သူလျှိူလုပ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရုရှားကိုယ်စားလှယ်အဖွဲ့ သွားရောက်လည်ပတ်

 312

Pika (NP News) - မတ် ၂၈

ရုရှားပြည်ပထောက်လှမ်းရေးဗျူရို၏ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ(၂၅)ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး သူလျှိူလုပ်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ(၂၈)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှားပြည်ပထောက်လှမ်းရေးဗျူရို ဒါရိုက်တာ Sergei E Naryshkin နှင့် မြောက်ကိုရီးယားနိုင်ငံ လုံခြုံရေးဝန်ကြီး Ri Chang Dae တို့သည် ကိုရီးယားကျွန်းဆွယ်၊ရုရှားတို့နှင့်ပတ်သက်သည့် နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ရုရှားပြည်ပထောက်လှမ်းရေးဗျူရို နှင့် မြောက်ကိုရီးယားနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် လုပ်ငန်းအဆင့်ဆွေးနွေးပွဲများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း KCNA က ဖော်ပြထားသည်။ ထို့အပြင် နှစ်နိုင်ငံစလုံးသည် ရန်သူများ၏ ကြီးထွားလာနေသော သူလျှိူလုပ်မှုများ နှင့် အကြံအစည်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေသော မြောက်ကိုရီးယားအာဏာရအလုပ်သမားပါတီမှ နိုင်ငံတကာညွှန်ကြားရေးမှူး ကင်ဆောင်းနမ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ(၂၇)ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သော Truong Thi Mai နှင့် ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဗီယက်နမ် နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးမြှင့်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
သူလွ်ိဴလုပ္မႈတိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုေဆြးေႏြးရန္ ေျမာက္ကိုရီးယားသို႔ ႐ုရွားကိုယ္စားလွယ္အဖြဲ႕ သြားေရာက္လည္ပတ္
Pika (NP News) - မတ္ ၂၈

႐ုရွားျပည္ပေထာက္လွမ္းေရးဗ်ဴ႐ို၏ ကိုယ္စားလွယ္အဖြဲ႕သည္ မတ္လ(၂၅)ရက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး သူလွ်ိဴလုပ္မႈတိုက္ဖ်က္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း ႏိုင္ငံပိုင္မီဒီယာ KCNA က မတ္လ(၂၈)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

႐ုရွားျပည္ပေထာက္လွမ္းေရးဗ်ဴ႐ို ဒါ႐ိုက္တာ Sergei E Naryshkin ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံ လုံၿခဳံေရးဝန္ႀကီး Ri Chang Dae တို႔သည္ ကိုရီးယားကြၽန္းဆြယ္၊႐ုရွားတို႔ႏွင့္ပတ္သက္သည့္ ႏိုင္ငံတကာႏွင့္ ေဒသတြင္းအေျခအေနမ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္း KCNA က ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါ ခရီးစဥ္အတြင္း ႐ုရွားျပည္ပေထာက္လွမ္းေရးဗ်ဴ႐ို ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံ လုံၿခဳံေရးဝန္ႀကီးဌာနတို႔မွ တာဝန္ရွိသူမ်ားသည္ လုပ္ငန္းအဆင့္ေဆြးေႏြးပြဲမ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကေၾကာင္း KCNA က ေဖာ္ျပထားသည္။ ထို႔အျပင္ ႏွစ္ႏိုင္ငံစလုံးသည္ ရန္သူမ်ား၏ ႀကီးထြားလာေနေသာ သူလွ်ိဴလုပ္မႈမ်ား ႏွင့္ အႀကံအစည္မ်ားကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုလည္း ျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ဗီယက္နမ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္ေနေသာ ေျမာက္ကိုရီးယားအာဏာရအလုပ္သမားပါတီမွ ႏိုင္ငံတကာၫႊန္ၾကားေရးမႉး ကင္ေဆာင္းနမ္ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ မတ္လ(၂၇)ရက္တြင္ ဗီယက္နမ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၏ အၿမဲတမ္းအဖြဲ႕ဝင္တစ္ဦးျဖစ္ေသာ Truong Thi Mai ႏွင့္ ဟႏြိဳင္းၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ဗီယက္နမ္ ႏွင့္ ေျမာက္ကိုရီးယားတို႔သည္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကို တိုးျမႇင့္ရန္ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုအားေကာင္းလာေအာင္ လုပ္ေဆာင္ရန္အတြက္ ေဆြးေႏြးခဲ့ၾကေၾကာင္း KCNA က ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.