အမေရိကန်နိုင်ငံတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ(၇)ဦးထိခိုက်ဒဏ်ရာရရှိ

 390

Pika (NP News) - မတ် ၂၈

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်တွင် မတ်လ(၂၇)ရက်က ဓါးထိုးမှုဖြစ်ပွားခဲ့ရာ အနည်း ဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အသက်(၂၂)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားကာ မတ်လ(၂၇)ရက်၊ ညနေပိုင်းတွင် စစ်ဆေးမေးမြန်းမှုများကို လုပ်ဆောင်နေကြောင်း Rockford မြို့ရဲမှူးချုပ် Carla Redd က ပြောကြားခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ တစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ ၎င်းက 'ဒီဖြစ်ရပ်အတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ကျွန်မတကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်'ဟု ပြောဆိုခဲ့သည်။ Rockford မြို့ ရဲတပ်ဖွဲ့သည် မတ်လ (၂၇)ရက်၊ နေ့လည်(၁)နာရီ(၁၄)မိနစ်တွင် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက 'ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထွက်ပြေးနေတဲ့သူ ဒါမှမဟုတ် အခြားသံသယရှိသူတွေ မရှိတော့ဘူးလို့ကျွန်မထင်ပါတယ်။ ဒီလိုရာဇဝတ်မှုကို ကျူးလွန်ဖို့ အဲဒီအမျိုးသားကို ဘယ်အရာက တွန်းအားပေးခဲ့လဲဆိုတာကိုလည်း ကျွန်မတို့ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး' ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများမှာ အသက်(၁၅)နှစ်အရွယ်မိန်းကလေး၊ အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၄၉)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။ သို့သော် လည်း ၎င်းတို့၏နာမည်ကို တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။

zawgyi version
အေမရိကန္ႏိုင္ငံတြင္ ဓါးထိုးမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၄)ဦးေသဆုံးကာ အျခားလူ(၇)ဦးထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - မတ္ ၂၈

အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္တြင္ မတ္လ(၂၇)ရက္က ဓါးထိုးမႈျဖစ္ပြားခဲ့ရာ အနည္း ဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၇)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး အသက္(၂၂)ႏွစ္အ႐ြယ္ အမ်ိဳးသားကို ဖမ္းဆီးထိန္းသိမ္းထားကာ မတ္လ(၂၇)ရက္၊ ညေနပိုင္းတြင္ စစ္ေဆးေမးျမန္းမႈမ်ားကို လုပ္ေဆာင္ေနေၾကာင္း Rockford ၿမိဳ႕ရဲမႉးခ်ဳပ္ Carla Redd က ေျပာၾကားခဲ့သည္။ ထို႔ျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲမွာ တစ္ဦးမွာစိုးရိမ္ရသည့္အေျခအေနတြင္ရွိေၾကာင္း ၎ကေျပာၾကားခဲ့သည္။ ၎က 'ဒီျဖစ္ရပ္အတြင္းမွာ အသက္ဆုံးရႈံးသြားခဲ့တဲ့သူေတြရဲ႕ မိသားစုဝင္ေတြအတြက္ ကြၽန္မတကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္'ဟု ေျပာဆိုခဲ့သည္။ Rockford ၿမိဳ႕ ရဲတပ္ဖြဲ႕သည္ မတ္လ (၂၇)ရက္၊ ေန႔လည္(၁)နာရီ(၁၄)မိနစ္တြင္ ဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

၎က 'ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ထြက္ေျပးေနတဲ့သူ ဒါမွမဟုတ္ အျခားသံသယရွိသူေတြ မရွိေတာ့ဘူးလို႔ကြၽန္မထင္ပါတယ္။ ဒီလိုရာဇဝတ္မႈကို က်ဴးလြန္ဖို႔ အဲဒီအမ်ိဳးသားကို ဘယ္အရာက တြန္းအားေပးခဲ့လဲဆိုတာကိုလည္း ကြၽန္မတို႔ရွင္းရွင္းလင္းလင္းမသိရွိရေသးပါဘူး' ဟု ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္အတြင္း ေသဆုံးခဲ့သူမ်ားမွာ အသက္(၁၅)ႏွစ္အ႐ြယ္မိန္းကေလး၊ အသက္(၆၃)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္(၄၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ႏွင့္ အသက္(၂၂)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း ၎တို႔၏နာမည္ကို တာဝန္ရွိသူမ်ားက ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.