ပါကစ္စတန်နိုင်ငံတွင် တရုတ်အင်ဂျင်နီယာများလိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက်ခံရပြီး လူ(၆)ဦးသေဆုံး

 654

Pika (NP News) - မတ် ၂၇

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရေကာတာစီမံကိန်းအတွက် လုပ်ဆောင်နေသော တရုတ်အင်ဂျင်နီယာများလိုက်ပါလာသည့် ယာဉ်တန်းကို အသေခံဗုံးခွဲသမားတစ်ဦးက ကားဖြင့်ဝင်တိုက်ကာ အသေခံဗုံးခွဲခဲ့ခြင်းကြောင့် လူ(၆)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း တရုတ်၏ အကျိုး စီးပွားကို ပစ်မှတ်ထားသည့် တတိယအကြိမ်မြောက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ယခင်တိုက်ခိုက်မှုနှစ်ခုမှာ အခြေခံအဆောက်အအုံ ပရောဂျက်များတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် ဘလိုချီစတန်ပြည်နယ်ရှိ တရုတ်က အသုံးပြုနေသော မဟာဗျူဟာမြောက်ဆိပ်ကမ်းတစ်ခုနှင့် ပါကစ္စတန်ရေတပ်၏ လေတပ်အခြေစိုက်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်အင်ဂျင်နီယာများသည် Islamabad မြို့မှ Khyber Pakhtunkhwa ပြည်နယ် Dasu မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားနေသည့်အချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းရဲမှူးချုပ် Mohammad Ali Gandapur ကပြောကြားခဲ့သည်။၎င်းက 'ဒီတိုက်ခိုက်မှုအတွင်း ပါကစ္စတန်နိုင်ငံသားယာဉ်မောင်းနဲ့ တရုတ်နိုင်ငံသား(၅)ဦးတို့ သေဆုံးခဲ့ပါတယ်'ဟု ပြောဆိုခဲ့သည်။ Dasu မြို့သည် အဓိကဆည်ကြီးတစ်ခု၏ နေရာဖြစ်ပြီး ယခင်ကတည်းက တိုက်ခိုက်မှုများကိုခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် ဘတ်စ်ကားတစ်စီးပေါက်ကွဲခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသား(၉)ဦးအပါအဝင် လူ(၁၃)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။

မတ်လ(၂၆)ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည်ဆိုသည့်အချက်များကို မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။

zawgyi version
ပါကစၥတန္ႏိုင္ငံတြင္ တ႐ုတ္အင္ဂ်င္နီယာမ်ားလိုက္ပါလာသည့္ ယာဥ္တန္းတိုက္ခိုက္ခံရၿပီး လူ(၆)ဦးေသဆုံး
Pika (NP News) - မတ္ ၂၇

ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ေရကာတာစီမံကိန္းအတြက္ လုပ္ေဆာင္ေနေသာ တ႐ုတ္အင္ဂ်င္နီယာမ်ားလိုက္ပါလာသည့္ ယာဥ္တန္းကို အေသခံဗုံးခြဲသမားတစ္ဦးက ကားျဖင့္ဝင္တိုက္ကာ အေသခံဗုံးခြဲခဲ့ျခင္းေၾကာင့္ လူ(၆)ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

အဆိုပါတိုက္ခိုက္မႈသည္ ပါကစၥတန္ႏိုင္ငံတြင္ ယခုသီတင္းပတ္အတြင္း တ႐ုတ္၏ အက်ိဳး စီးပြားကို ပစ္မွတ္ထားသည့္ တတိယအႀကိမ္ေျမာက္တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ယခင္တိုက္ခိုက္မႈႏွစ္ခုမွာ အေျခခံအေဆာက္အအုံ ပေရာဂ်က္မ်ားတြင္ တ႐ုတ္ႏိုင္ငံက အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ဘလိုခ်ီစတန္ျပည္နယ္ရွိ တ႐ုတ္က အသုံးျပဳေနေသာ မဟာဗ်ဴဟာေျမာက္ဆိပ္ကမ္းတစ္ခုႏွင့္ ပါကစၥတန္ေရတပ္၏ ေလတပ္အေျခစိုက္စခန္းတို႔ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

တ႐ုတ္အင္ဂ်င္နီယာမ်ားသည္ Islamabad ၿမိဳ႕မွ Khyber Pakhtunkhwa ျပည္နယ္ Dasu ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ သြားေနသည့္အခ်ိန္တြင္ ယခုကဲ့သို႔ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသတြင္းရဲမႉးခ်ဳပ္ Mohammad Ali Gandapur ကေျပာၾကားခဲ့သည္။၎က 'ဒီတိုက္ခိုက္မႈအတြင္း ပါကစၥတန္ႏိုင္ငံသားယာဥ္ေမာင္းနဲ႔ တ႐ုတ္ႏိုင္ငံသား(၅)ဦးတို႔ ေသဆုံးခဲ့ပါတယ္'ဟု ေျပာဆိုခဲ့သည္။ Dasu ၿမိဳ႕သည္ အဓိကဆည္ႀကီးတစ္ခု၏ ေနရာျဖစ္ၿပီး ယခင္ကတည္းက တိုက္ခိုက္မႈမ်ားကိုခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ ၂၀၂၁ ခုႏွစ္တြင္ ဘတ္စ္ကားတစ္စီးေပါက္ကြဲခဲ့ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံသား(၉)ဦးအပါအဝင္ လူ(၁၃)ဦးေသဆုံးခဲ့ဖူးေၾကာင္းသိရသည္။

မတ္လ(၂၆)ရက္က ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး တာဝန္ရွိသည္ဆိုသည့္အခ်က္မ်ားကို မည္သည့္အၾကမ္းဖက္အဖြဲ႕အစည္းကမွ ထုတ္ျပန္ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.