ကလေး(၆)ဦးတွင် အနည်းဆုံး တစ်ဦးက ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်မှုကို ခံနေရကြောင်း WHO ပြော

 553

Pika (NP News) - မတ် ၂၇

၂၀၂၂ ခုနှစ်တွင် အသက်(၁၁)နှစ်အရွယ်မှ (၁၅)နှစ်ကြားရှိ ကလေးငယ်များ၏ (၁၆)ရာခိုင်နှုန်းခန့်သည် ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရပြီး ပြီးခဲ့သည့်လေးနှစ်က ဖြစ်ပွားခဲ့သော (၁၃)ရာခိုင်နှုန်းထက် ပိုမိုမြင့်တက် လာကြောင်း နိုင်ငံပေါင်း(၄၄)နိုင်ငံ၏ စစ်တမ်းကို ကောက်ယူပြီး WHO Europe က မတ်လ(၂၇)ရက်တွင် ထုတ်ဖော် ပြောခဲ့သည်။

ဥရောပဆိုင်ရာ WHO ၏ ဒေသဆိုင်ရာဒါရိုက်တာ Hans Kluge က “ဒီအစီရင်ခံစာဟာ အချိန်တိုင်း၊ နေရာတိုင်းမှာ အနိုင်ကျင့်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့အားလုံးကို သတိပေးတာမျိုးပဲဖြစ်ပါ တယ်” ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း ယောကျာ်းလေးများ၏ (၁၅)ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏(၁၆)ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ်ခန့် ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရကြောင်း လေ့လာမှုစစ်တမ်းအရ သိရသည်။ အဆိုပါအနိုင်ကျင့်ခြိမ်းခြောက်မှုများကြောင့် ဆယ်ကျော်သက်များ အချင်းချင်းကြားတွင် ဆက်ဆံပုံများ ပြောင်းလဲလာကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် “ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားပြီးတော့ lockdown ကာလအတွင်း လူငယ်တွေရဲ့ကမ္ဘာဟာ အတုအယောင်တွေထဲမှာ ရှိနေခဲ့ပြီးတဲ့နောက်မှာတော့ ရွယ်တူချင်းအကြမ်းဖက်မှုတွေ ပိုများလာခဲ့ပါတယ်” ဟု ရေးသားထားသည်။

ထို့အပြင် အခြားအနိုင်ကျင့်မှုများသည်လည်း ရာခိုင်နှုန်း အနည်းငယ် တိုးလာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် လများအတွင်း ယောကျာ်းလေးများနှင့် မိန်းကလေးများ၏ (၁၁)ရာခိုင်နှုန်းသည် ကျောင်းတွင် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ခန့် အနိုင်ကျင့်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်လေးနှစ်က ကျောင်းတွင်း အနိုင်ကျင့်ခံရမှုများမှာ (၁၀)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။ ဘူလ်ဂေးရီးယား၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဗာ နှင့် ပိုလန်နိုင်ငံတို့ရှိ ယောကျာ်းလေးများသည် ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက်ခံရမှု အမြင့်ဆုံးအဆင့်ကို ခံခဲ့ရပြီး ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်ခံရမှု အနည်းဆုံးမှာ စပိန်နိုင်ငံဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ် အချက်အလက်များကို WHO က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version
ကေလး(၆)ဦးတြင္ အနည္းဆုံး တစ္ဦးက ဆိုက္ဘာအႏိုင္က်င့္ၿခိမ္းေျခာက္မႈကို ခံေနရေၾကာင္း WHO ေျပာ
Pika (NP News) - မတ္ ၂၇

၂၀၂၂ ခုႏွစ္တြင္ အသက္(၁၁)ႏွစ္အ႐ြယ္မွ (၁၅)ႏွစ္ၾကားရွိ ကေလးငယ္မ်ား၏ (၁၆)ရာခိုင္ႏႈန္းခန႔္သည္ ဆိုက္ဘာ အႏိုင္က်င့္ၿခိမ္းေျခာက္မႈမ်ားကို ခံခဲ့ရၿပီး ၿပီးခဲ့သည့္ေလးႏွစ္က ျဖစ္ပြားခဲ့ေသာ (၁၃)ရာခိုင္ႏႈန္းထက္ ပိုမိုျမင့္တက္ လာေၾကာင္း ႏိုင္ငံေပါင္း(၄၄)ႏိုင္ငံ၏ စစ္တမ္းကို ေကာက္ယူၿပီး WHO Europe က မတ္လ(၂၇)ရက္တြင္ ထုတ္ေဖာ္ ေျပာခဲ့သည္။

