သီလဝါအထူးစီးပွားရေးဇုန်ရှိ ပုဂ္ဂလိကပိုင် ဆိုလာဓာတ်အားပေးစက်ရုံများမှ ပိုလျှံဓာတ်အားများကို တစ်ယူနစ်လျှင် ကျပ်(၈၀)ဝန်းကျင်ဖြင့် ဝယ်ယူရန် စီစဉ်နေ

 2768

ယွန်း (NP News) - မတ် ၂၇

သီလဝါအထူးစီးပွားရေးဇုန်ရှိ ပုဂ္ဂလိကပိုင် ဆိုလာဓာတ်အားပေးစက်ရုံများမှ ပိုလျှံဓာတ်အားများကို တစ်ယူနစ်လျှင် ကျပ်(၈၀)ဝန်းကျင်ဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၄ မဂ္ဂါဝပ်ခန့်အထိ ထွက်ရှိမည့် ဆိုလာစနစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကို နွေရာသီကာလများအတွက် အဆင့်လိုက် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် ဇုန်ကုမ္ပဏီ MJTD ကလည်း ဆိုလာစနစ်တပ်ဆင်ပြီးပါက အသုံးပြုနေသော ဝန်အားထက် ဆိုလာစနစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု ပိုနေချိန်များတွင် ချိတ်ဆက်ထားသည့် လျှပ်စစ်စွမ်းအားဝန် ကြီးဌာန၏ ဓာတ်အားလိုင်းမှတစ်ဆင့် ဇုန်အတွင်းရှိ အခြားစက်ရုံများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

“ သီလဝါအထူးစီးပွားရေးဇုန်ထဲမှာ စက်ရုံတွေရှိတယ်လေ။ အဲဒီစက်ရုံတွေက သူတို့ဆီမှာ တစ်နိုင်တစ်ပိုင်တပ်ထားတာကို စက်ရုံပိုင်ရှင်တွေက စုပြီးတော့ ပိုလျှံလို့ရောင်းချင်တယ်ဆိုရင် သတ်မှတ် ထားတဲ့နှုန်းထားအတိုင်းဝယ်မှာပေါ့။ အရင်တုန်းက ဓာတ်အားပိုလျှံရင် ဝယ်ယူမယ်ဆိုပြီး ကြေညာထား တာရှိတယ်လေ။ အဲဒီအစီအစဉ်အတိုင်းဝယ်သွား မှာပါ ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယင်းကဲ့သို့ ပိုလျှံဓာတ်အားများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပြန်လည်ရောင်းချရန် ပုဂ္ဂလိကကုမ္ပဏီများဘက်မှ တင်ပြလာသည့်အတွက် ယခင်ကြေညာထားသည့် သတ်မှတ်နှုန်းထားအတိုင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများမှ ဆိုလာစနစ်တပ်ဆင်ပြီး ပိုလျှံဓာတ်အားကို ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ ပြန်လည်ရောင်းချလိုပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။ သီလဝါအထူးစီးပွား ရေးဇုန်ရှိ စက်ရုံများမှ ပိုလျှံဓာတ်အားများကို ယခင်ကြေညာထားသည့် ဓာတ်အားခနှုန်းထားဖြစ်သည့် ၁၀ဝ ကီလို ဝပ်မှ ၁ မဂ္ဂါဝပ်အထိကို (၁) ယူနစ် ၈၅ ကျပ်နှင့် ၁ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အထိကို (၁)ယူနစ် ၈၀ ကျပ်နှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ် လျှင် စုစုပေါင်း အိမ်‌ခြေ(၃၅၀ဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းသည် (၃၇၈)ကီလို ဝပ်ခန့်ရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ ထို့ပြင် ပြည်သူများ တစ်နိုင်တစ်ပိုင် တပ်ဆင်ထား သည့် အသေးစားဆိုလာစနစ်မှ ပိုလျှံသောဓာတ်အားများကို ဝယ်ယူလိုကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ကြေညာခဲ့ဖူးသည်။ လတ် တလောတွင် နိုင်ငံတွင်း၌ ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်အနေ ဖြင့် ဓာတ်အားကို ထိန်းညှိ၍ ‌ဖြန့်ဖြူးပေးနေရပြီး လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ရန်ကုန်မြို့ အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းတို့တွင်လည်း ကြုံတွေ့နေရခြင်းကြောင့် စီးပွားရေးလုပ်ငန်း၊ ရုံးလုပ်ငန်းများ အပါအဝင် ပြည်သူလူထု၌ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိနေသည်။

zawgyi version
သီလဝါအထူးစီးပြားေရးဇုန္ရွိ ပုဂၢလိကပိုင္ ဆိုလာဓာတ္အားေပးစက္႐ုံမ်ားမွ ပိုလွ်ံဓာတ္အားမ်ားကို တစ္ယူနစ္လွ်င္ က်ပ္(၈၀)ဝန္းက်င္ျဖင့္ ဝယ္ယူရန္ စီစဥ္ေန
ယြန္း (NP News) - မတ္ ၂၇

သီလဝါအထူးစီးပြားေရးဇုန္ရွိ ပုဂၢလိကပိုင္ ဆိုလာဓာတ္အားေပးစက္႐ုံမ်ားမွ ပိုလွ်ံဓာတ္အားမ်ားကို တစ္ယူနစ္လွ်င္ က်ပ္(၈၀)ဝန္းက်င္ျဖင့္ ဝယ္ယူရန္ စီစဥ္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

