နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား အနည်းဆုံး ၃၀၀ နီးပါး ပြန်လွတ်မြောက်လာ

 344

ဂျန်ဇက် (NP News) - မတ် ၂၄

နိုင်ဂျီးရီးယားနိုင်ငံ ကာဒူနာပြည်နယ်ရှိ စာသင်ကျောင်းတွေက ဖမ်းဆီးပြန်ပေးဆွဲခံထားရသူ ကျောင်းသူကျောင်းသား အနည်းဆုံး ၃၀၀ နီးပါးပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နိုင်ဂျီးရီးယားအာဏာပိုင်တွေက မတ်လ ၂၄ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

နိုင်ဂျီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်ကျော်က ကျောင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်နောက်ပိုင်းကတည်းက ကျောင်းသား၊ကျောင်းသူတွေ ဖမ်းဆီးပြန်ပေးဆွဲခံရမှုမြင့်တက်လာခဲ့ပြီး အနည်းဆုံး ၁၄ဝဝ ကျော် ပြန်ပေးဆွဲခံထားရကြောင်း သိရပါတယ်။ ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူးက ကျောင်းသား ၂၈၇ ဦး ပြန်လွှတ်မြောက်လာခဲ့ကြောင်း၊ ပြန်လွှတ်မြောက်ခဲ့သူအားလုံးထဲက အနည်းဆုံး ၁၀၀ နီးပါးက အသက် ၁၂ နှစ်နဲ့ အသက် ၁၂နှစ်အောက်အရွယ်များဖြစ်ကြောင်း ပြောပါတယ်။

နိုင်ဂျီးရီးယားသမ္မတအနေနဲ့ ဖမ်းဆီးပြန်ပေးဆွဲခံရတဲ့ကျောင်းသားတွေကို အမြန်ဆုံးပြန်လွတ်မြောက်အောင်ကူညီပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နိုင်ဂျီးရိးယားသမ္မတဟာ ပြန်ပေးဆွဲခံရတဲ့ကလေးငယ်တွေ ပြန်လွတ်မြောက်ဖို့ ပြန်ပေးငွေပေးလိုခြင်းမရှိခဲ့ကြောင်း ဒါပေမယ့် ပြန်ပေးဆွဲခံရသူတွေထဲမှာ ပါဝင်တဲ့မိသားစုတွေဟာ ပြန်ပေးငွေစုဆောင်းပြီး
ကလေးငယ်တွေအတွက် ပေးခဲ့တာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

ကာဒူနာပြည်နယ်ရှိ စာသင်ကျောင်းကက လေးငယ်ပေါင်း ၃၀၀ နီးပါး ပြန်ပေးဆွဲခံရမှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းမရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ျပန္ေပးဆြဲခံရတဲ့ ေက်ာင္းသား အနည္းဆုံး ၃၀၀ နီးပါး ျပန္လြတ္ေျမာက္လာ
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ႏိုင္ဂ်ီးရီးယားႏိုင္ငံ ကာဒူနာျပည္နယ္ရွိ စာသင္ေက်ာင္းေတြက ဖမ္းဆီးျပန္ေပးဆြဲခံထားရသူ ေက်ာင္းသူေက်ာင္းသား အနည္းဆုံး ၃၀၀ နီးပါးျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း ႏိုင္ဂ်ီးရီးယားအာဏာပိုင္ေတြက မတ္လ ၂၄ ရက္မွာ ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္ေက်ာ္က ေက်ာင္းကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ၿပီး ေက်ာင္းသားေတြကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ၂ဝ၁၄ ခုႏွစ္ေနာက္ပိုင္းကတည္းက ေက်ာင္းသား၊ေက်ာင္းသူေတြ ဖမ္းဆီးျပန္ေပးဆြဲခံရမႈျမင့္တက္လာခဲ့ၿပီး အနည္းဆုံး ၁၄ဝဝ ေက်ာ္ ျပန္ေပးဆြဲခံထားရေၾကာင္း သိရပါတယ္။ ကာဒူနာျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ေက်ာင္းသား ၂၈၇ ဦး ျပန္လႊတ္ေျမာက္လာခဲ့ေၾကာင္း၊ ျပန္လႊတ္ေျမာက္ခဲ့သူအားလုံးထဲက အနည္းဆုံး ၁၀၀ နီးပါးက အသက္ ၁၂ ႏွစ္နဲ႔ အသက္ ၁၂ႏွစ္ေအာက္အ႐ြယ္မ်ားျဖစ္ေၾကာင္း ေျပာပါတယ္။

ႏိုင္ဂ်ီးရီးယားသမၼတအေနနဲ႔ ဖမ္းဆီးျပန္ေပးဆြဲခံရတဲ့ေက်ာင္းသားေတြကို အျမန္ဆုံးျပန္လြတ္ေျမာက္ေအာင္ကူညီေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း ကာဒူနာျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။
ႏိုင္ဂ်ီးရိးယားသမၼတဟာ ျပန္ေပးဆြဲခံရတဲ့ကေလးငယ္ေတြ ျပန္လြတ္ေျမာက္ဖို႔ ျပန္ေပးေငြေပးလိုျခင္းမရွိခဲ့ေၾကာင္း ဒါေပမယ့္ ျပန္ေပးဆြဲခံရသူေတြထဲမွာ ပါဝင္တဲ့မိသားစုေတြဟာ ျပန္ေပးေငြစုေဆာင္းၿပီး
ကေလးငယ္ေတြအတြက္ ေပးခဲ့တာမ်ိဳးေတြရွိခဲ့ေၾကာင္း သိရပါတယ္။

ကာဒူနာျပည္နယ္ရွိ စာသင္ေက်ာင္းကက ေလးငယ္ေပါင္း ၃၀၀ နီးပါး ျပန္ေပးဆြဲခံရမႈနဲ႔ပတ္သက္ၿပီး ဝန္ခံေျပာဆိုထားတဲ့လက္နက္ကိုင္အဖြဲ႕အစည္းမရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.