ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးဖို့ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံ ထောက်ခံမဲပေးပြီး တောင်းဆို

 472

ဂျန်ဇက် (NP News) - မတ် ၂၆

ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ ၂၆ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ စစ်ပွဲ အပစ်ခတ် ရပ်စဲရေးတောင်းဆိုတဲ့မူကြမ်းကို နိုင်ငံအများစုက အားပေးထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ဂါဇာစစ်ပွဲ အပစ်ခတ် ရပ်စဲရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကြား မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန်နိုင်ငံက ကြားနေမဲပေးခဲ့ပြီး အခြား ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့ နဲ့ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခွင့်ပေးဖို့အချက်တွေအပြင် အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေ ပါဝင် နေပါတယ်။ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က "ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ တောင်းဆိုချက်အားလုံးထဲက အချို့အချက်တွေကို သဘောမတူဘူး။ အဲဒီအတွက် ကြားနေမဲသာ ပေးခဲ့တာဖြစ် တယ်" လို့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကာလအတန်ကြာစောင့်ဆိုင်းခဲ့ရတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အကောင်ထည်ဖော်ရမှာဖြစ်ကြောင်း၊ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းအကောင်အထည်ဖော်ဖို့ ပျက်ကွက်ခြင်းကို သည်းခံခွင့်လွှတ်နေမှာ မဟုတ်ကြောင်း ပြောပါ တယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲက ၅ လကျော်ကြာမြင့်လာနေပြီး စစ်ပွဲ ရပ်တန့်စေဖို့ နှစ်ဖက်ကြား တိကျတဲ့သဘောတူညီမှုမရဘဲ ကြားဝင်စေ့စပ်ပေးမှုနဲ့သာ အချိန်ကုန်နေရကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲေရးဖို႔ ကုလသမဂၢလုံၿခဳံေရးအဖြဲ႕ဝင္ႏိုင္ငံ ၁၄ ႏိုင္ငံ ေထာက္ခံမဲေပးၿပီး ေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၆

ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မတ္လ ၂၆ ရက္က မဲခြဲဆုံးျဖတ္ခဲ့ရာ စစ္ပြဲ အပစ္ခတ္ ရပ္စဲေရးေတာင္းဆိုတဲ့မူၾကမ္းကို ႏိုင္ငံအမ်ားစုက အားေပးေထာက္ခံခဲ့တယ္လို႔ သိရပါတယ္။ ဂါဇာစစ္ပြဲ အပစ္ခတ္ ရပ္စဲေရးအတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ၁၅ ႏိုင္ငံၾကား မဲခြဲဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး အဲဒီ ဆုံးျဖတ္ခ်က္ မူၾကမ္းကို အေမရိကန္ႏိုင္ငံက ၾကားေနမဲေပးခဲ့ၿပီး အျခား ၁၄ ႏိုင္ငံက ေထာက္ခံမဲေပးခဲ့ေၾကာင္း သိရပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းထဲမွာ ဖမ္းဆီးထားသူေတြျပန္လႊတ္ေပးဖို႔ နဲ႔ ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးခြင့္ေပးဖို႔အခ်က္ေတြအျပင္ အပစ္ခတ္ရပ္စဲေရးေတာင္းဆိုခ်က္ေတြ ပါဝင္ ေနပါတယ္။ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က "ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ပါဝင္တဲ့ ေတာင္းဆိုခ်က္အားလုံးထဲက အခ်ိဳ႕အခ်က္ေတြကို သေဘာမတူဘူး။ အဲဒီအတြက္ ၾကားေနမဲသာ ေပးခဲ့တာျဖစ္ တယ္" လို႔ ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ကာလအတန္ၾကာေစာင့္ဆိုင္းခဲ့ရတဲ့ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းကို အေကာင္ထည္ေဖာ္ရမွာျဖစ္ေၾကာင္း၊ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းအေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ျခင္းကို သည္းခံခြင့္လႊတ္ေနမွာ မဟုတ္ေၾကာင္း ေျပာပါ တယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲက ၅ လေက်ာ္ၾကာျမင့္လာေနၿပီး စစ္ပြဲ ရပ္တန႔္ေစဖို႔ ႏွစ္ဖက္ၾကား တိက်တဲ့သေဘာတူညီမႈမရဘဲ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔သာ အခ်ိန္ကုန္ေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.