မော်စကိုရှိ ပြဇာတ်ရုံကိုတိုက်ခိုက်ခဲ့သော သေနတ်သမားများကို အနောက်အုပ်စု၏ အထူးဝန်ဆောင်မှုအဖွဲ့များက အကူအညီများပေးခဲ့ဟု ရုရှားအစိုးရပြော

 3265

Pika (NP News) - မတ် ၂၇

ပြီးခဲ့သည့်သီတင်းပတ်တွင် မော်စကိုမြို့ရှိ ပြဇာတ်ရုံကို တိုက်ခိုက်ခဲ့သော သေနတ်သမားများကို အနောက်အုပ်စုနှင့်ယူကရိန်းတို့၏ အထူးဝန်ဆောင်မှုအဖွဲ့များက အကူအညီပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီ အကြီးအကဲက မတ်လ (၂၆)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

မတ်လ(၂၂)ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ယူကရိန်းက တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေကြောင်း ရုရှားဖက်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အစွန်းရောက်အစ္စလာမ်မစ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ရုရှားသမ္မတပူတင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ရုရှား၏ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီ အကြီး အကဲ အလက်ဇန်းဒါးဘော့တ်နီကို့ဗ်က 'ဒီလုပ်ရပ်ကို အစွန်းရောက်အစ္စလာမ်မစ်တွေက ကိုယ်တိုင်ပြင်ဆင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အနောက်အုပ်စုရဲ့ အထူးဝန် ဆောင်မှုအဖွဲ့တွေက အကူအညီတွေပေးအပ်ခဲ့ပြီး ယူကရိန်းရဲ့ အထူးဝန်ဆောင်မှုအဖွဲ့တွေက တိုက်ရိုက်ပါဝင်ပတ်သက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်'ဟုပြောဆိုခဲ့သည်။

ထို့ပြင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော သေနတ်သမားများသည် ယူကရိန်းနယ်စပ်ဖြတ်ကျော်ကာ ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း အလက်ဇန်းဒါးဘော့တ်နီကို့ဗ်က ပြောကြားခဲ့သည်။ ၎င်းက 'အခြားတစ်ဖက်မှာတော့ သူတို့ကို သူရဲကောင်းတွေအဖြစ် သတ်မှတ်ကြမှာပါ။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ အမိန့်ပေးတဲ့သူကို လက်ရှိအချိန်အထိတော့ ဖော်ထုတ်နိုင်ခြင်းမျိုးမရှိသေးပါဘူး'ဟု ပြောဆိုခဲ့သည်။

zawgyi version
ေမာ္စကိုရွိ ျပဇာတ္႐ုံကိုတိုက္ခိုက္ခဲ့ေသာ ေသနတ္သမားမ်ားကို အေနာက္အုပ္စု၏ အထူးဝန္ေဆာင္မႈအဖြဲ႕မ်ားက အကူအညီမ်ားေပးခဲ့ဟု ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂၇

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေမာ္စကိုၿမိဳ႕ရွိ ျပဇာတ္႐ုံကို တိုက္ခိုက္ခဲ့ေသာ ေသနတ္သမားမ်ားကို အေနာက္အုပ္စုႏွင့္ယူကရိန္းတို႔၏ အထူးဝန္ေဆာင္မႈအဖြဲ႕မ်ားက အကူအညီေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွား၏ဖက္ဒရယ္လုံၿခဳံေရးဝန္ေဆာင္မႈေအဂ်င္စီ အႀကီးအကဲက မတ္လ (၂၆)ရက္တြင္ စြပ္စြဲေျပာဆိုခဲ့သည္။

မတ္လ(၂၂)ရက္က ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈတြင္ ယူကရိန္းက တစ္နည္းနည္းျဖင့္ ပါဝင္ပတ္သက္ေနေၾကာင္း ႐ုရွားဖက္က အႀကိမ္ႀကိမ္စြပ္စြဲေျပာဆိုခဲ့သည္။ အဆိုပါတိုက္ခိုက္မႈကို အစြန္းေရာက္အစၥလာမ္မစ္မ်ားက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ႐ုရွားသမၼတပူတင္က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ ႐ုရွား၏ဖက္ဒရယ္လုံၿခဳံေရးဝန္ေဆာင္မႈေအဂ်င္စီ အႀကီး အကဲ အလက္ဇန္းဒါးေဘာ့တ္နီကို႔ဗ္က 'ဒီလုပ္ရပ္ကို အစြန္းေရာက္အစၥလာမ္မစ္ေတြက ကိုယ္တိုင္ျပင္ဆင္ထားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ အေနာက္အုပ္စုရဲ႕ အထူးဝန္ ေဆာင္မႈအဖြဲ႕ေတြက အကူအညီေတြေပးအပ္ခဲ့ၿပီး ယူကရိန္းရဲ႕ အထူးဝန္ေဆာင္မႈအဖြဲ႕ေတြက တိုက္႐ိုက္ပါဝင္ပတ္သက္ေနတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္'ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ေသာ ေသနတ္သမားမ်ားသည္ ယူကရိန္းနယ္စပ္ျဖတ္ေက်ာ္ကာ ထြက္ေျပးရန္ႀကိဳးပမ္းခဲ့ေၾကာင္း အလက္ဇန္းဒါးေဘာ့တ္နီကို႔ဗ္က ေျပာၾကားခဲ့သည္။ ၎က 'အျခားတစ္ဖက္မွာေတာ့ သူတို႔ကို သူရဲေကာင္းေတြအျဖစ္ သတ္မွတ္ၾကမွာပါ။ ဒီတိုက္ခိုက္မႈကို လုပ္ေဆာင္ဖို႔ အမိန႔္ေပးတဲ့သူကို လက္ရွိအခ်ိန္အထိေတာ့ ေဖာ္ထုတ္ႏိုင္ျခင္းမ်ိဳးမရွိေသးပါဘူး'ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.