မင်းလှမြို့နယ်တွင် PPP ပါတီ၏ မြို့နယ်ဥက္ကဋ္ဌကို အကြမ်းဖက်သမားက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်

 1136

Pearl (NP News) - မတ် ၂၇

မင်းလှမြို့နယ်တွင် PPP ပါတီ၏ မြို့နယ်ဥက္ကဋ္ဌကို အကြမ်းဖက်သမားက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၆ ရက်)၊ နေ့လည် (၃)နာရီခန့်က ပဲခူးတိုင်း၊ မင်းလှမြို့၊ စက်ကြီးတန်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းတွင်နေထိုင်သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ၏ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်အောင်(၄၄)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမားက ရောက်ရှိလာ၍ သေနတ်ဖြင့် (၁၂)ချက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

"အိမ်ထဲအထိ ဝင်ပြီးပစ်သွားတာ။ နေ့ခင်းကြောင်တောင်အချိန်မှာ မြို့လယ်ခေါင်လို့တောင် ပြောလို့ရတဲ့နေရာမှာ ဝင်လုပ်သွားတာက အတော်လွန်တယ်"ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်အောင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF အဖွဲ့)က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

zawgyi version
မင္းလွၿမိဳ႕နယ္တြင္ PPP ပါတီ၏ ၿမိဳ႕နယ္ဥကၠ႒ကို အၾကမ္းဖက္သမားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္

Pearl (NP News) - မတ္ ၂၇

မင္းလွၿမိဳ႕နယ္တြင္ PPP ပါတီ၏ ၿမိဳ႕နယ္ဥကၠ႒ကို အၾကမ္းဖက္သမားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၆ ရက္)၊ ေန႔လည္ (၃)နာရီခန႔္က ပဲခူးတိုင္း၊ မင္းလွၿမိဳ႕၊ စက္ႀကီးတန္းလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ လမ္းတြင္ေနထိုင္ေသာ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) ၏ ၿမိဳ႕နယ္ဥကၠ႒ျဖစ္သူ ဦးမ်ိဳးျမင့္ေအာင္(၄၄)ႏွစ္သည္ ၎၏ေနအိမ္၌ရွိေနစဥ္ အၾကမ္းဖက္သမားက ေရာက္ရွိလာ၍ ေသနတ္ျဖင့္ (၁၂)ခ်က္ခန႔္ ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။

"အိမ္ထဲအထိ ဝင္ၿပီးပစ္သြားတာ။ ေန႔ခင္းေၾကာင္ေတာင္အခ်ိန္မွာ ၿမိဳ႕လယ္ေခါင္လို႔ေတာင္ ေျပာလို႔ရတဲ့ေနရာမွာ ဝင္လုပ္သြားတာက အေတာ္လြန္တယ္"ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဦးမ်ိဳးျမင့္ေအာင္တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္အား မင္းလွၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (PDF အဖြဲ႕)က ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.