"Crash Course in Romance” ဒရာမာထဲက တောင်ကိုရီးယားသရုပ် ဆောင် လီချေမင်းနဲ့ မင်းသမီး ရူဒါတို့ dating သတင်း အတည်ပြု

 175

ရောင်နီ (NP News) - မတ် ၂၆

"Crash Course in Romance” ဒရာမာမှာ တွဲဖက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား လီချေမင်းနဲ့ မင်းသမီး ရူဒါအင်တို့ dating သတင်း အတည်ပြုလိုက်ကြပြီလို့ သိရပါတယ်။

မတ်လ ၂၄ ရက်က လီချေမင်းနဲ့ ရူဒါလို့ ယူဆရတဲ့ လူနှစ်ယောက်ရဲ့ဗီဒီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ လီချေမင်းက ရူဒါအင်ရဲ့လွယ်အိတ်ကို လွယ်ကာ လမ်းလျှောက်သွားတာကို မြင်တွေ့ရပါ တယ်။

အဲဒီနေ့မှာပဲ လီချေမင်းနဲ့ ရူဒါအင်တို့ နှစ်ယောက်စလုံးဟာ ဗီဒီယိုမှာ တွေ့ခဲ့တဲ့ ဝတ်စားဆင်ယင်မှုပုံစံနဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့်မှာ ပုံတင်ခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေက တွဲနေကြပြီလားလို့ သံသယ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လီချေမင်းရဲ့ အေဂျင်စီ GOLDMEDALIST နဲ့ ရူဒါအင် တို့ရဲ့ အေဂျင်စီ Aground က ၎င်းတို့ရဲ့ dating သတင်းကို အတည်ပြုပေးခဲ့ပြီး ၎င်းတို့ ၂ ယောက်လုံးကို နွေးထွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လီချေမင်းနဲ့ ရူဒါအင်တို့ဟာ ၂၀၂၃ ခုနှစ်ထွက် ဒရာမာ “Crash Course in Romance” မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ရင်းနှီးခဲ့ကြပြီးမှ ဒိတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရူဒါအင်ဟာ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ “Pyramid Game” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။

ဒါ့အပြင် သူမဟာ နောက်ထပ် ထွက်ရှိမယ့် Netflix စီးရီးအသစ် “Hierarchy” အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
"Crash Course in Romance” ဒရာမာထဲက ေတာင္ကိုရီးယားသ႐ုပ္ ေဆာင္ လီေခ်မင္းနဲ႔ မင္းသမီး ႐ူဒါတို႔ dating သတင္း အတည္ျပဳ
ေရာင္နီ (NP News) - မတ္ ၂၆

"Crash Course in Romance” ဒရာမာမွာ တြဲဖက္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ မင္းသား လီေခ်မင္းနဲ႔ မင္းသမီး ႐ူဒါအင္တို႔ dating သတင္း အတည္ျပဳလိုက္ၾကၿပီလို႔ သိရပါတယ္။

မတ္လ ၂၄ ရက္က လီေခ်မင္းနဲ႔ ႐ူဒါလို႔ ယူဆရတဲ့ လူႏွစ္ေယာက္ရဲ႕ဗီဒီယိုဖိုင္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာေတာ့ လီေခ်မင္းက ႐ူဒါအင္ရဲ႕လြယ္အိတ္ကို လြယ္ကာ လမ္းေလွ်ာက္သြားတာကို ျမင္ေတြ႕ရပါ တယ္။

အဲဒီေန႔မွာပဲ လီေခ်မင္းနဲ႔ ႐ူဒါအင္တို႔ ႏွစ္ေယာက္စလုံးဟာ ဗီဒီယိုမွာ ေတြ႕ခဲ့တဲ့ ဝတ္စားဆင္ယင္မႈပုံစံနဲ႔ ဓာတ္ပုံေတြကို အင္စတာဂရမ္အေကာင့္မွာ ပုံတင္ခဲ့ပါတယ္။

ဒါေၾကာင့္ ပရိသတ္ေတြက တြဲေနၾကၿပီလားလို႔ သံသယ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ လီေခ်မင္းရဲ႕ ေအဂ်င္စီ GOLDMEDALIST နဲ႔ ႐ူဒါအင္ တို႔ရဲ႕ ေအဂ်င္စီ Aground က ၎တို႔ရဲ႕ dating သတင္းကို အတည္ျပဳေပးခဲ့ၿပီး ၎တို႔ ၂ ေယာက္လုံးကို ေႏြးေထြးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

လီေခ်မင္းနဲ႔ ႐ူဒါအင္တို႔ဟာ ၂၀၂၃ ခုႏွစ္ထြက္ ဒရာမာ “Crash Course in Romance” မွာ အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြအျဖစ္ ရင္းႏွီးခဲ့ၾကၿပီးမွ ဒိတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

႐ူဒါအင္ဟာ မၾကာေသးခင္ကမွ ဇာတ္သိမ္းသြားခဲ့တဲ့ “Pyramid Game” ဒရာမာမွာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာင္ျမင္မႈေတြလည္း ရရွိထားပါတယ္။

ဒါ့အျပင္ သူမဟာ ေနာက္ထပ္ ထြက္ရွိမယ့္ Netflix စီးရီးအသစ္ “Hierarchy” အတြက္လည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.