ရန်ကုန်မြို့လယ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရ

 17338

NP News - မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည်။

ပေါက်ကွဲမှုသည် ယနေ့(မတ်လ ၂၇ ရက်) ၊ ည ၇နာရီခွဲဝန်းကျင်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်တံတားအတက်၊ ဘားလမ်းမှတ်တိုင်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ဆူးလေကုန်းကျော်တံတားအတက်နားမှာပေါက်တာ။ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ မီးပါပွင့်တယ်။ကျွန်တော်မြင်တာတော့ (၃)ယောက်ထိသွားတာမြင်တယ်။ သိရတာတော့ လူ(၄)ယောက်ထိတာလို သိရတယ်။ တစ်ယောက်ကတော့ ခြေထောက်ပြတ်သွားတယ်"ဟု ဖြစ်စဉ်အားမျက်မြင်တွေ့ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်​တွင် လူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ကနဦးသိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕လယ္၌ ေပါက္ကြဲမႈျဖစ္ပြား၍ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကနဦးသိရ
NP News - မတ္ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္တြင္ ေပါက္ကြဲမႈျဖစ္ပြား၍ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကနဦးသိရသည္။

ေပါက္ကြဲမႈသည္ ယေန႔(မတ္လ ၂၇ ရက္) ၊ ည ၇နာရီခြဲဝန္းက်င္အခ်ိန္ခန္႔က ေက်ာက္တံတားၿမိဳ႕နယ္၊ ဆူးေလကုန္းေက်ာ္တံတားအတက္၊ ဘားလမ္းမွတ္တိုင္ဘက္ျခမ္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

"ဆူးေလကုန္းေက်ာ္တံတားအတက္နားမွာေပါက္တာ။ ေပါက္ကြဲသံအက်ယ္ႀကီးၾကားရတယ္။ မီးပါပြင့္တယ္။ကြၽန္ေတာ္ျမင္တာေတာ့ (၃)ေယာက္ထိသြားတာျမင္တယ္။ သိရတာေတာ့ လူ(၄)ေယာက္ထိတာလို သိရတယ္။ တစ္ေယာက္ကေတာ့ ေျခေထာက္ျပတ္သြားတယ္"ဟု ျဖစ္စဥ္အားမ်က္ျမင္ေတြ႕ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေပါက္ကြဲမႈျဖစ္စဥ္​တြင္ လူ(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၂)ဦးမွာ စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ထိခိုက္ဒဏ္ရာရွိသူမ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း ကနဦးသိရသည္။

Related news

© 2021. All rights reserved.