ဥေရာပဆိုင္ရာ WHO ၏ ေဒသဆိုင္ရာဒါ႐ိုက္တာ Hans Kluge က “ဒီအစီရင္ခံစာဟာ အခ်ိန္တိုင္း၊ ေနရာတိုင္းမွာ အႏိုင္က်င့္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ကြၽန္ေတာ္တို႔အားလုံးကို သတိေပးတာမ်ိဳးပဲျဖစ္ပါ တယ္” ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္လမ်ားအတြင္း ေယာက်ာ္းေလးမ်ား၏ (၁၅)ရာခိုင္ႏႈန္း ႏွင့္ မိန္းကေလးမ်ား၏(၁၆)ရာခိုင္ႏႈန္းသည္ အနည္းဆုံး တစ္ႀကိမ္ခန႔္ ဆိုက္ဘာအႏိုင္က်င့္ၿခိမ္းေျခာက္မႈမ်ားကို ခံခဲ့ရေၾကာင္း ေလ့လာမႈစစ္တမ္းအရ သိရသည္။ အဆိုပါအႏိုင္က်င့္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ဆယ္ေက်ာ္သက္မ်ား အခ်င္းခ်င္းၾကားတြင္ ဆက္ဆံပုံမ်ား ေျပာင္းလဲလာေၾကာင္း ကုလသမဂၢက ေျပာၾကားခဲ့သည္။

အစီရင္ခံစာတြင္ “ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားၿပီးေတာ့ lockdown ကာလအတြင္း လူငယ္ေတြရဲ႕ကမာၻဟာ အတုအေယာင္ေတြထဲမွာ ရွိေနခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ႐ြယ္တူခ်င္းအၾကမ္းဖက္မႈေတြ ပိုမ်ားလာခဲ့ပါတယ္” ဟု ေရးသားထားသည္။

ထို႔အျပင္ အျခားအႏိုင္က်င့္မႈမ်ားသည္လည္း ရာခိုင္ႏႈန္း အနည္းငယ္ တိုးလာခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ လမ်ားအတြင္း ေယာက်ာ္းေလးမ်ားႏွင့္ မိန္းကေလးမ်ား၏ (၁၁)ရာခိုင္ႏႈန္းသည္ ေက်ာင္းတြင္ တစ္လလွ်င္ အနည္းဆုံး ႏွစ္ႀကိမ္ (သို႔မဟုတ္) သုံးႀကိမ္ခန႔္ အႏိုင္က်င့္ခံခဲ့ရေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ေလးႏွစ္က ေက်ာင္းတြင္း အႏိုင္က်င့္ခံရမႈမ်ားမွာ (၁၀)ရာခိုင္ႏႈန္းသာရွိခဲ့ေၾကာင္း သိရသည္။ ဘူလ္ေဂးရီးယား၊ လစ္သူေယးနီးယား၊ ေမာ္လ္ဒိုဗာ ႏွင့္ ပိုလန္ႏိုင္ငံတို႔ရွိ ေယာက်ာ္းေလးမ်ားသည္ ဆိုက္ဘာ အႏိုင္က်င့္ၿခိမ္းေျခာက္ခံရမႈ အျမင့္ဆုံးအဆင့္ကို ခံခဲ့ရၿပီး ဆိုက္ဘာအႏိုင္က်င့္ၿခိမ္းေျခာက္ခံရမႈ အနည္းဆုံးမွာ စပိန္ႏိုင္ငံျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္သည့္ ေနာက္ထပ္အေသးစိတ္ အခ်က္အလက္မ်ားကို WHO က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.