မြောက်ကိုရီးယား၏ တရားမဝင်ရေနံဝယ်ယူခြင်းကို တားဆီးရန်အတွက် လုပ်ငန်းအဖွဲ့အသစ်တစ်ခုကို အမေရိကန်နှင့်တောင်ကိုရီးယားတို့ဖွဲ့စည်း

 376

Pika (NP News) - မတ် ၂၇

အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားနိုင်ငံကို တရားမဝင်ရေနံဝယ်ယူခြင်းမှ တားဆီးပိတ်ပင်ရန်အတွက် ရည်ရွယ်သည့် လုပ်ငန်းအဖွဲ့အသစ်တစ်ခုကို ယခုသီတင်းပတ်တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

Enhanced Disruption Task Force (EDTF) ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဝါရှင်တန်ဒီစီမြို့တွင် မတ်လ(၂၆)ရက်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအစည်း အဝေးတွင် သံတမန်ရေးရာ၊ ထောက်လှမ်းရေး၊ ပိတ်ဆို့အရေးယူမှုများနှင့် ရေကြောင်းသွား လာမှု တားဆီးပိတ်ပင်ရေးဆိုင်ရာတာဝန်ခံ ဝန်ကြီးဌာနများနှင့် အေဂျင်စီများမှ အရာရှိ (၃၀)ကျော် ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရုရှားနိုင်ငံသည် မြောက်ကိုရီးယားသို့ သန့်စင်ပြီးသားရေနံများ ပေးပို့နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံကြား တရားမဝင်ပူးပေါင်းဆောင်ရွက်မှုများကို တားဆီးရန်အတွက် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် 'မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ဖွံ့ဖြိုးတိုးတက်မှုတွေ၊ စစ်ရေးအနေအထားတွေအတွက် ရေနံဟာ မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တစ်ခုပါ' ဟုရေးသားဖော်ပြထားသည်။ မြောက်ကိုရီးယား၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများအရ မြောက်ကိုရီးယားနိုင်ငံကို တစ်နှစ်လျှင် ရေနံစိမ်းစည်ပေါင်း(၄)သန်းနှင့် သန့်စင်ပြီးသားရေနံစည်(၅)သိန်းအထိသာ တင်သွင်းခွင့်ပြုထားကြောင်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံအားထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က စွပ်စွဲပြောဆိုထားသည်။သို့သော်လည်း အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ စွပ်စွဲပြောဆိုချက်များကို ရုရှားနှင့်မြောက်ကိုရီးယားတို့က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယား၏ တရားမဝင္ေရနံဝယ္ယူျခင္းကို တားဆီးရန္အတြက္ လုပ္ငန္းအဖြဲ႕အသစ္တစ္ခုကို အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔ဖြဲ႕စည္း
Pika (NP News) - မတ္ ၂၇

အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔သည္ ေျမာက္ကိုရီးယားႏိုင္ငံကို တရားမဝင္ေရနံဝယ္ယူျခင္းမွ တားဆီးပိတ္ပင္ရန္အတြက္ ရည္႐ြယ္သည့္ လုပ္ငန္းအဖြဲ႕အသစ္တစ္ခုကို ယခုသီတင္းပတ္တြင္ စတင္ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္းသိရသည္။

Enhanced Disruption Task Force (EDTF) ၏ ပထမဆုံးအႀကိမ္အစည္းအေဝးကို ဝါရွင္တန္ဒီစီၿမိဳ႕တြင္ မတ္လ(၂၆)ရက္က က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအစည္း အေဝးတြင္ သံတမန္ေရးရာ၊ ေထာက္လွမ္းေရး၊ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ေရေၾကာင္းသြား လာမႈ တားဆီးပိတ္ပင္ေရးဆိုင္ရာတာဝန္ခံ ဝန္ႀကီးဌာနမ်ားႏွင့္ ေအဂ်င္စီမ်ားမွ အရာရွိ (၃၀)ေက်ာ္ ပါဝင္ခဲ့ေၾကာင္း ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

႐ုရွားႏိုင္ငံသည္ ေျမာက္ကိုရီးယားသို႔ သန႔္စင္ၿပီးသားေရနံမ်ား ေပးပို႔ႏိုင္ေျခႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔က ေျပာဆိုခဲ့သည္။ ထို႔ျပင္ အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔သည္ ႐ုရွားႏွင့္ေျမာက္ကိုရီးယားႏိုင္ငံၾကား တရားမဝင္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တားဆီးရန္အတြက္ နည္းလမ္းမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ 'ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားနဲ႔ ဒုံးက်ည္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ၊ စစ္ေရးအေနအထားေတြအတြက္ ေရနံဟာ မရွိမျဖစ္လိုအပ္တဲ့ အရင္းအျမစ္တစ္ခုပါ' ဟုေရးသားေဖာ္ျပထားသည္။ ေျမာက္ကိုရီးယား၏န်ဴကလီးယားလက္နက္ႏွင့္ ဒုံးက်ည္အစီအစဥ္မ်ားအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ပိတ္ဆို႔အေရးယူမႈမ်ားအရ ေျမာက္ကိုရီးယားႏိုင္ငံကို တစ္ႏွစ္လွ်င္ ေရနံစိမ္းစည္ေပါင္း(၄)သန္းႏွင့္ သန႔္စင္ၿပီးသားေရနံစည္(၅)သိန္းအထိသာ တင္သြင္းခြင့္ျပဳထားေၾကာင္းသိရသည္။ ထို႔ျပင္ ေျမာက္ကိုရီးယားသည္ ယူကရိန္းစစ္ပြဲတြင္ အသုံးျပဳရန္အတြက္ စစ္လက္နက္ပစၥည္းမ်ားကို ႐ုရွားႏိုင္ငံအားေထာက္ပံ့ေပးခဲ့ေၾကာင္း အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔က စြပ္စြဲေျပာဆိုထားသည္။သို႔ေသာ္လည္း အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔က ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.