တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 253

ALynn (NP News) - မတ် ၂၇

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်ကြီးတွင် အမေရိကန်စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ယင်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနေရာအတွက် နှစ်အနည်းငယ်ကြာ စိန်ခေါ်မှုများပြီးနောက် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ မတ်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) အစည်းအဝေးတွင် အမေရိကန်အာမခံကုမ္ပဏီ Chubb ၏ အမှုဆောင်အရာရှိချုပ် Evan Greenberg၊ အမေရိကန်-တရုတ်ဆက်ဆံရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌ Stephen Orlins နှင့် အမေရိကန်-တရုတ်စီးပွားရေးကောင်စီဥက္ကဋ္ဌ Craig Allen တို့ ပါဝင်ခဲ့သည်။

ရှီသည် အမေရိကန်အမှုဆောင်များနှင့် နို၀င်ဘာလတွင်ကျင်းပသည့် APEC ထိပ်သီးအစည်း အဝေးအပြီး ဆန်ဖရန်စစ္စကိုတွင် နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယခုပေကျင်းတွင် တွေ့ဆုံမှုသည် အမေရိကန်နှင့် တင်းမာသည့် အနေအထားများရှိနေသော်လည်း အမေရိကန်ကုမ္ပဏီများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုလျက်ရှိကြောင်း အချက်ပြခြင်းလည်းဖြစ်သည်။

မတ်လ ၂၄ နှင့် ၂၅ ရက်များတွင် ကျင်းပခဲ့သည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အတွက် ကမ္ဘာ့ ထိပ်တန်းအမှုဆောင် အများအပြားမှာ ပေကျင်းသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ ဖိုရမ်၏ ဧည့်သည်စာရင်းတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajay Banga၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva နှင့် နိုင်ငံစုံမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ၏ ကိုယ်စားလှယ်များ ပါဝင်သည်။ မကြာသေးမီရက်များအတွင်းက စီးပွားရေးခေါင်းဆောင်များသည် တရုတ် အကြီးတန်းခေါင်းဆောင်များစွာနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ရှီနှင့်တွေ့ဆုံရန် ဖိတ်ကြား မှုသည် လက်ရှိစီးပွားရေးပတ်ဝန်းကျင်နှင့်ပတ်သက်သည့် အပျက်သဘောဆောင်သော အမြင်များကို ဖြေရှင်းရန်အတွက် တရုတ်၏ ကြိုးပမ်းအားထုတ်မှုတစ်ခုလည်းဖြစ်နေသည်။

ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် တင်းမာသော စည်းမျဉ်းစည်းကမ်းများကြောင့် ကုမ္ပဏီများက လုပ်ငန်းလည်ပတ်မှုကို ပြန်လည်လျှော့ချဖို့ ကြိုးပမ်းနေရာ တရုတ်နိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။ တရုတ်၏ တင်းကျပ်သော ထောက်လှမ်း စုံစမ်းခြင်းများနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေများကြောင့် ကုမ္ပဏီအချို့က ၎င်းတို့ကို အမှန်တကယ်ကြိုဆိုခြင်းရှိ/မရှိ မေးခွန်းထုတ်လာခဲ့သည်။ ထို့ပြင် အချို့သော နိုင်ငံခြားကုမ္ပဏီ များသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆလျှော့ချရန် ကြိုးစားမြဲ ကြိုးစားနေကြသည်။

zawgyi version
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ႏိုင္ငံျခားစီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံ
ALynn (NP News) - မတ္ ၂၇

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ေပက်င္းၿမိဳ႕၊ ျပည္သူ႔ခန္းမေဆာင္ႀကီးတြင္ အေမရိကန္စီးပြားေရး ေခါင္းေဆာင္မ်ား၊ ပညာရွင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့သည္။

ယင္းမွာ ကမာၻ႔ဒုတိယအႀကီးဆုံးစီးပြားေရးေနရာအတြက္ ႏွစ္အနည္းငယ္ၾကာ စိန္ေခၚမႈမ်ားၿပီးေနာက္ တ႐ုတ္ႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား ျပန္လည္ဝင္ေရာက္လာရန္ ႀကိဳးပမ္းျခင္းလည္း ျဖစ္သည္။ မတ္လ ၂၇ ရက္ (ဗုဒၶဟူးေန႔) အစည္းအေဝးတြင္ အေမရိကန္အာမခံကုမၸဏီ Chubb ၏ အမႈေဆာင္အရာရွိခ်ဳပ္ Evan Greenberg၊ အေမရိကန္-တ႐ုတ္ဆက္ဆံေရး အမ်ိဳးသားေကာ္မတီ ဥကၠ႒ Stephen Orlins ႏွင့္ အေမရိကန္-တ႐ုတ္စီးပြားေရးေကာင္စီဥကၠ႒ Craig Allen တို႔ ပါဝင္ခဲ့သည္။

