"အလ္လာဟ်" စကားလုံးနဲ့ အလှဆင်ထားတဲ့ခြေအိတ် ရောင်းချမှုကြောင့် မလေးရှားမီနီမတ် တရားစွဲခံရ

 326

ရောင်နီ (NP News) - မတ် ၂၇

မလေးရှားနိုင်ငံရှိ မီနီမတ်ဆိုင်ခွဲတစ်ခုမှာ “အလ္လာဟ်” ဆိုတဲ့ စကားလုံးနဲ့ အလှဆင်ထားတဲ့ ခြေအိတ်အချို့ ရောင်းချ နေခြင်းကြောင့် အင်္ဂါနေ့ (မတ် ၂၆ ရက်) က ဘာသာရေးဆိုင်ရာထိခိုက်နာကျင်စေမှုနဲ့ တရားရုံးမှ တရားစွဲဆိုခဲ့ ပါတယ်။

အဆိုပါအမှုဟာ မလေးရှားဘုရင်ထံမှ ရှားရှားပါးပါး တော်ဝင်အပြစ်တင်မှုကို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ရမ်ဇာန်ဥပုသ်လအတွင်းမှာ ရောင်းချမှု ပြုလုပ်ခြင်းကြောင့် အချို့မွတ်စလင်တွေက ၎င်းတို့ကို စော်ကားတယ်လို့ ယူဆကာ ကန့်ကွတ်ခဲ့ပြီး လူမှုမီဒီယာမှာ အဆိုပါခြေအိတ်ပုံများ ပျံ့နှံ့ခဲ့ပါတယ်။

ဒါကြောင့် ပြည်တွင်းဆိုင်ခွဲ KK Super Mart ရဲ့ အမှုဆောင်အရာရှိချုပ် ချိုင်ကီကန် (၅၇) နှစ်နဲ့ ကုမ္ပဏီ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၎င်းရဲ့ဇနီးတို့ဟာ မွတ်စလင်အများစုနေထိုင်ရာနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာခံစားချက်တွေအပေါ် တမင်တကာ ထိခိုက်စေမှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ KK Super Mart က ခြေအိတ်တွေအတွက် တောင်းပန်ခဲ့ပြီး အဆိုပါကိစ္စကို အလေးအနက်ထားတဲ့အနေနဲ့ ရောင်းချ မှုကို ချက်ချင်းရပ်တန့်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စလာမ်ဘာသာဟာ မလေးရှားနိုင်ငံရဲ့တရားဝင်ဘာသာရေးဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၃၄ သန်းဟာ မလေး-မွတ်ဆလင်တွေဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
"အလႅာဟ္" စကားလုံးနဲ႔ အလွဆင္ထားတဲ့ေျခအိတ္ ေရာင္းခ်မႈေၾကာင့္ မေလးရွားမီနီမတ္ တရားစြဲခံရ
ေရာင္နီ (NP News) - မတ္ ၂၇

မေလးရွားႏိုင္ငံရွိ မီနီမတ္ဆိုင္ခြဲတစ္ခုမွာ “အလႅာဟ္” ဆိုတဲ့ စကားလုံးနဲ႔ အလွဆင္ထားတဲ့ ေျခအိတ္အခ်ိဳ႕ ေရာင္းခ် ေနျခင္းေၾကာင့္ အဂၤါေန႔ (မတ္ ၂၆ ရက္) က ဘာသာေရးဆိုင္ရာထိခိုက္နာက်င္ေစမႈနဲ႔ တရား႐ုံးမွ တရားစြဲဆိုခဲ့ ပါတယ္။

အဆိုပါအမႈဟာ မေလးရွားဘုရင္ထံမွ ရွားရွားပါးပါး ေတာ္ဝင္အျပစ္တင္မႈကို ခံခဲ့ရတဲ့အမႈလည္း ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ရမ္ဇာန္ဥပုသ္လအတြင္းမွာ ေရာင္းခ်မႈ ျပဳလုပ္ျခင္းေၾကာင့္ အခ်ိဳ႕မြတ္စလင္ေတြက ၎တို႔ကို ေစာ္ကားတယ္လို႔ ယူဆကာ ကန္႔ကြတ္ခဲ့ၿပီး လူမႈမီဒီယာမွာ အဆိုပါေျခအိတ္ပုံမ်ား ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဒါေၾကာင့္ ျပည္တြင္းဆိုင္ခြဲ KK Super Mart ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ခ်ိဳင္ကီကန္ (၅၇) ႏွစ္နဲ႔ ကုမၸဏီ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ၎ရဲ႕ဇနီးတို႔ဟာ မြတ္စလင္အမ်ားစုေနထိုင္ရာႏိုင္ငံအတြင္း ဘာသာေရးဆိုင္ရာခံစားခ်က္ေတြအေပၚ တမင္တကာ ထိခိုက္ေစမႈနဲ႔ တရားစြဲဆိုခဲ့တယ္လို႔ သိရပါတယ္။
၎တို႔ဟာ အျမင့္ဆုံး ေထာင္ဒဏ္ တစ္ႏွစ္ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္ပါတယ္။ KK Super Mart က ေျခအိတ္ေတြအတြက္ ေတာင္းပန္ခဲ့ၿပီး အဆိုပါကိစၥကို အေလးအနက္ထားတဲ့အေနနဲ႔ ေရာင္းခ် မႈကို ခ်က္ခ်င္းရပ္တန႔္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အစၥလာမ္ဘာသာဟာ မေလးရွားႏိုင္ငံရဲ႕တရားဝင္ဘာသာေရးျဖစ္ၿပီး ႏိုင္ငံလူဦးေရရဲ႕ ၃၄ သန္းဟာ မေလး-မြတ္ဆလင္ေတြျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.