ဂါဇာအရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ အစ္စရေးအစိုးရ ကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်

 877

ဂျန်ဇက် (NP News) - မတ် ၂၆

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကြားနေမဲ ပေးခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ်က အခုလိုမျိုးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က အမေရိကန်နိုင်ငံကို အစ္စရေး ကိုယ်စားလှယ်အဖွဲ့စေလွှတ်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က "အမေရိကန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမဲခွဲဆုံးဖြတ်ရာမှာ ဗီတိုအာဏာ အသုံးပြု တာမျိုးမရှိခဲ့ဘူး။ အမေရိကန်ဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရပ်တည်ချက်တွေ ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်တယ်။ ဟားမက်စ်အဖွဲ့ဟာ ပြန်ပေးဆွဲထားသူတွေ ပြန်မလွှတ်ဘဲ အပစ်ခတ် ရပ်စဲရေးရယူနိုင်အောင် နိုင်ငံတကာဖိအားတွေကို အသုံးချဖို့ မျှော်လင့်ခဲ့တယ်" လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က အမေရိကန်ဟာ ဂါဇာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ချိန်အတွင်း အမေရိကန်နိုင်ငံကို ဗီတိုအာဏာအသုံးပြုဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နိုင်ငံအနေနဲ့ ဗီတိုအာဏာ အသုံးပြုမှုမရှိဘူးဆိုရင် ဂါဇာအရေးဆွေးနွေးဖို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံကို စေလွှတ်မှာမဟုတ်ဘူးလို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အစ္စရေးဝန်ကြီးချုပ်ရဲ့ထုတ်ပြန်ချက်တွေကို အံအားသင့်မိကြောင်း ပြောပါတယ်။

အပစ်ခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးက အမေရိကန်ရဲ့ရပ်တည်ချက်သဘောထားဖြစ်တဲ့ အတွက် ဗီတိုအာဏာမသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အစ္စရေးက အမေရိကန်နိုင်ငံရဲ့ အကူအညီများမရဘူးဆိုရင်လည်း ဟားမက်စ်အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
ဂါဇာအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ အစၥေရးအစိုးရ ၾကား သေဘာထားကြဲလြဲမႈမ်ား ျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - မတ္ ၂၆

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္ ႏိုင္ငံကို ကိုယ္စားလွယ္အဖြဲ႕ေစလႊတ္မယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း သိရပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံက ၾကားေနမဲ ေပးခဲ့ၿပီးေနာက္ အစၥေရး ဝန္ႀကီးခ်ဳပ္က အခုလိုမ်ိဳးဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္က အေမရိကန္ႏိုင္ငံကို အစၥေရး ကိုယ္စားလွယ္အဖြဲ႕ေစလႊတ္ေတာ့မွာ မဟုတ္ေၾကာင္း ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က "အေမရိကန္ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီမဲခြဲဆုံးျဖတ္ရာမွာ ဗီတိုအာဏာ အသုံးျပဳ တာမ်ိဳးမရွိခဲ့ဘူး။ အေမရိကန္ဟာ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ရပ္တည္ခ်က္ေတြ ေျပာင္းလဲသြားတာကို ရွင္းရွင္းလင္းလင္းျပသလိုက္တာျဖစ္တယ္။ ဟားမက္စ္အဖြဲ႕ဟာ ျပန္ေပးဆြဲထားသူေတြ ျပန္မလႊတ္ဘဲ အပစ္ခတ္ ရပ္စဲေရးရယူႏိုင္ေအာင္ ႏိုင္ငံတကာဖိအားေတြကို အသုံးခ်ဖို႔ ေမွ်ာ္လင့္ခဲ့တယ္" လို႔ ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က အေမရိကန္ဟာ ဂါဇာအေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မဲခြဲ ဆုံးျဖတ္ခ်ိန္အတြင္း အေမရိကန္ႏိုင္ငံကို ဗီတိုအာဏာအသုံးျပဳဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ ႏိုင္ငံအေနနဲ႔ ဗီတိုအာဏာ အသုံးျပဳမႈမရွိဘူးဆိုရင္ ဂါဇာအေရးေဆြးေႏြးဖို႔ အစၥေရးကိုယ္စားလွယ္အဖြဲ႕ကို အေမရိကန္ႏိုင္ငံကို ေစလႊတ္မွာမဟုတ္ဘူးလို႔လည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာခဲ့ပါတယ္။ အေမရိကန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕ထုတ္ျပန္ခ်က္ေတြကို အံအားသင့္မိေၾကာင္း ေျပာပါတယ္။

အပစ္ခတ္ရပ္စဲေရးနဲ႔ ဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေပးေရးက အေမရိကန္ရဲ႕ရပ္တည္ခ်က္သေဘာထားျဖစ္တဲ့ အတြက္ ဗီတိုအာဏာမသုံးစြဲခဲ့ျခင္းျဖစ္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ အစၥေရးက အေမရိကန္ႏိုင္ငံရဲ႕ အကူအညီမ်ားမရဘူးဆိုရင္လည္း ဟားမက္စ္အဖြဲ႕ကိုအျမစ္ျပတ္ေခ်မႈန္းသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.