နိုင်ငံပေါင်း (၁၅၀) ကျော် ပါဝင်လုပ်ဆောင်မယ့် တရုတ်နိုင်ငံရဲ့ပိုးလမ်းမရပ်ဝန်းစီမံကိန်း (ဘာသာပြန်ဆောင်းပါး)

 1114

Pika (NP News) - မတ် ၂၇

ပိုးလမ်းမရပ်ဝန်းစီမံကိန်း (BRI)သည် နိုင်ငံပေါင်း (၁၅၀)ကျော် နှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံ ရန်အတွက် ၂၀၁၃ ခုနှစ်တွင် တရုတ်အစိုးရက ဖော်ဆောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး နည်းဗျူဟာတစ်ခုဖြစ်သည်။

ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိက အရေးပါသော အချက်တစ်ခုဖြစ်သည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ မြင့်တက် လာသော ဩဇာအာဏာ၊ အဆင့်အတန်းနှင့်အညီ ကမ္ဘာ့ရေးရာကိစ္စများတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍကို ရရှိရန်အတွက် သမ္မတရှီကျင့်ဖျင်၏ "Major Country Diplomacy" နည်းဗျူဟာ၏ အဓိကကျသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အမေရိကန်၏ Marshall Plan နှင့် ပိုးလမ်းမရပ်ဝန်းစီမံကိန်းကို နှိုင်းယှဉ်မှုများလည်း ရှိနေကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပိုးလမ်းမရပ်ဝန်းစီမံကိန်းတွင် ပါဝင်ရန်အတွက် နိုင်ငံပေါင်း(၁၅၅)နိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်သည်။ တရုတ်နိုင်ငံက ဦးဆောင်သော ပိုးလမ်းမရပ်ဝန်းစီမံကိန်းမှာ ပါဝင်သောနိုင်ငံများ တွင် ကမ္ဘာ့လူဦးရေ၏ (၇၅) ရာခိုင်နှုန်းကျော်နီးပါး ပါဝင်ပြီး ကမ္ဘာ့ဂျီဒီပီ၏ ထက်ဝက်ကျော်ရှိကြောင်းလည်း သိရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ကာဇက်စတန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အချိန်အတွင်း ပိုးလမ်းမရပ်ဝန်း စီမံကိန်းကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ ပိုးလမ်းမရပ်ဝန်း စီမံကိန်းတွင် ဆိပ်ကမ်းများ၊ မိုးမျှော်တိုက်များ၊ ရထားလမ်းများ၊ လမ်းများ၊ တံတားများ၊ လေဆိပ်များ၊ ဆည်များ၊ ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံများ နှင့် ရထားလမ်းဥမင်လိုဏ်ခေါင်းများပါဝင်သည်။

ပိုးလမ်းမရပ်ဝန်းစီမံကိန်းဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တရားဝင်ထည့်သွင်းခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရသည် ပိုးလမ်းမရပ်ဝန်းစီမံကိန်းကို ဒေသတွင်း ချိတ်ဆက်မှုများ ပိုမိုမြှင့်တင်ရန်နှင့် တောက်ပသောအနာဂတ်ကို ရရှိရန်အတွက် ကြိုးပမ်းမှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
အဆိုပါစီမံကိန်း ပြီးဆုံးမည့် ရည်မှန်းချက်ရက်စွဲမှာ ၂၀၄၉ ခုနှစ်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင် သည့် နှစ်တစ်ရာပြည့်အချိန်နှင့် တိုက်ဆိုင်မည် လည်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က ပြုလုပ်သော လေ့လာမှု အများအပြားတွင် ပိုးလမ်းမရပ်ဝန်း စီမံကိန်းသည် ပါဝင်သည့်နိုင်ငံပေါင်း(၁၅၅)နိုင်ငံတွင် ကုန်သွယ်စီးဆင်းမှုကို (၄ ဒသမ ၁) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ကုန်ကျစရိတ်ကို (၁ ဒသမ ၁) ရာခိုင်နှုန်းမှ (၂ ဒသမ ၂) ရာခိုင်နှုန်းထိ လျော့ကျစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါစီမံကိန်းသည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂျီဒီပီကို (၂ ဒသမ ၆) ရာခိုင်နှုန်းမှ (၃ ဒသမ ၉) ရာခိုင်နှုန်းအထိ တိုးမြင့်လာစေနိုင်ကြောင်း လေ့လာမှုတွင် ထပ်မံ ဖော်ပြထားသည်။ တရုတ်အစိုးရ၏ ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် ၂၀၄၀ ပြည့်နှစ်တွင် ကမ္ဘာ့ဂျီဒီပီကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၇ ဒသမ ၁) ထရီလီယံအထိ တိုးလာစေမည်ဖြစ်သလို ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ သည် ကမ္ဘာ့ကုန်သွယ်မှုကိုထိန်းထားနိုင်သောပဋိပက္ခများကို လျှော့ချပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရှိလာမည်ဖြစ်ကြောင်း လန်ဒန်မြို့အခြေစိုက် စီးပွားရေးသုတေသနစင်တာ(CEBR)၏ ပြောကြားချက်အရ သိရသည်။

ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် တိုးတက်မှုများရှိကာ အရှိန်ရလာမည်ဆိုပါက နောက်ထပ်နိုင်ငံများကို ပူးပေါင်း ပါဝင်ရန် ဆွဲဆောင်နိုင်ဖွယ်ရှိနေကြောင်း CEBR ကထပ်မံ ပြောကြားခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလုံး ဆိုင်ရာ ဂျီဒီပီကိုမြှင့်တင်နိုင်မည့် ၎င်း၏အလားအလာများနှင့်ပတ်သက်ပြီး ပိုးလမ်းမရပ်ဝန်း စီမံကိန်းကို ထောက်ခံသူများက ချီးကျူးခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများ ရှိလာနိုင်မှုအပေါ် ပြစ်တင် ဝေဖန်ပြောဆိုမှုများလည်းရှိနေပြီး နီယိုကိုလိုနီနယ်ချဲ့စနစ်နှင့် စီးပွားရေးနယ်ချဲ့ဝါဒတို့ကို ဖြစ်ပေါ်စေမည့် ကြွေးမြီ ထောင်ချောက်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများကိုလည်း မြင့်တက်လာစေခဲ့သည်။

ထို့ပြင် ပိုးလမ်းမရပ်ဝန်း စီမံကိန်းနှင့်ပတ်သက်ပြီး မတူညီသော ရှုထောင့်များမှ ငြင်းခုံ ပြောဆိုခဲ့ကြသည့် အကြောင်း အရာများစွာလည်း ရှိခဲ့ကြောင်းသိရသည်။ ပိုးလမ်းမရပ်ဝန်းစီမံ ကိန်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ဩဇာလွှမ်းမိုးမှုတို့ကို ချဲ့ထွင်ရန်နည်းလမ်းတစ်ခုဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်။ တရုတ်နိုင်ငံ၏ တရားဝင်မီဒီယာများသည် ပိုးလမ်းမရပ်ဝန်းစီမံကိန်း၏ မဟာဗျူဟာမြောက်ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြသော်လည်း အဆိုပါစီမံကိန်းသည် တရုတ်ပြည်နယ်များနှင့်ဝန်ကြီးဌာနများ၏ မူဝါဒ နှင့် လုပ်ဆောင်ချက်များအတွက် ဖော်ညွှန်းပေးသည့် စီမံကိန်းတစ်ခုသာဖြစ်သည်ဆိုသည့်အချက်ကို အခြားသူများက သတိပြုမိကြောင်း ပညာရှင်များက မှတ်ချက်ပြုပြောခဲ့သည်။

ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အကျိုးစီးပွားကို တိုးတက်စေသည့်အပြင် မျှဝေထားကြသော အနာဂတ် ကမ္ဘာ့အသိုင်းအဝိုင်းကို တည်ဆောက်ခြင်းအား အခြေခံသည့် ကမ္ဘာ့အစီအစဉ်များ အတွက် တရုတ်နိုင်ငံ၏ အမြင်ကိုလည်း ထင်ဟပ်စေကြောင်း တရုတ် စီးပွားရေးပညာရှင် ကီရုဂျင်က ရေးသား ဖော်ပြခဲ့သည်။တရုတ်နိုင်ငံသည် ကုန်သွယ်မှုစနစ်အပြင် စစ်ရေးအရ ဩဇာလွှမ်းမိုးမှုရရှိရန်နှင့် အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပါကစ္စတန်၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ ကဲ့သို့ တောင်အာရှနိုင်ငံအများအပြားတွင် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင် ထားပြီးပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ဦးဆောင်သော ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် မတူညီသောဒေသများအတွက် စီးပွားရေး စင်္ကြံအသစ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောဆိုမှုများလည်းရှိနေသည်။ ဥပမာအားဖြင့် ကော့ကေးဆပ် ဒေသတွင် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် မေလမှ စတင်ပြီး အာမေးနီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အာရုံစိုက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့သည် ဆွေးနွေးပွဲများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး သဘောတူစာချုပ် များ ချုပ်ဆိုခဲ့ကာ အခြေခံအဆောက်အအုံ ဆိုင်ရာ ကဏ္ဍများကိုဖြေရှင်းရန်အတွက် မြောက်-တောင်လမ်း အစီအစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။ နိုင်ငံအများအပြားသည် ပိုးလမ်းမရပ်ဝန်း စီမံကိန်းတွင် ပါဝင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြကြောင်းသိရသည်။ တရုတ်အစိုးရသည် ပိုးလမ်းမ ရပ်ဝန်းစီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများအားလုံး၏ စာရင်းများကို ထိန်းသိမ်းထားပြီး စီမံကိန်းနှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို နိုင်ငံသစ်တစ်ခုနှင့် လက်မှတ်ရေးထိုး သည့်အချိန်တိုင်း ဆင်ဟွာသတင်း အေဂျင်စီက ထုတ်ပြန်ကြေညာလေ့ရှိကြောင်းသိရသည်။

ထို့ပြင် ဘူ တန်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဆန်မာရီနိုနှင့် စပိန်နိုင်ငံတို့သည် ပိုးလမ်းမ ရပ်ဝန်း စီမံကိန်းတွင်ပါဝင်ရန်အတွက် အာရုံစိုက်နေပြီး မြောက်ကိုရီးယားနိုင်ငံက စောင့်ကြည့်လေ့လာသူအဖြစ် ရှိနေကြောင်း သိရသည်။ ပိုးလမ်းမရပ်ဝန်း စီမံကိန်းမှ နုတ်ထွက်သွားသည့်နိုင်ငံများမှာ အာဂျင်တီးနားနှင့် အီတလီနိုင်ငံတို့ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version
ႏိုင္ငံေပါင္း (၁၅၀) ေက်ာ္ ပါဝင္လုပ္ေဆာင္မယ့္ တ႐ုတ္ႏိုင္ငံရဲ႕ပိုးလမ္းမရပ္ဝန္းစီမံကိန္း
Pika (NP News) - မတ္ ၂၇

ပိုးလမ္းမရပ္ဝန္းစီမံကိန္း (BRI)သည္ ႏိုင္ငံေပါင္း (၁၅၀)ေက်ာ္ ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံ ရန္အတြက္ ၂၀၁၃ ခုႏွစ္တြင္ တ႐ုတ္အစိုးရက ေဖာ္ေဆာင္ခဲ့သည့္ ကမာၻလုံးဆိုင္ရာ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳး တိုးတက္ေရး နည္းဗ်ဴဟာတစ္ခုျဖစ္သည္။

ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ တ႐ုတ္သမၼတရွီက်င့္ဖ်င္၏ ႏိုင္ငံျခားေရးမူဝါဒ၏ အဓိက အေရးပါေသာ အခ်က္တစ္ခုျဖစ္သည္ဟု ေျပာဆိုမႈမ်ားလည္းရွိေနသည္။ ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ တ႐ုတ္ႏိုင္ငံ၏ ျမင့္တက္ လာေသာ ဩဇာအာဏာ၊ အဆင့္အတန္းႏွင့္အညီ ကမာၻ႔ေရးရာကိစၥမ်ားတြင္ ပိုမိုႀကီးမားေသာ အခန္းက႑ကို ရရွိရန္အတြက္ သမၼတရွီက်င့္ဖ်င္၏ "Major Country Diplomacy" နည္းဗ်ဴဟာ၏ အဓိကက်ေသာ အစိတ္အပိုင္း တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ အေမရိကန္၏ Marshall Plan ႏွင့္ ပိုးလမ္းမရပ္ဝန္းစီမံကိန္းကို ႏႈိင္းယွဥ္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ ၂၀၂၃ ခုႏွစ္ ဩဂုတ္လအထိ ပိုးလမ္းမရပ္ဝန္းစီမံကိန္းတြင္ ပါဝင္ရန္အတြက္ ႏိုင္ငံေပါင္း(၁၅၅)ႏိုင္ငံက လက္မွတ္ေရးထိုးၿပီးျဖစ္သည္။ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ေသာ ပိုးလမ္းမရပ္ဝန္းစီမံကိန္းမွာ ပါဝင္ေသာႏိုင္ငံမ်ား တြင္ ကမာၻ႔လူဦးေရ၏ (၇၅) ရာခိုင္ႏႈန္းေက်ာ္နီးပါး ပါဝင္ၿပီး ကမာၻ႔ဂ်ီဒီပီ၏ ထက္ဝက္ေက်ာ္ရွိေၾကာင္းလည္း သိရသည္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ၂၀၁၃ ခုႏွစ္ စက္တင္ဘာလတြင္ ကာဇက္စတန္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္စဥ္ အခ်ိန္အတြင္း ပိုးလမ္းမရပ္ဝန္း စီမံကိန္းကို ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္သည္။ ပိုးလမ္းမရပ္ဝန္း စီမံကိန္းတြင္ ဆိပ္ကမ္းမ်ား၊ မိုးေမွ်ာ္တိုက္မ်ား၊ ရထားလမ္းမ်ား၊ လမ္းမ်ား၊ တံတားမ်ား၊ ေလဆိပ္မ်ား၊ ဆည္မ်ား၊ ေက်ာက္မီးေသြး သုံးဓာတ္အားေပးစက္႐ုံမ်ား ႏွင့္ ရထားလမ္းဥမင္လိုဏ္ေခါင္းမ်ားပါဝင္သည္။

ပိုးလမ္းမရပ္ဝန္းစီမံကိန္းေဆာင္႐ြက္မႈကို ၂၀၁၇ ခုႏွစ္တြင္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒတြင္ တရားဝင္ထည့္သြင္းခဲ့ေၾကာင္း သိရသည္။ တ႐ုတ္အစိုးရသည္ ပိုးလမ္းမရပ္ဝန္းစီမံကိန္းကို ေဒသတြင္း ခ်ိတ္ဆက္မႈမ်ား ပိုမိုျမႇင့္တင္ရန္ႏွင့္ ေတာက္ပေသာအနာဂတ္ကို ရရွိရန္အတြက္ ႀကိဳးပမ္းမႈတစ္ခုအျဖစ္ ေဖာ္ျပခဲ့သည္။
အဆိုပါစီမံကိန္း ၿပီးဆုံးမည့္ ရည္မွန္းခ်က္ရက္စြဲမွာ ၂၀၄၉ ခုႏွစ္ျဖစ္ၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ သည့္ ႏွစ္တစ္ရာျပည့္အခ်ိန္ႏွင့္ တိုက္ဆိုင္မည္ လည္းျဖစ္သည္။ ကမာၻ႔ဘဏ္က ျပဳလုပ္ေသာ ေလ့လာမႈ အမ်ားအျပားတြင္ ပိုးလမ္းမရပ္ဝန္း စီမံကိန္းသည္ ပါဝင္သည့္ႏိုင္ငံေပါင္း(၁၅၅)ႏိုင္ငံတြင္ ကုန္သြယ္စီးဆင္းမႈကို (၄ ဒသမ ၁) ရာခိုင္ႏႈန္း ျမႇင့္တင္ေပးႏိုင္ၿပီး ကမာၻလုံးဆိုင္ရာကုန္သြယ္မႈ ကုန္က်စရိတ္ကို (၁ ဒသမ ၁) ရာခိုင္ႏႈန္းမွ (၂ ဒသမ ၂) ရာခိုင္ႏႈန္းထိ ေလ်ာ့က်ေစမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ အဆိုပါစီမံကိန္းသည္ အေရွ႕အာရွႏွင့္ ပစိဖိတ္ေဒသတို႔ရွိ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ ဂ်ီဒီပီကို (၂ ဒသမ ၆) ရာခိုင္ႏႈန္းမွ (၃ ဒသမ ၉) ရာခိုင္ႏႈန္းအထိ တိုးျမင့္လာေစႏိုင္ေၾကာင္း ေလ့လာမႈတြင္ ထပ္မံ ေဖာ္ျပထားသည္။ တ႐ုတ္အစိုးရ၏ ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ ၂၀၄၀ ျပည့္ႏွစ္တြင္ ကမာၻ႔ဂ်ီဒီပီကို တစ္ႏွစ္လွ်င္ အေမရိကန္ ေဒၚလာ (၇ ဒသမ ၁) ထရီလီယံအထိ တိုးလာေစမည္ျဖစ္သလို ပိုမိုေကာင္းမြန္ေသာ အေျခခံအေဆာက္အအုံမ်ား သည္ ကမာၻ႔ကုန္သြယ္မႈကိုထိန္းထားႏိုင္ေသာပဋိပကၡမ်ားကို ေလွ်ာ့ခ်ေပးေသာေၾကာင့္ အက်ိဳးေက်းဇူးမ်ားစြာ ရွိလာမည္ျဖစ္ေၾကာင္း လန္ဒန္ၿမိဳ႕အေျခစိုက္ စီးပြားေရးသုေတသနစင္တာ(CEBR)၏ ေျပာၾကားခ်က္အရ သိရသည္။

ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ တိုးတက္မႈမ်ားရွိကာ အရွိန္ရလာမည္ဆိုပါက ေနာက္ထပ္ႏိုင္ငံမ်ားကို ပူးေပါင္း ပါဝင္ရန္ ဆြဲေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္း CEBR ကထပ္မံ ေျပာၾကားခဲ့သည္။ အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ကမာၻလုံး ဆိုင္ရာ ဂ်ီဒီပီကိုျမႇင့္တင္ႏိုင္မည့္ ၎၏အလားအလာမ်ားႏွင့္ပတ္သက္ၿပီး ပိုးလမ္းမရပ္ဝန္း စီမံကိန္းကို ေထာက္ခံသူမ်ားက ခ်ီးက်ဴးခဲ့ၾကေၾကာင္း သိရသည္။ သို႔ေသာ္လည္း ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအက်ိဳးသက္ေရာက္မႈမ်ား ရွိလာႏိုင္မႈအေပၚ ျပစ္တင္ ေဝဖန္ေျပာဆိုမႈမ်ားလည္းရွိေနၿပီး နီယိုကိုလိုနီနယ္ခ်ဲ႕စနစ္ႏွင့္ စီးပြားေရးနယ္ခ်ဲ႕ဝါဒတို႔ကို ျဖစ္ေပၚေစမည့္ ေႂကြးၿမီ ေထာင္ေခ်ာက္ႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကိုလည္း ျမင့္တက္လာေစခဲ့သည္။

ထို႔ျပင္ ပိုးလမ္းမရပ္ဝန္း စီမံကိန္းႏွင့္ပတ္သက္ၿပီး မတူညီေသာ ရႈေထာင့္မ်ားမွ ျငင္းခုံ ေျပာဆိုခဲ့ၾကသည့္ အေၾကာင္း အရာမ်ားစြာလည္း ရွိခဲ့ေၾကာင္းသိရသည္။ ပိုးလမ္းမရပ္ဝန္းစီမံ ကိန္းသည္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးႏွင့္ ႏိုင္ငံေရး ဩဇာလႊမ္းမိုးမႈတို႔ကို ခ်ဲ႕ထြင္ရန္နည္းလမ္းတစ္ခုျဖစ္သည္ဟု ေလ့လာသုံးသပ္သူမ်ားက ယုံၾကည္ေနၾကသည္။ တ႐ုတ္ႏိုင္ငံ၏ တရားဝင္မီဒီယာမ်ားသည္ ပိုးလမ္းမရပ္ဝန္းစီမံကိန္း၏ မဟာဗ်ဴဟာေျမာက္ရည္႐ြယ္ခ်က္မ်ားကို ဖုံးကြယ္ရန္ ႀကိဳးပမ္းေနၾကေသာ္လည္း အဆိုပါစီမံကိန္းသည္ တ႐ုတ္ျပည္နယ္မ်ားႏွင့္ဝန္ႀကီးဌာနမ်ား၏ မူဝါဒ ႏွင့္ လုပ္ေဆာင္ခ်က္မ်ားအတြက္ ေဖာ္ၫႊန္းေပးသည့္ စီမံကိန္းတစ္ခုသာျဖစ္သည္ဆိုသည့္အခ်က္ကို အျခားသူမ်ားက သတိျပဳမိေၾကာင္း ပညာရွင္မ်ားက မွတ္ခ်က္ျပဳေျပာခဲ့သည္။

ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ တ႐ုတ္ႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္ အက်ိဳးစီးပြားကို တိုးတက္ေစသည့္အျပင္ မွ်ေဝထားၾကေသာ အနာဂတ္ ကမာၻ႔အသိုင္းအဝိုင္းကို တည္ေဆာက္ျခင္းအား အေျခခံသည့္ ကမာၻ႔အစီအစဥ္မ်ား အတြက္ တ႐ုတ္ႏိုင္ငံ၏ အျမင္ကိုလည္း ထင္ဟပ္ေစေၾကာင္း တ႐ုတ္ စီးပြားေရးပညာရွင္ ကီ႐ုဂ်င္က ေရးသား ေဖာ္ျပခဲ့သည္။တ႐ုတ္ႏိုင္ငံသည္ ကုန္သြယ္မႈစနစ္အျပင္ စစ္ေရးအရ ဩဇာလႊမ္းမိုးမႈရရွိရန္ႏွင့္ အေျခခံ အေဆာက္ အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ပါကစၥတန္၊ နီေပါ၊ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္ႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔ ကဲ့သို႔ ေတာင္အာရွႏိုင္ငံအမ်ားအျပားတြင္ အေမရိကန္ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုပ္ေဆာင္ ထားၿပီးၿပီျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံက ဦးေဆာင္ေသာ ပိုးလမ္းမရပ္ဝန္းစီမံကိန္းသည္ မတူညီေသာေဒသမ်ားအတြက္ စီးပြားေရး စႀကႍအသစ္တစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။ ဥပမာအားျဖင့္ ေကာ့ေကးဆပ္ ေဒသတြင္ တ႐ုတ္ႏိုင္ငံသည္ ၂၀၁၉ ခုႏွစ္ ေမလမွ စတင္ၿပီး အာေမးနီးယားႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ရန္ အာ႐ုံစိုက္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံႏွင့္ အာေမးနီးယားႏိုင္ငံတို႔သည္ ေဆြးေႏြးပြဲမ်ားကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီး သေဘာတူစာခ်ဳပ္ မ်ား ခ်ဳပ္ဆိုခဲ့ကာ အေျခခံအေဆာက္အအုံ ဆိုင္ရာ က႑မ်ားကိုေျဖရွင္းရန္အတြက္ ေျမာက္-ေတာင္လမ္း အစီအစဥ္ကို စတင္ခဲ့ေၾကာင္း သိရသည္။ ႏိုင္ငံအမ်ားအျပားသည္ ပိုးလမ္းမရပ္ဝန္း စီမံကိန္းတြင္ ပါဝင္မႈ တစ္စိတ္တစ္ပိုင္းအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ၾကၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၾကေၾကာင္းသိရသည္။ တ႐ုတ္အစိုးရသည္ ပိုးလမ္းမ ရပ္ဝန္းစီမံကိန္းတြင္ ပါဝင္သည့္ ႏိုင္ငံမ်ားအားလုံး၏ စာရင္းမ်ားကို ထိန္းသိမ္းထားၿပီး စီမံကိန္းႏွင့္ပတ္သက္သည့္ နားလည္မႈစာခြၽန္လႊာကို ႏိုင္ငံသစ္တစ္ခုႏွင့္ လက္မွတ္ေရးထိုး သည့္အခ်ိန္တိုင္း ဆင္ဟြာသတင္း ေအဂ်င္စီက ထုတ္ျပန္ေၾကညာေလ့ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ဘူ တန္၊ ဘရာဇီးလ္၊ ကိုလံဘီယာ၊ ဒိန္းမတ္၊ အိုင္ယာလန္၊ ဆန္မာရီႏိုႏွင့္ စပိန္ႏိုင္ငံတို႔သည္ ပိုးလမ္းမ ရပ္ဝန္း စီမံကိန္းတြင္ပါဝင္ရန္အတြက္ အာ႐ုံစိုက္ေနၿပီး ေျမာက္ကိုရီးယားႏိုင္ငံက ေစာင့္ၾကည့္ေလ့လာသူအျဖစ္ ရွိေနေၾကာင္း သိရသည္။ ပိုးလမ္းမရပ္ဝန္း စီမံကိန္းမွ ႏုတ္ထြက္သြားသည့္ႏိုင္ငံမ်ားမွာ အာဂ်င္တီးနားႏွင့္ အီတလီႏိုင္ငံတို႔ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.