(၆)ရက်ကြာရပ်ဆိုင်းထားခဲ့သည့် မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်း ယနေ့တွင်ပြန်လည်ဖွင့်လှစ်

 747

ယွန်း (NP News) - မတ် ၂၅

(၆)ရက်ကြာရပ်ဆိုင်းထားခဲ့သည့် ‌မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်းကို ယနေ့ (မတ်လ ၂၅ ရက်)တွင် ပြန်လည်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ(၁၈)ရက်က မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်း၌ အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားအရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံရပြီး ရထားလမ်းနှင့်တွဲများပျက်ဆီး၍ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မတ်လ(၁၉)ရက်မှစ၍ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ် နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်များကို ယာယီဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရထားလမ်းပြင်ဆင်မှုများပြန်လည်ဆောင်ရွက်ခဲ့ရာ မတ်လ ၂၃ ရက်တွင် ပြင်ဆင်ပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ယနေ့(မတ်လ ၂၅ ရက်)ရောက်မှသာ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့တော့ စတင်ပြီးပြန်ပြေးဆွဲနေတာပေါ့။ မော်လမြိုင်ကနေ (၈)နာရီခွဲလောက်မှာ ထွက်ပြီးတော့ ခရီးသည်စုစုပေါင်း(၉၀)လောက်ပါတယ်။ (၆)ရက် ‌လောက်တော့ကြာတယ် မပြေးဆွဲနိုင်တာ ဒီနေ့မှပဲပြန်ပြီးပြေးဆွဲတာပေါ့”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မော်လမြိုင်ဘူတာကြီးအနေဖြင့် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ်များကို နေ့စဥ်ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး အထက်တန်းကြိုတင်လက်မှတ်များကို မော်လမြိုင်ဘူတာ ရက်ကြိုလက်မှတ်ရုံတွင် ရောင်းချပေးနေကြောင်း သိရသည်။

zawgyi version
(၆)ရက္ၾကာရပ္ဆိုင္းထားခဲ့သည့္ ေမာ္လၿမိဳင္- ရန္ကုန္ရထားလမ္းပိုင္း ယေန႔တြင္ျပန္လည္ဖြင့္လွစ္

ယြန္း (NP News) - မတ္ ၂၅

(၆)ရက္ၾကာရပ္ဆိုင္းထားခဲ့သည့္ ‌ေမာ္လၿမိဳင္- ရန္ကုန္ရထားလမ္းပိုင္းကို ယေန႔ (မတ္လ ၂၅ ရက္)တြင္ ျပန္လည္ဖြင့္လွစ္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးထံမွ သိရသည္။

ၿပီးခဲ့သည့္ မတ္လ(၁၈)ရက္က ေမာ္လၿမိဳင္- ရန္ကုန္ ရထားလမ္းပိုင္း၌ အမွတ္ ၆၈၆ အစုန္ ေက်ာက္ရထားသည္ သိမ္ဆိပ္ဘူတာႏွင့္ ဒုံးဝန္းဘူတာၾကားအေရာက္တြင္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္းခံရၿပီး ရထားလမ္းႏွင့္တြဲမ်ားပ်က္ဆီး၍ လမ္းပိုင္းပိတ္ဆို႔မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ မတ္လ(၁၉)ရက္မွစ၍ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ ၈၂ အစုန္ ေမာ္လၿမိဳင္- ရန္ကုန္ရထားခရီးစဥ္ ႏွင့္ ရန္ကုန္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ ၈၁ အဆန္ ရန္ကုန္- ေမာ္လၿမိဳင္ရထားခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ရထားလမ္းျပင္ဆင္မႈမ်ားျပန္လည္ေဆာင္႐ြက္ခဲ့ရာ မတ္လ ၂၃ ရက္တြင္ ျပင္ဆင္ၿပီးျဖစ္ေသာ္လည္း လုံၿခဳံေရးအေျခအေနအရ ယေန႔(မတ္လ ၂၅ ရက္)ေရာက္မွသာ ျပန္လည္ေျပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ေတာ့ စတင္ၿပီးျပန္ေျပးဆြဲေနတာေပါ့။ ေမာ္လၿမိဳင္ကေန (၈)နာရီခြဲေလာက္မွာ ထြက္ၿပီးေတာ့ ခရီးသည္စုစုေပါင္း(၉၀)ေလာက္ပါတယ္။ (၆)ရက္ ‌ေလာက္ေတာ့ၾကာတယ္ မေျပးဆြဲႏိုင္တာ ဒီေန႔မွပဲျပန္ၿပီးေျပးဆြဲတာေပါ့”ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေမာ္လၿမိဳင္ဘူတာႀကီးအေနျဖင့္ ေမာ္လၿမိဳင္- ရန္ကုန္ရထားခရီးစဥ္မ်ားကို ေန႔စဥ္ပုံမွန္အတိုင္းျပန္လည္ေျပးဆြဲမည္ျဖစ္ၿပီး အထက္တန္းႀကိဳတင္လက္မွတ္မ်ားကို ေမာ္လၿမိဳင္ဘူတာ ရက္ႀကိဳလက္မွတ္႐ုံတြင္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.