ယူကရိန်းသို့ ပေးပို့မည့် F-16 တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး ရုရှားသမ္မတ သတိပေး

 1380

Pika (NP News) - မတ် ၂၈

ယူကရိန်းနိုင်ငံသို့ အမေရိကန်ထုတ် တိုက်လေယာဉ်များ ပေးပို့မည်ဆိုပါက အဆိုပါတိုက် လေယာဉ်များကို အနောက်အုပ်စု၏အခြားစက်ပစ္စည်းကိရိယာများကဲ့သို့ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က မတ်လ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံ အများအပြားသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့ပေးမည်ဟု ကတိပြုကာ ယူကရိန်းလေယာဉ်မှူးများကို လေ့ကျင့်ပေးမှုများ လုပ်ဆောင်ပေးနေသော်လည်း လက်ရှိအချိန်အထိ တိုက်လေယာဉ်ပေးပို့မှုမရှိသေးကြောင်းသိရသည်။သို့သော်လည်း ယူကရိန်းသို့ တိုက်လေယာဉ်များပေးပို့ခြင်းက ပဋိပက္ခကို ပိုမိုအရှိန်မြင့်လာစေမည်သာဖြစ်ကြောင်း ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။ ပူတင်က 'အနောက်အုပ်စုဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ပေးပို့ခဲ့မယ်ဆိုရင်တောင် စစ်မြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ဒုံးကျည်ပစ်လွှတ်တဲ့စနစ်တွေအပါအဝင် အခြားပစ္စည်းကိရိယာတွေကို ဖျက်ဆီးပစ်ခဲ့သလိုပဲ ဒီတိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်မှာပါ'ဟု ပြောဆိုခဲ့သည်။

ရုရှားသမ္မတပူတင်သည် Tver ဒေသရှိ Torzhok လေတပ်စခန်းသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ယူကရိန်းလေယာဉ်မှူးများ ပျံသန်းနေသည့် F-16 တိုက်လေယာဉ်များသည် တတိယနိုင်ငံများတွင် အခြေစိုက်မည်ဆိုလျှင်တောင် အဆိုပါတိုက်လေယာဉ်များက ရုရှားအတွက် တရားဝင်လေကြောင်းပစ်မှတ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ သမ္မတ ပူတင်က ' ဒီ F-16 တိုက်လေယာဉ်တွေကို တတိယနိုင်ငံတွေရဲ့ လေယာဉ်ကွင်းတွေကနေအသုံးပြုမယ်ဆိုရင်တောင် သူတို့ဟာ ဘယ်နေရာမှာပဲရှိရှိ ကျွန်တော်တို့အတွက် တရားဝင်ပစ်မှတ်တွေဖြစ်လာမှာပါ' ဟု ပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္းသို႔ ေပးပို႔မည့္ F-16 တိုက္ေလယာဥ္မ်ားႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတ သတိေပး
Pika (NP News) - မတ္ ၂၈

ယူကရိန္းႏိုင္ငံသို႔ အေမရိကန္ထုတ္ တိုက္ေလယာဥ္မ်ား ေပးပို႔မည္ဆိုပါက အဆိုပါတိုက္ ေလယာဥ္မ်ားကို အေနာက္အုပ္စု၏အျခားစက္ပစၥည္းကိရိယာမ်ားကဲ့သို႔ ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က မတ္လ(၂၇)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အမ်ားအျပားသည္ ယူကရိန္းသို႔ F-16 တိုက္ေလယာဥ္မ်ား ေပးပို႔ေပးမည္ဟု ကတိျပဳကာ ယူကရိန္းေလယာဥ္မႉးမ်ားကို ေလ့က်င့္ေပးမႈမ်ား လုပ္ေဆာင္ေပးေနေသာ္လည္း လက္ရွိအခ်ိန္အထိ တိုက္ေလယာဥ္ေပးပို႔မႈမရွိေသးေၾကာင္းသိရသည္။သို႔ေသာ္လည္း ယူကရိန္းသို႔ တိုက္ေလယာဥ္မ်ားေပးပို႔ျခင္းက ပဋိပကၡကို ပိုမိုအရွိန္ျမင့္လာေစမည္သာျဖစ္ေၾကာင္း ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။ ပူတင္က 'အေနာက္အုပ္စုဟာ ယူကရိန္းကို F-16 တိုက္ေလယာဥ္ေတြ ေပးပို႔ခဲ့မယ္ဆိုရင္ေတာင္ စစ္ေျမျပင္မွာျဖစ္ပြားေနတဲ့ အေျခအေနေတြကို ေျပာင္းလဲေပးႏိုင္မွာ မဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ တင့္ကားေတြ၊ သံခ်ပ္ကာယာဥ္ေတြနဲ႔ ဒုံးက်ည္ပစ္လႊတ္တဲ့စနစ္ေတြအပါအဝင္ အျခားပစၥည္းကိရိယာေတြကို ဖ်က္ဆီးပစ္ခဲ့သလိုပဲ ဒီတိုက္ေလယာဥ္ေတြကို ဖ်က္ဆီးပစ္မွာပါ'ဟု ေျပာဆိုခဲ့သည္။

႐ုရွားသမၼတပူတင္သည္ Tver ေဒသရွိ Torzhok ေလတပ္စခန္းသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ယူကရိန္းေလယာဥ္မႉးမ်ား ပ်ံသန္းေနသည့္ F-16 တိုက္ေလယာဥ္မ်ားသည္ တတိယႏိုင္ငံမ်ားတြင္ အေျခစိုက္မည္ဆိုလွ်င္ေတာင္ အဆိုပါတိုက္ေလယာဥ္မ်ားက ႐ုရွားအတြက္ တရားဝင္ေလေၾကာင္းပစ္မွတ္မ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း ပူတင္က ထပ္မံေျပာဆိုခဲ့သည္။ သမၼတ ပူတင္က ' ဒီ F-16 တိုက္ေလယာဥ္ေတြကို တတိယႏိုင္ငံေတြရဲ႕ ေလယာဥ္ကြင္းေတြကေနအသုံးျပဳမယ္ဆိုရင္ေတာင္ သူတို႔ဟာ ဘယ္ေနရာမွာပဲရွိရွိ ကြၽန္ေတာ္တို႔အတြက္ တရားဝင္ပစ္မွတ္ေတြျဖစ္လာမွာပါ' ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.