အင်းစိန်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်သည့် အတွက် ကားပေါ်ပါခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ (၂)ဦးစိုးရိမ်ရ

 761

သန့်ဇင် (NP News) - မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်သည့်အတွက် ခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၇ ရက်)၊ မွန်းလွဲ ၁နာရီ၊ မိနစ် ၄၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်၊ ရွှေဘုန်းပွင့် Showroom ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“YBS က မြို့ထဲကနေ လှိုင်သာယာဘက်ကို ဆင်းလာတာ။ အဲဒီမှာဘရိတ်ပေါက်ပြီး လမ်းဘေးက ဓာတ်တိုင်ကိုဝင်တိုက်မိတာပါ။ ယာဉ်မောင်းကတော့ တိုက်မိပြီးထွက်ပြေးသွားတယ်။ ခရီးသည်တွေကတော့ (၁၁)ယောက်ဒဏ်ရာရတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် YBS ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် လူ(၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရှိသူ(၁၁)ဦးအနက် အသက်(၃၀)နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

“(၂)ဦးက စိုးရိမ်ရတယ်။ ကျန်တဲ့လူတွေကတော့ သိပ်မစိုးရိမ်ရပါဘူး။ ဒဏ်ရာရတဲ့အထဲမှာ (၁၀)နှစ်ဝန်းကျင် ကလေးတစ်ယောက်လည်းပါတယ်။ သူကမစိုးရိမ်ရဘူး။ ဒဏ်ရာရတဲ့လူတွေထဲကမှ ဆေးရုံတင်ရတာက(၈)ယောက်ပါ။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာက စစ်ဆေးဆဲပေါ့။ အကြံပြုချင်တာကတော့ YBS တွေက လမ်းကြပ်ရင် အလုအယက်မောင်းကြတယ်။ အဲဒီလိုမျိုးတွေက အမြဲလိုလိုဖြစ်နေတော့ စည်းမဲ့ကမ်းမဲ့မမောင်းဖို့ပြောချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္တြင္ YBS ယာဥ္တစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးဓာတ္တိုင္ဝင္တိုက္သည့္ အတြက္ ကားေပၚပါခရီးသည္(၁၁)ဦး ထိခိုက္ဒဏ္ရာရခဲ့ရာ (၂)ဦးစိုးရိမ္ရ
သန႔္ဇင္ (NP News) - မတ္ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ YBS ယာဥ္တစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးဓာတ္တိုင္ကို ဝင္တိုက္သည့္အတြက္ ခရီးသည္(၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၇ ရက္)၊ မြန္းလြဲ ၁နာရီ၊ မိနစ္ ၄၀အခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းေပၚ၊ ေ႐ႊဘုန္းပြင့္ Showroom ေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“YBS က ၿမိဳ႕ထဲကေန လႈိင္သာယာဘက္ကို ဆင္းလာတာ။ အဲဒီမွာဘရိတ္ေပါက္ၿပီး လမ္းေဘးက ဓာတ္တိုင္ကိုဝင္တိုက္မိတာပါ။ ယာဥ္ေမာင္းကေတာ့ တိုက္မိၿပီးထြက္ေျပးသြားတယ္။ ခရီးသည္ေတြကေတာ့ (၁၁)ေယာက္ဒဏ္ရာရတယ္”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ YBS ယာဥ္ေပၚတြင္လိုက္ပါလာသည့္ ခရီးသည္မ်ားအနက္ လူ(၁၁)ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ထိခိုက္ဒဏ္ရာရွိသူ(၁၁)ဦးအနက္ အသက္(၃၀)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔မွာဒဏ္ရာျပင္းထန္ၿပီး အသက္အႏၲရာယ္စိုးရိမ္ရေၾကာင္း သိရသည္။

“(၂)ဦးက စိုးရိမ္ရတယ္။ က်န္တဲ့လူေတြကေတာ့ သိပ္မစိုးရိမ္ရပါဘူး။ ဒဏ္ရာရတဲ့အထဲမွာ (၁၀)ႏွစ္ဝန္းက်င္ ကေလးတစ္ေယာက္လည္းပါတယ္။ သူကမစိုးရိမ္ရဘူး။ ဒဏ္ရာရတဲ့လူေတြထဲကမွ ေဆး႐ုံတင္ရတာက(၈)ေယာက္ပါ။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ သက္ဆိုင္ရာက စစ္ေဆးဆဲေပါ့။ အႀကံျပဳခ်င္တာကေတာ့ YBS ေတြက လမ္းၾကပ္ရင္ အလုအယက္ေမာင္းၾကတယ္။ အဲဒီလိုမ်ိဳးေတြက အၿမဲလိုလိုျဖစ္ေနေတာ့ စည္းမဲ့ကမ္းမဲ့မေမာင္းဖို႔ေျပာခ်င္ပါတယ္”ဟု ၎ကဆက္ေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို တြဲလက္လူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.