တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် မြန်မာ ပါဝင်နေပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်တွင်း/ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ

 834

ယွန်း (NP News) - မတ် ၂၄

တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် မြန်မာနိုင်ငံပါဝင်နေပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တီဘီ/အိတ်ချ်အိုင်ဗွီနှင့် ဆေးယဥ်ပေါးတီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် ပါဝင်နေပြီး WHO ၏ Global TB report (2023)အရ ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီ လူနာသစ်ဖြစ်ပွားနှုန်း(၄၇၅)ဦးရှိပြီး သေဆုံးနှုန်းမှာ (၈၀)ဦးရှိနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။

ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း /ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာ စီမံကိန်း ၂၀၂၁- ၂၀၂၅ နှင့်အညီ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

အလားတူ တီဘီဆေးများဝယ်ယူရန်အတွက် ၂၀၁၅- ၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူ ဖြည့်တင်းပေးနေပြီး နှစ်စဥ်ရန်ပုံငွေများကိုလည်း တိုးမြှင့်ခွဲဝေပေးနေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း တီဘီလူနာ(၁၂၀၀၀၀)ကျော် ရှာဖွေကုသနိုင်ခဲ့ပြီး ဆေးကုသမှု အောင်မြင်နှုန်းမှာ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေတွေ့ရှိမှု၏ ၁၈ ရာခိုင်နှုန်းမှာ က‌လေးများတွင် အသက်(၈)နှစ်အောက် ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

အလားတူ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် (၁၁၀) လုံးကို တီဘီရောဂါတိုက်ဖျက်ရေးဌာန (၈၆)ခုတွင် တပ်ဆင်ဆောင်ရွက်ထား‌ကြောင်း သိရသည်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် တီဘီဆေး နှင့် ပစ္စည်းများဝယ်ယူရန် နိုင်ငံတော်အစိုးရမှ(၂၀၂၂-၂၀၂၃) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၅) သန်း ခွဲဝေချထားခဲ့ကြောင်း သိရသည်။

Zawgyi Version;
တီဘီေရာဂါအျဖစ္အမ်ားဆုံး ႏိုင္ငံ(၃၀)တြင္ ျမန္မာ ပါဝင္ေနၿပီး ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ျပည္တြင္း/ ျပည္ပမိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေန
ယြန္း (NP News) - မတ္ ၂၄

တီဘီေရာဂါအျဖစ္အမ်ားဆုံး ႏိုင္ငံ(၃၀)တြင္ ျမန္မာႏိုင္ငံပါဝင္ေနၿပီး ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ျပည္တြင္း/ျပည္ပမိတ္ဖက္အဖြဲ႕အစည္းမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ ကမာၻ႔တီဘီေရာဂါတိုက္ဖ်က္ေရးေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ တီဘီ/အိတ္ခ်္အိုင္ဗြီႏွင့္ ေဆးယဥ္ေပါးတီဘီေရာဂါအျဖစ္အမ်ားဆုံး ႏိုင္ငံ(၃၀)တြင္ ပါဝင္ေနၿပီး WHO ၏ Global TB report (2023)အရ ၿပီးခဲ့သည့္ (၂၀၂၂) ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ လူဦးေရတစ္သိန္းတြင္ တီဘီ လူနာသစ္ျဖစ္ပြားႏႈန္း(၄၇၅)ဦးရွိၿပီး ေသဆုံးႏႈန္းမွာ (၈၀)ဦးရွိႏိုင္ေၾကာင္း ခန႔္မွန္းခ်က္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ အမ်ိဳးသားတီဘီေရာဂါတိုက္ဖ်က္ေရးစီမံကိန္းမွ ဦးေဆာင္ကာ ျပည္တြင္း /ျပည္ပမိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အမ်ိဳးသားမဟာဗ်ဴဟာ စီမံကိန္း ၂၀၂၁- ၂၀၂၅ ႏွင့္အညီ ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

အလားတူ တီဘီေဆးမ်ားဝယ္ယူရန္အတြက္ ၂၀၁၅- ၂၀၂၆ ဘ႑ာႏွစ္မွစတင္၍ ႏိုင္ငံေတာ္ရန္ပုံေငြျဖင့္ ဝယ္ယူ ျဖည့္တင္းေပးေနၿပီး ႏွစ္စဥ္ရန္ပုံေငြမ်ားကိုလည္း တိုးျမႇင့္ခြဲေဝေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ စုစုေပါင္း တီဘီလူနာ(၁၂၀၀၀၀)ေက်ာ္ ရွာေဖြကုသႏိုင္ခဲ့ၿပီး ေဆးကုသမႈ ေအာင္ျမင္ႏႈန္းမွာ ၈၈ ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း သိရသည္။

တီဘီေရာဂါရွာေဖြေတြ႕ရွိမႈ၏ ၁၈ ရာခိုင္ႏႈန္းမွာ က‌ေလးမ်ားတြင္ အသက္(၈)ႏွစ္ေအာက္ ကေလးမ်ား၏ သလိပ္ႏွင့္ Stool Specimen ကို GeneXpert စက္ျဖင့္ တီဘီပိုးရွာေဖြ စစ္ေဆးျခင္းကို ေဆာင္႐ြက္လ်က္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

အလားတူ ေဆးယဥ္ပါးတီဘီေရာဂါရွာေဖြျခင္းကို လူနာမ်ားလက္လွမ္းမီေစရန္ Rapid Diagnostic Test ျဖစ္ေသာ GeneXpert စက္ (၁၁၀) လုံးကို တီဘီေရာဂါတိုက္ဖ်က္ေရးဌာန (၈၆)ခုတြင္ တပ္ဆင္ေဆာင္႐ြက္ထား‌ေၾကာင္း သိရသည္။

တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြက္ တီဘီေဆး ႏွင့္ ပစၥည္းမ်ားဝယ္ယူရန္ ႏိုင္ငံေတာ္အစိုးရမွ(၂၀၂၂-၂၀၂၃) ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၅) သန္း ႏွင့္ (၂၀၂၃-၂၀၂၄) ခုႏွစ္တြင္ အေမရိကန္ေဒၚလာ(၄ ဒသမ ၅) သန္း ခြဲေဝခ်ထားခဲ့ေၾကာင္း သိရသည္။

Picture

Pho Htaung

24/03/2024 19:57

စက်မူ့ဇုန်တွေကို T.B mobile ဆင်းသင့်ပါတယ်။ အဓီက ကူးစက်မူ့များတဲ့နေရာကို မဖြတ်တောက်ပဲ လုပ်ရင် ကူးစက်မူ့ များမယ် ပိုက်ဆံကုန်မယ်။ စက်မူ့ဇုန်တွေ T.B mobile ဆင်းသင့်ပါတယ်။ စက်မူ့ဇုန် တွေမှာ T.B close contact အများကြီးပါ။

Related news

© 2021. All rights reserved.