြစ်ပြီး brand ambassador တွေကို ကမ္ဘာနဲ့ချီပြီးများစွာ ခန့်အပ်ထားပါတယ်။

Celine ရဲ့ World Ambassador ကတော့ ခန့်အပ်တာ ခပ်ရှားရှားပေမယ့် တောင်ကိုရီးယားကနေ ခန့်အပ်ခံရသူတွေထဲတွေကတော့ BTS အဖွဲ့ဝင် V၊ Blackpink အဖွဲ့ဝင် Lisa နဲ့ အခု Newjeans အဖွဲ့ဝင် ဒါနဲလီတို့ ဖြစ်ပါတယ်။

zawgyi version
ေတာင္ကိုရီးယား NewJeans အဖြဲ႕ဝင္ ဒါနဲလီ Celine ရဲ႕ World Ambassador ခန႔္အပ္ျခင္းခံရ
ေရာင္နီ(NP News) - မတ္ ၂၄

ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ NewJeans ရဲ႕ အဖြဲ႕ဝင္ ဒါနဲလီ ျပင္သစ္ဇိမ္ခံ အမွတ္တံဆိပ္ တစ္ခုျဖစ္တဲ့ Celine ရဲ႕ World Ambassador အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္။

ဒီအေၾကာင္းကို မတ္လ ၂၂ ရက္ေန႔က Celine က ၎တို႔ရဲ႕ တရားဝင္လူမႈမီဒီယာအေကာင့္မွာ ဒါနဲလီ ရဲ႕ ဓာတ္ပုံနဲ႔အတူ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ NewJeans ရဲ႕ ေအဂ်င္စီ ADOR ကလည္း Celine ရဲ႕ ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ ဒါနဲလီက လႈပ္ရွားမႈ အမ်ိဳးမ်ိဳးမွာ ပါဝင္ဖို႔ စီစဥ္ထားထားၿပီး ဒါနဲလီနဲ႔ Celine တို႔ အတူတကြ ဖန္တီးမယ့္ လုပ္ငန္းေတြကို ေမွ်ာ္လင့္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Celine ဟာ ျပင္သစ္နာမည္ေက်ာ္ luxury brand တစ္ခုျဖစ္ၿပီး brand ambassador ေတြကို ကမာၻနဲ႔ခ်ီၿပီးမ်ားစြာ ခန႔္အပ္ထားပါတယ္။

Celine ရဲ႕ World Ambassador ကေတာ့ ခန႔္အပ္တာ ခပ္ရွားရွားေပမယ့္ ေတာင္ကိုရီးယားကေန ခန႔္အပ္ခံရသူေတြထဲေတြကေတာ့ BTS အဖြဲ႕ဝင္ V၊ Blackpink အဖြဲ႕ဝင္ Lisa နဲ႔ အခု Newjeans အဖြဲ႕ဝင္ ဒါနဲလီတို႔ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.