သီလဝါအထူးစီးပြားေရးဇုန္အတြင္း၌ လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ၁၄ မဂၢါဝပ္ခန႔္အထိ ထြက္ရွိမည့္ ဆိုလာစနစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းကို ေႏြရာသီကာလမ်ားအတြက္ အဆင့္လိုက္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ထို႔ျပင္ ဇုန္ကုမၸဏီ MJTD ကလည္း ဆိုလာစနစ္တပ္ဆင္ၿပီးပါက အသုံးျပဳေနေသာ ဝန္အားထက္ ဆိုလာစနစ္မွ ဓာတ္အားထုတ္လုပ္ႏိုင္မႈ ပိုေနခ်ိန္မ်ားတြင္ ခ်ိတ္ဆက္ထားသည့္ လွ်ပ္စစ္စြမ္းအားဝန္ ႀကီးဌာန၏ ဓာတ္အားလိုင္းမွတစ္ဆင့္ ဇုန္အတြင္းရွိ အျခားစက္႐ုံမ်ားသို႔ ဓာတ္အားပို႔လႊတ္ ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

“ သီလဝါအထူးစီးပြားေရးဇုန္ထဲမွာ စက္႐ုံေတြရွိတယ္ေလ။ အဲဒီစက္႐ုံေတြက သူတို႔ဆီမွာ တစ္ႏိုင္တစ္ပိုင္တပ္ထားတာကို စက္႐ုံပိုင္ရွင္ေတြက စုၿပီးေတာ့ ပိုလွ်ံလို႔ေရာင္းခ်င္တယ္ဆိုရင္ သတ္မွတ္ ထားတဲ့ႏႈန္းထားအတိုင္းဝယ္မွာေပါ့။ အရင္တုန္းက ဓာတ္အားပိုလွ်ံရင္ ဝယ္ယူမယ္ဆိုၿပီး ေၾကညာထား တာရွိတယ္ေလ။ အဲဒီအစီအစဥ္အတိုင္းဝယ္သြား မွာပါ ” ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယင္းကဲ့သို႔ ပိုလွ်ံဓာတ္အားမ်ားႏွင့္ပတ္သက္၍ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းသို႔ ျပန္လည္ေရာင္းခ်ရန္ ပုဂၢလိကကုမၸဏီမ်ားဘက္မွ တင္ျပလာသည့္အတြက္ ယခင္ေၾကညာထားသည့္ သတ္မွတ္ႏႈန္းထားအတိုင္း ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါအထူးစီးပြားေရးဇုန္အတြင္းရွိ စက္႐ုံမ်ားမွ ဆိုလာစနစ္တပ္ဆင္ၿပီး ပိုလွ်ံဓာတ္အားကို ဓာတ္အား ျဖန႔္ျဖဴးေရးလိုင္းမ်ားမွတစ္ဆင့္ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းသို႔ ျပန္လည္ေရာင္းခ်လိုပါက လိုက္နာေဆာင္႐ြက္ရမည့္ နည္းလမ္းမ်ားကိုလည္း ေရးဆြဲထားၿပီးျဖစ္ေၾကာင္း သိရသည္။ သီလဝါအထူးစီးပြား ေရးဇုန္ရွိ စက္႐ုံမ်ားမွ ပိုလွ်ံဓာတ္အားမ်ားကို ယခင္ေၾကညာထားသည့္ ဓာတ္အားခႏႈန္းထားျဖစ္သည့္ ၁၀ဝ ကီလို ဝပ္မွ ၁ မဂၢါဝပ္အထိကို (၁) ယူနစ္ ၈၅ က်ပ္ႏွင့္ ၁ မဂၢါဝပ္မွ ၁၀ မဂၢါဝပ္အထိကို (၁)ယူနစ္ ၈၀ က်ပ္ႏႈန္းျဖင့္ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္ လွ်င္ စုစုေပါင္း အိမ္‌ေျခ(၃၅၀ဝ)ခန႔္ကို လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ၿပီး ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္တြင္ တစ္ဦးခ်င္းပ်မ္းမွ် လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈႏႈန္းသည္ (၃၇၈)ကီလို ဝပ္ခန႔္ရွိခဲ့ေၾကာင္း လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနမွ သိရသည္။ ထို႔ျပင္ ျပည္သူမ်ား တစ္ႏိုင္တစ္ပိုင္ တပ္ဆင္ထား သည့္ အေသးစားဆိုလာစနစ္မွ ပိုလွ်ံေသာဓာတ္အားမ်ားကို ဝယ္ယူလိုေၾကာင္းကို ရန္ကုန္လွ်ပ္စစ္ဓာတ္ အားေပးေရးေကာ္ပိုေရးရွင္းက ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္အတြင္းက ေၾကညာခဲ့ဖူးသည္။ လတ္ တေလာတြင္ ႏိုင္ငံတြင္း၌ ဓာတ္အား ထုတ္လုပ္မႈႏွင့္ သုံးစြဲမႈမမွ်တျခင္းေၾကာင့္ ႏိုင္ငံေတာ္အေန ျဖင့္ ဓာတ္အားကို ထိန္းညႇိ၍ ‌ျဖန႔္ျဖဴးေပးေနရၿပီး လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈကို ရန္ကုန္ၿမိဳ႕ အပါအဝင္ အျခားေသာ ျပည္နယ္ႏွင့္ တိုင္းတို႔တြင္လည္း ႀကဳံေတြ႕ေနရျခင္းေၾကာင့္ စီးပြားေရးလုပ္ငန္း၊ ႐ုံးလုပ္ငန္းမ်ား အပါအဝင္ ျပည္သူလူထု၌ အခက္အခဲမ်ားစြာျဖစ္ေပၚလ်က္ရွိေနသည္။

Related news

© 2021. All rights reserved.