ဟူသီလက်နက်ကိုင်အဖွဲ့ပစ်လွှတ်လိုက်သော ဒရုန်းလေးစင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော

 230

Pika (NP News) - မတ် ၂၈

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ အမေရိကန်စစ်သင်္ဘောဆီသို့ ဦးတည်ပစ်လွှတ်လိုက်သော ဒရုန်း(၄)စင်းကို အောင်မြင်စွာပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က မတ်လ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် မတ်လ(၂၇)ရက်၊ နံနက်(၂)နာရီတွင် ဟူသီလက်နက်ကိုင်အဖွဲ့ပစ်လွှတ်လိုက်သော တာဝေးပြေးဒရုန်းလေးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ ထုတ်ပြန်ချက်တွင် 'ဒီဒရုန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ ကုန်တင်သင်္ဘောတွေနဲ့ အမေရိကန်စစ်သင်္ဘောတွေကို အန္တရာယ်ပြုလာနိုင်တာကြောင့် ဖျက်ဆီးပစ်ခဲ့တာပါ။ လွတ်လပ်စွာရေကြောင်းသွားလာမှုကို ကာကွယ်ဖို့၊နိုင်ငံတကာရေပိုင်နက်ကို လုံခြုံအောင်လုပ်ဆောင်ဖို့၊ အမေရိကန်စစ်သင်္ဘောတွေနဲ့ကုန်တင်သင်္ဘောတွေရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ဒီလိုမျိုးဖျက်ဆီးပစ်ခဲ့တာပါ'ဟု ရေးသားထားသည်။

အစ္စရေး-ဟားမက်စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၉)ရက်မှစတင်ပြီး ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် စတင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောများကို ရှည်လျားသော ရေကြောင်းလမ်းဖြစ်သည့် အာဖရိက တောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်း ပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့တို့သည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
ဟူသီလက္နက္ကိုင္အဖြဲ႕ပစ္လႊတ္လိုက္ေသာ ဒ႐ုန္းေလးစင္းကို ဖ်က္ဆီးပစ္ခဲ့ေၾကာင္း အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၈

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က ပင္လယ္နီအတြင္းရွိ အေမရိကန္စစ္သေဘၤာဆီသို႔ ဦးတည္ပစ္လႊတ္လိုက္ေသာ ဒ႐ုန္း(၄)စင္းကို ေအာင္ျမင္စြာပစ္ခ်ခဲ့ေၾကာင္း အေမရိကန္စစ္တပ္က မတ္လ(၂၇)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အေမရိကန္တပ္ဖြဲ႕မ်ားသည္ မတ္လ(၂၇)ရက္၊ နံနက္(၂)နာရီတြင္ ဟူသီလက္နက္ကိုင္အဖြဲ႕ပစ္လႊတ္လိုက္ေသာ တာေဝးေျပးဒ႐ုန္းေလးစင္းကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထုတ္ျပန္ခ်က္တြင္ 'ဒီဒ႐ုန္းေတြဟာ ေဒသတြင္းမွာရွိတဲ့ ကုန္တင္သေဘၤာေတြနဲ႔ အေမရိကန္စစ္သေဘၤာေတြကို အႏၲရာယ္ျပဳလာႏိုင္တာေၾကာင့္ ဖ်က္ဆီးပစ္ခဲ့တာပါ။ လြတ္လပ္စြာေရေၾကာင္းသြားလာမႈကို ကာကြယ္ဖို႔၊ႏိုင္ငံတကာေရပိုင္နက္ကို လုံၿခဳံေအာင္လုပ္ေဆာင္ဖို႔၊ အေမရိကန္စစ္သေဘၤာေတြနဲ႔ကုန္တင္သေဘၤာေတြရဲ႕ လုံၿခဳံေရးကို အာမခံႏိုင္ဖို႔အတြက္ ဒီလိုမ်ိဳးဖ်က္ဆီးပစ္ခဲ့တာပါ'ဟု ေရးသားထားသည္။

အစၥေရး-ဟားမက္စစ္ပြဲကို ဆန႔္က်င္သည့္အေနျဖင့္ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလ(၁၉)ရက္မွစတင္ၿပီး ပင္လယ္နီအတြင္းသြားလာေနေသာ ကုန္တင္သေဘၤာမ်ားကို ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ စတင္ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားေၾကာင့္ သေဘၤာကုမၸဏီမ်ားသည္ ၎တို႔၏သေဘၤာမ်ားကို ရွည္လ်ားေသာ ေရေၾကာင္းလမ္းျဖစ္သည့္ အာဖရိက ေတာင္ပိုင္းတစ္ဝိုက္သို႔ လမ္းေၾကာင္း ေျပာင္းခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းႏွင့္ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္မႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့ေၾကာင္း သိရသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕၏ ကုန္တင္သေဘၤာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားအား လက္တုံ႔ျပန္သည့္အေနျဖင့္ အေမရိကန္ႏွင့္ၿဗိတိန္တပ္ဖြဲ႕တို႔သည္ ယီမင္ႏိုင္ငံရွိ ဟူသီလက္နက္ကိုင္အဖြဲ႕၏ ပစ္မွတ္မ်ားကို ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ဆက္တိုက္လုပ္ ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.