စလင်းမြို့နယ်တွင် ကျေးရွာတာဝန်ခံအမျိုသားတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 1122

NP News - မတ် ၂၆

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကျေးရွာတာဝန်ခံအမျိုသားတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၆ ရက်) နံနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် စလင်းမြို့နယ်၊ ကျွန်းရင်း ကျေးရွာမြောက်ဘက်၊ သရက်တော-ဆင်ဖြူကျွန်းသွားမြေနီးလမ်း၏ ဝဲဘက်ခြမ်းဇရပ်အနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်၊ ကံရွှေကူကျေးရွာအုပ်စု၊ ပန်းပြင်ကျေးရွာတွင်နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ကျေးရွာခွဲ တာဝန်ခံ ဦးလူမြင့်(ခ)ဦးမှုံစီ သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် သေနတ်များကိုင်ဆောင်လာသော အကြမ်းဖက်သမား (၄)ဦး က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမား(၄)ဦးက တာဝန်ခံရှိလားဟုမေးမြန်းကာ ဦးလူမြင့်(ခ)ဦးမှုံစီကို ထိုးကြိတ်ရိုက်နှက်ကာ လက်ပြန်ကြိုးတုတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် လိုက်လံရှာဖွေခဲ့ရာ ဦးလူမြင့်(ခ)ဦးမှုံစီကို ယနေ့ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်တွင် အခင်းဖြစ်နေရာ၌ လက်ပြန်ကြိုးတုတ်ခံရ၍ ဦးခေါင်းဝဲဘက်ထိပ် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ပါးရိုးကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် ဦးနှောက်ပွင့်ထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စလင်းမြို့ပြည်သူ့ ဆေးရုံသို့ သယ်ယူပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
စလင္းၿမိဳ႕နယ္တြင္ ေက်း႐ြာတာဝန္ခံအမ်ိဳသားတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
NP News - မတ္ ၂၆

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ ေက်း႐ြာတာဝန္ခံအမ်ိဳသားတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၆ ရက္) နံနက္အေစာပိုင္း ၁၂ နာရီ ၃၅ မိနစ္အခ်ိန္တြင္ စလင္းၿမိဳ႕နယ္၊ ကြၽန္းရင္း ေက်း႐ြာေျမာက္ဘက္၊ သရက္ေတာ-ဆင္ျဖဴကြၽန္းသြားေျမနီးလမ္း၏ ဝဲဘက္ျခမ္းဇရပ္အနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စလင္းၿမိဳ႕နယ္၊ ကံေ႐ႊကူေက်း႐ြာအုပ္စု၊ ပန္းျပင္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၅၅)ႏွစ္အ႐ြယ္ ေက်း႐ြာခြဲ တာဝန္ခံ ဦးလူျမင့္(ခ)ဦးမႈံစီ သည္ ၎၏ ေနအိမ္၌ရွိေနစဥ္ ေသနတ္မ်ားကိုင္ေဆာင္လာေသာ အၾကမ္းဖက္သမား (၄)ဦး က ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

အဆိုပါအၾကမ္းဖက္သမား(၄)ဦးက တာဝန္ခံရွိလားဟုေမးျမန္းကာ ဦးလူျမင့္(ခ)ဦးမႈံစီကို ထိုးႀကိတ္႐ိုက္ႏွက္ကာ လက္ျပန္ႀကိဳးတုတ္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လိုက္လံရွာေဖြခဲ့ရာ ဦးလူျမင့္(ခ)ဦးမႈံစီကို ယေန႔ နံနက္ ၇ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ အခင္းျဖစ္ေနရာ၌ လက္ျပန္ႀကိဳးတုတ္ခံရ၍ ဦးေခါင္းဝဲဘက္ထိပ္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ဝဲဘက္ပါး႐ိုးက်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္တို႔ျဖင့္ ဦးေႏွာက္ပြင့္ထြက္ကာ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းအား စလင္းၿမိဳ႕ျပည္သူ႔ ေဆး႐ုံသို႔ သယ္ယူပို႔ေဆာင္ထားရွိၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.