ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့သည်ဟု ဆို

 309

Pearl (NP News) - မတ် ၂၆

ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန် ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း နှင့် ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များကို တိုးတက်ရန်ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက် ရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျစိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း နှင့် အလားတူသီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မွေးမြူရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့ရသဖြင့် ပြန်လည် တိုးတက်ရေးဆောင်ရွက်ရန်လိုကြောင်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

Zawgyi Version;
ေဒသအခ်ိဳ႕၌ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားျဖစ္ေပၚခဲ့သျဖင့္ စိုက္ပ်ိဳးထုတ္လုပ္မႈမ်ား ထိခိုက္ခဲ့ရၿပီး ေဒသကုန္ထုတ္လုပ္မႈမ်ားကို ထိခိုက္ေစခဲ့သည္ဟု ဆို
Pearl (NP News) - မတ္ ၂၆

ေဒသအခ်ိဳ႕၌ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားျဖစ္ေပၚခဲ့သျဖင့္ စိုက္ပ်ိဳးထုတ္လုပ္မႈမ်ား ထိခိုက္ခဲ့ရၿပီး ေဒသကုန္ ထုတ္လုပ္မႈမ်ားကို ထိခိုက္ေစခဲ့ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ယမန္ေန႔ (မတ္လ ၂၅ ရက္) တြင္ ေနျပည္ေတာ္၌ က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ဘ႑ာႏွစ္အတြင္း စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ေစေရးအတြက္ တြန္းအားေပး ေဆာင္႐ြက္ခဲ့ေၾကာင္း ႏွင့္ ေဒသအလိုက္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားကို တိုးတက္ရန္ထုတ္လုပ္၍ ျပည္တြင္းလိုအပ္ခ်က္ကို ျဖည့္ဆည္းၿပီး ပိုလွ်ံသည္မ်ားကို ျပည္ပပို႔ကုန္မ်ားအျဖစ္ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ ရန္လိုအပ္သည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

စိုက္ပ်ိဳးေရးႏွင့္ပတ္သက္၍ ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေရး စနစ္တက်စိုက္ပ်ိဳးၿပီး အထြက္ႏႈန္းတိုးတက္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း ႏွင့္ အလားတူသီးထပ္စြမ္းအားမ်ား တိုးတက္ေစေရးအတြက္လည္း ေဆာင္႐ြက္ရန္ လိုေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ကာလအတြင္း ေဒသအခ်ိဳ႕၌ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚခဲ့သျဖင့္ စိုက္ပ်ိဳးထုတ္လုပ္မႈမ်ား ထိခိုက္ခဲ့ရၿပီး ေဒသကုန္ထုတ္လုပ္မႈမ်ားကို ထိခိုက္ေစခဲ့သည္ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ေဒသအလိုက္ ကုန္ထုတ္လုပ္မႈႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ား ကို ကူညီေဆာင္႐ြက္ေပးသြားရန္လိုအပ္သည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေမြးျမဴေရးႏွင့္ပတ္သက္၍လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေလ်ာ့နည္းက်ဆင္းလာသည္ကို ေတြ႕ရသျဖင့္ ျပန္လည္ တိုးတက္ေရးေဆာင္႐ြက္ရန္လိုေၾကာင္း ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား တိုးတက္မွသာ စက္မႈလုပ္ငန္းမ်ားႏွင့္ MSME လုပ္ငန္းမ်ား တိုးတက္လာမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

Related news

© 2021. All rights reserved.