အမေရိကန်နိုင်ငံထံ အစ္စရေးကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ခြင်းရဲ့အဓိကအကြာင်းအရင်းကို အစ္စရေးဝန်ကြီးချုပ်ရှင်းလင်း

 736

ဂျန်ဇက် (NP News) - မတ် ၂၈

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အမေရိကန်နိုင်ငံကို အစ္စရေးအစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်တွေ မစေလွှတ်ခြင်းဟာ ဟားမက်စ်အဖွဲ့ကို မက်ဆေ့ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အမေရိကန်လုံခြုံရေးကောင်စီ အစည်း အဝေးအဝေးပွဲမှာ ဂါဇာအရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာသုံး ကန့်ကွက်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် အစ္စရေးက အမေရိကန်နိုင်ငံထံ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဂါဇာအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ အလွန်ဆိုးရွားလွန်းခဲ့တယ်လို့ထင်မိပါတယ်။ ဟားမက်စ်အဖွဲ့ဟာ နိုင်ငံတကာဖိအားတွေကို အသုံးချပြီး အစ္စရေးကို တားဆီးဖို့ ကြိုးပမ်းနေတာဖြစ်တယ်။" လို့ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က အမေရိကန်နိုင်ငံကို အစ္စရေးကိုယ်စားလှယ်အဖွဲ့ မစေလွှတ်တော့တဲ့ ဆုံးဖြတ်ချက်ဟာ ဟားမက်စ်အဖွဲ့ကိုပြင်းထန်တဲ့ မက်ဆေ့ပေးလိုက်တာမျိုးဖြစ်ကြောင်း၊ဟားမက်စ်အနေနဲ့ နိုင်ငံတကာကို ဖိအားပေးတာမျိုးမလုပ်ဖို့ နဲ့ နိုင်ငံတကာကို ဖိအားပေးရုံနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာ မက်ဆေ့ပေးခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်ဟာ အစ္စရေးကို ဂါဇာဒေသရှိ ရာဖယ်မြို့ကိုတိုက်ခိုက်ခြင်းများမလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် အစ္စရေးက လက်ခံခြင်းမရှိဘဲသဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့ကြောင်းသိရပါတယ်။ အမေရိကန်က ရာဖယ်မြို့ကို တိုက်ခိုက်မယ်ဆိုရင် အရပ်သားတွေ ပိုမိုသေဆုံးနိုင်ဖွယ်ရှိတဲ့အတွက်မတိုက်ခိုက်ဖို့ တောင်းဆိုခဲ့ပေမယ့် အစ္စရေးကတော့ ရာဖယ်မြို့ကိုမတိုက်ခိုက်ဘူးဆိုရင်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံထံ အစၥေရးကိုယ္စားလွယ္အဖြဲ႕ မေစလႊတ္ျခင္းရဲ႕အဓိကအၾကာင္းအရင္းကို အစၥေရးဝန္ႀကီးခ်ဳပ္ရွင္းလင္း
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အေမရိကန္ႏိုင္ငံကို အစၥေရးအစိုးရအဖြဲ႕ဝင္ကိုယ္စားလွယ္ေတြ မေစလႊတ္ျခင္းဟာ ဟားမက္စ္အဖြဲ႕ကို မက္ေဆ့ေပးလိုက္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ အေမရိကန္လုံၿခဳံေရးေကာင္စီ အစည္း အေဝးအေဝးပြဲမွာ ဂါဇာအေရးနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္မူၾကမ္းကို ဗီတိုအာဏာသုံး ကန႔္ကြက္ဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ အစၥေရးက အေမရိကန္ႏိုင္ငံထံ ကိုယ္စားလွယ္အဖြဲ႕ေစလႊတ္မယ့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ေၾကာင္းသိရပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက "ဂါဇာအေရးနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးေကာင္စီအစည္းအေဝးမွာ အေမရိကန္ရဲ႕ဆုံးျဖတ္ခ်က္ဟာ အလြန္ဆိုး႐ြားလြန္းခဲ့တယ္လို႔ထင္မိပါတယ္။ ဟားမက္စ္အဖြဲ႕ဟာ ႏိုင္ငံတကာဖိအားေတြကို အသုံးခ်ၿပီး အစၥေရးကို တားဆီးဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္။" လို႔ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က အေမရိကန္ႏိုင္ငံကို အစၥေရးကိုယ္စားလွယ္အဖြဲ႕ မေစလႊတ္ေတာ့တဲ့ ဆုံးျဖတ္ခ်က္ဟာ ဟားမက္စ္အဖြဲ႕ကိုျပင္းထန္တဲ့ မက္ေဆ့ေပးလိုက္တာမ်ိဳးျဖစ္ေၾကာင္း၊ဟားမက္စ္အေနနဲ႔ ႏိုင္ငံတကာကို ဖိအားေပးတာမ်ိဳးမလုပ္ဖို႔ နဲ႔ ႏိုင္ငံတကာကို ဖိအားေပး႐ုံနဲ႔ အလုပ္ျဖစ္မွာမဟုတ္ဘူးဆိုတာ မက္ေဆ့ေပးျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။ အေမရိကန္ဟာ အစၥေရးကို ဂါဇာေဒသရွိ ရာဖယ္ၿမိဳ႕ကိုတိုက္ခိုက္ျခင္းမ်ားမလုပ္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အစၥေရးက လက္ခံျခင္းမရွိဘဲသေဘာထားကြဲလြဲမႈေတြျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္က ရာဖယ္ၿမိဳ႕ကို တိုက္ခိုက္မယ္ဆိုရင္ အရပ္သားေတြ ပိုမိုေသဆုံးႏိုင္ဖြယ္ရွိတဲ့အတြက္မတိုက္ခိုက္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အစၥေရးကေတာ့ ရာဖယ္ၿမိဳ႕ကိုမတိုက္ခိုက္ဘူးဆိုရင္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အၿပီးသတ္ေခ်မႈန္းႏိုင္မွာမဟုတ္ဘူးလို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.