ရွီသည္ အေမရိကန္အမႈေဆာင္မ်ားႏွင့္ ႏို၀င္ဘာလတြင္က်င္းပသည့္ APEC ထိပ္သီးအစည္း အေဝးအၿပီး ဆန္ဖရန္စစၥကိုတြင္ ေနာက္ဆုံးေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။ ယခုေပက်င္းတြင္ ေတြ႕ဆုံမႈသည္ အေမရိကန္ႏွင့္ တင္းမာသည့္ အေနအထားမ်ားရွိေနေသာ္လည္း အေမရိကန္ကုမၸဏီမ်ားႏွင့္ ဆက္ဆံေရးကို ျမႇင့္တင္ရန္ႏွင့္ ၎တို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈကို ႀကိဳဆိုလ်က္ရွိေၾကာင္း အခ်က္ျပျခင္းလည္းျဖစ္သည္။

မတ္လ ၂၄ ႏွင့္ ၂၅ ရက္မ်ားတြင္ က်င္းပခဲ့သည့္ တ႐ုတ္ဖြံ႕ၿဖိဳးတိုးတက္ေရးဖိုရမ္အတြက္ ကမာၻ႔ ထိပ္တန္းအမႈေဆာင္ အမ်ားအျပားမွာ ေပက်င္းသို႔ ေရာက္ရွိေနၾကၿပီးျဖစ္သည္။ ဖိုရမ္၏ ဧည့္သည္စာရင္းတြင္ ကမာၻ႔ဘဏ္ဥကၠ႒ Ajay Banga၊ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ Kristalina Georgieva ႏွင့္ ႏိုင္ငံစုံမွ ကုမၸဏီေပါင္း ၁၀၀ ေက်ာ္ ၏ ကိုယ္စားလွယ္မ်ား ပါဝင္သည္။ မၾကာေသးမီရက္မ်ားအတြင္းက စီးပြားေရးေခါင္းေဆာင္မ်ားသည္ တ႐ုတ္ အႀကီးတန္းေခါင္းေဆာင္မ်ားစြာႏွင့္ ေတြ႕ဆုံႏိုင္ခဲ့ေသာ္လည္း ယခုကဲ့သို႔ ရွီႏွင့္ေတြ႕ဆုံရန္ ဖိတ္ၾကား မႈသည္ လက္ရွိစီးပြားေရးပတ္ဝန္းက်င္ႏွင့္ပတ္သက္သည့္ အပ်က္သေဘာေဆာင္ေသာ အျမင္မ်ားကို ေျဖရွင္းရန္အတြက္ တ႐ုတ္၏ ႀကိဳးပမ္းအားထုတ္မႈတစ္ခုလည္းျဖစ္ေနသည္။

ပထဝီႏိုင္ငံေရးတင္းမာမႈမ်ားႏွင့္ တင္းမာေသာ စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္ ကုမၸဏီမ်ားက လုပ္ငန္းလည္ပတ္မႈကို ျပန္လည္ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းေနရာ တ႐ုတ္ႏိုင္ငံတြင္ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၈ ရာခိုင္ႏႈန္း က်ဆင္းသြားသည္။ တ႐ုတ္၏ တင္းက်ပ္ေသာ ေထာက္လွမ္း စုံစမ္းျခင္းမ်ားႏွင့္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ဥပေဒမ်ားေၾကာင့္ ကုမၸဏီအခ်ိဳ႕က ၎တို႔ကို အမွန္တကယ္ႀကိဳဆိုျခင္းရွိ/မရွိ ေမးခြန္းထုတ္လာခဲ့သည္။ ထို႔ျပင္ အခ်ိဳ႕ေသာ ႏိုင္ငံျခားကုမၸဏီ မ်ားသည္ ၎တို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈကို ႏွစ္ဆေလွ်ာ့ခ်ရန္ ႀကိဳးစားၿမဲ ႀကိဳးစားေနၾကသည္။

Related news

© 2021. All rights reserved.