ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ ပြင်သစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ဟု Bloomberg သတင်းဌာနဖော်ပြ

 1003

ဂျန်ဇက် (NP News) - မတ် ၂၈

အမေရိကန်အစိုးရဟာ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ပြောဆိုချက်တွေကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း အမေရိကန်အခြေစိုက် Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က ရုရှားကို ဟန့်တားနိုင်ဖို့ရည်ရွယ်ပြီး ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေအပြင် နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်ချထားမယ်လို့ပြောဆိုခဲ့ရာ အငြင်းပွားမှုတွေမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူအချို့က ပြင်သစ်သမ္မတရဲ့ပြောဆိုချက်တွေဟာ ရုရှားနိုင်ငံနဲ့ထိပ်တိုက်တွေ့ဆုံမယ့် လမ်းကြောင်းကို ဦးတည်လာစေကြောင်းပြောပါတယ်။ ပြင်သစ်သမ္မတရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး နေတိုးအုပ်စုဝင်နိုင်ငံတွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့ကြောင်းသိရပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က ပြင်သစ်သမ္မတရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီး ဝေဖန်ပြစ်တင်ခဲ့ပြီး အမေရိကန်နိုင်ငံကလည်း တပ်ဖွဲ့ဝင်တွေစေလွှတ်မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်အရေအတွက် အနည်းငယ်ဟာ ယူကရိန်းစစ်ပွဲမှာပါဝင်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ရမယ့်အစီအစဉ်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံတွေကြား တပ်ဖွဲ့ဝင်စေလွှတ်ဖို့ သဘောထားကွဲလွဲနေပေမယ့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးတာကိုဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်အစိုးရကလည်း ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံကူညီထောက်ပံ့ပေးဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံကူညီထောက်ပံ့ပေးဖို့ ကြိုးပမ်းနေပေမယ့် အောက်လွှတ်တော်ရဲ့ကန့်ကွက်မှုများနဲ့ရင်ဆိုင်နေရကြောင်းသိရပါတယ်။

zawgyi version
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ ျပင္သစ္ႏိုင္ငံၾကား သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚခဲ့ဟု Bloomberg သတင္းဌာနေဖာ္ျပ
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အေမရိကန္အစိုးရဟာ ျပင္သစ္သမၼတ မက္ခ႐ြန္ရဲ႕ေျပာဆိုခ်က္ေတြကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း အေမရိကန္အေျခစိုက္ Bloomberg သတင္းဌာနကေဖာ္ျပထားပါတယ္။

ျပင္သစ္သမၼတ မက္ခ႐ြန္က ႐ုရွားကို ဟန႔္တားႏိုင္ဖို႔ရည္႐ြယ္ၿပီး ယူကရိန္းကို စစ္လက္နက္ ပစၥည္းေတြအျပင္ ေနတိုးတပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ခ်ထားမယ္လို႔ေျပာဆိုခဲ့ရာ အျငင္းပြားမႈေတြျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရတာဝန္ရွိသူအခ်ိဳ႕က ျပင္သစ္သမၼတရဲ႕ေျပာဆိုခ်က္ေတြဟာ ႐ုရွားႏိုင္ငံနဲ႔ထိပ္တိုက္ေတြ႕ဆုံမယ့္ လမ္းေၾကာင္းကို ဦးတည္လာေစေၾကာင္းေျပာပါတယ္။ ျပင္သစ္သမၼတရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ေနတိုးအုပ္စုဝင္ႏိုင္ငံေတြၾကားမွာလည္း သေဘာထားကြဲလြဲမႈေတြျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕က ျပင္သစ္သမၼတရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ေဝဖန္ျပစ္တင္ခဲ့ၿပီး အေမရိကန္ႏိုင္ငံကလည္း တပ္ဖြဲ႕ဝင္ေတြေစလႊတ္မွာမဟုတ္ဘူးလို႔ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕တပ္ဖြဲ႕ဝင္အေရအတြက္ အနည္းငယ္ဟာ ယူကရိန္းစစ္ပြဲမွာပါဝင္ဖို႔ တပ္ဖြဲ႕ဝင္ေတြေစလႊတ္ရမယ့္အစီအစဥ္ကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ေနတိုးအုပ္စုအဖြဲ႕ဝင္ႏိုင္ငံေတြၾကား တပ္ဖြဲ႕ဝင္ေစလႊတ္ဖို႔ သေဘာထားကြဲလြဲေနေပမယ့္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးတာကိုဆက္လက္လုပ္ေဆာင္မွာျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္အစိုးရကလည္း ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၆၄ ဘီလ်ံကူညီေထာက္ပံ့ေပးဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၆၄ ဘီလ်ံကူညီေထာက္ပံ့ေပးဖို႔ ႀကိဳးပမ္းေနေပမယ့္ ေအာက္လႊတ္ေတာ္ရဲ႕ကန႔္ကြက္မႈမ်ားနဲ႔ရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.