ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ခြင်ကျားကင်းစင်ရေး ကြိုးပမ်းနေ

 400

ရောင်နီ (NP News) - မတ် ၂၅

ပြင်သစ်နိုင်ငံဟာ ဥရောပမှာ ကြီးထွားလာနေတဲ့ ဗိုင်းရပ်စ်ပိုးသယ်ဆောင်တဲ့ ခြင်ကျားတွေကြောင့် ပဲရစ်မှာ ပြုလုပ် မယ့် အိုလံပစ်ပြိုင်ပွဲမှာ အားကစားသမားတွေနဲ့ ပရိသတ်တွေ မထိခိုက်စေဖို့အတွက် ခြင်ကျားကင်းစင်ရေး ကြိုးပမ်း မှုတွေ ပြုလုပ်နေပါတယ်။

အာရှခြင်ကျားဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း ပြင်သစ်အပါအဝင် ဥရောပမြောက်ပိုင်းရှိ နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေး၊ chikungunya နဲ့ zika စတဲ့ ဗိုင်းရပ်စ်တွေကို ပျံ့နှံ့စေခဲ့ပါတယ်။ ယင်းကြောင့် ပြင်သစ်မှာလည်း ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိတာကြောင့် ခြင်ကျားနဲ့ အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေဟာ ပဲရစ်မြို့ရဲ့ ခြင်ပေါက်ဖွားရာနေရာတချို့ကို မီးရှို့ခြင်းနဲ့ အခြားစီစဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခြင်ကျားကိုက်ခံရခြင်းဟာ အားကစားသမားတွေအတွက် ပွဲစဉ်ယှဉ်ပြိုင်မှုတွေမှာ အဟန့်အတား ဖြစ်စေနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

၂ဝ၂၄ ခုနှစ်အတွက် အိုလံပစ် အားကစားပြိုင်ပွဲဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ကျင်းပမှာဖြစ်ပြီး ပွဲစတင်ဖို့ အချိန် လေးလသာ လိုတော့တာဖြစ်ပါတယ်။

Zawgyi Version;
ျပင္သစ္က အိမ္ရွင္အျဖစ္ က်င္းပမယ့္ အိုလံပစ္ၿပိဳင္ပြဲအတြက္ ျခင္က်ားကင္းစင္ေရး ႀကိဳးပမ္းေန
ေရာင္နီ (NP News) - မတ္ ၂၅

ျပင္သစ္ႏိုင္ငံဟာ ဥေရာပမွာ ႀကီးထြားလာေနတဲ့ ဗိုင္းရပ္စ္ပိုးသယ္ေဆာင္တဲ့ ျခင္က်ားေတြေၾကာင့္ ပဲရစ္မွာ ျပဳလုပ္ မယ့္ အိုလံပစ္ၿပိဳင္ပြဲမွာ အားကစားသမားေတြနဲ႔ ပရိသတ္ေတြ မထိခိုက္ေစဖို႔အတြက္ ျခင္က်ားကင္းစင္ေရး ႀကိဳးပမ္း မႈေတြ ျပဳလုပ္ေနပါတယ္။

အာရွျခင္က်ားဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ ႏွစ္ခုအတြင္း ျပင္သစ္အပါအဝင္ ဥေရာပေျမာက္ပိုင္းရွိ ႏိုင္ငံေတြမွာ ေသြးလြန္တုပ္ေကြး၊ chikungunya နဲ႔ zika စတဲ့ ဗိုင္းရပ္စ္ေတြကို ပ်ံ႕ႏွံ႔ေစခဲ့ပါတယ္။ ယင္းေၾကာင့္ ျပင္သစ္မွာလည္း ကမာၻ႔အိုလံပစ္ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပဖို႔ ရွိတာေၾကာင့္ ျခင္က်ားနဲ႔ အင္းဆက္ပိုးမႊားေတြကို ဖယ္ရွားဖို႔ အာဏာပိုင္ေတြဟာ ပဲရစ္ၿမိဳ႕ရဲ႕ ျခင္ေပါက္ဖြားရာေနရာတခ်ိဳ႕ကို မီးရႈိ႕ျခင္းနဲ႔ အျခားစီစဥ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ျခင္က်ားကိုက္ခံရျခင္းဟာ အားကစားသမားေတြအတြက္ ပြဲစဥ္ယွဥ္ၿပိဳင္မႈေတြမွာ အဟန္႔အတား ျဖစ္ေစႏိုင္တယ္ လို႔ ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။

၂ဝ၂၄ ခုႏွစ္အတြက္ အိုလံပစ္ အားကစားၿပိဳင္ပြဲဟာ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္မွာ က်င္းပမွာျဖစ္ၿပီး ပြဲစတင္ဖို႔ အခ်ိန္ ေလးလသာ လိုေတာ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.