အစ္စရေးနယ်စပ်ကို ဒါဇင်နှင့်ချီသောဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ပြော

 371

Pika (NP News) - မတ် ၂၈

မတ်လ(၂၇)ရက် အစောပိုင်းတွင် အစ္စရေးနယ်စပ်ရှိ Kiryat Shmona မြို့ကို ဒါဇင်နှင့်ချီသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ က ပြောကြားခဲ့သည်။

မတ်လ(၂၇)ရက် အစောပိုင်းတွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Hebbariyeh မြို့ကို အစ္စရေးတို့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် အစ္စရေးနှင့် ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဖက်စလုံးက စစ်ပွဲဖြစ်ပွားမည်ကို မလိုလားကြောင်းနှင့် သံတမန်ရေးအရ လုပ်ဆောင်ရန် လမ်းဖွင့်ထားကြောင်း ပြောဆိုထားကြသော်လည်း ယခုသီတင်းပတ်အတွင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတ်လ(၂၇)ရက်တွင် အစ္စရေးက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟစ်ဘိုလာလက်နက်ကိုင် အဖွဲ့ဝင်များ အပါအဝင် အနည်းဆုံးလူ(၈)ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Tair Harfa ရွာတွင် လူ(၅)ဦးသေဆုံးခဲ့ပြီး Naqura မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အခြားလူ(၃)ဦးသေဆုံးခဲ့ ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မတ်လ(၂၇)ရက်တွင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် Kiryat Shmona မြို့တွင် စက်ရုံအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေး အရေးပေါ်ဝန်ဆောင်မှုများက ပြောကြားခဲ့သည်။

Zawgyi Version;
အစၥေရးနယ္စပ္ကို ဒါဇင္ႏွင့္ခ်ီေသာဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ ေျပာ
Pika (NP News) - မတ္ ၂၈

မတ္လ(၂၇)ရက္ အေစာပိုင္းတြင္ အစၥေရးနယ္စပ္ရွိ Kiryat Shmona ၿမိဳ႕ကို ဒါဇင္ႏွင့္ခ်ီေသာ ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ က ေျပာၾကားခဲ့သည္။

မတ္လ(၂၇)ရက္ အေစာပိုင္းတြင္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ Hebbariyeh ၿမိဳ႕ကို အစၥေရးတို႔က ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈအား လက္တုံ႔ျပန္သည့္အေနျဖင့္ ယခုကဲ့သို႔ပစ္ခတ္တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့သည္။

ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ အစၥေရးႏွင့္ ဟစ္ဘိုလာလက္နက္ ကိုင္အဖြဲ႕တို႔သည္ နယ္စပ္ျဖတ္ေက်ာ္ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ ႏွစ္ဖက္စလုံးက စစ္ပြဲျဖစ္ပြားမည္ကို မလိုလားေၾကာင္းႏွင့္ သံတမန္ေရးအရ လုပ္ေဆာင္ရန္ လမ္းဖြင့္ထားေၾကာင္း ေျပာဆိုထားၾကေသာ္လည္း ယခုသီတင္းပတ္အတြင္း အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

မတ္လ(၂၇)ရက္တြင္ အစၥေရးက ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ဟစ္ဘိုလာလက္နက္ကိုင္ အဖြဲ႕ဝင္မ်ား အပါအဝင္ အနည္းဆုံးလူ(၈)ဦး ေသဆုံးခဲ့ေၾကာင္း လက္ဘႏြန္ႏိုင္ငံရွိ လုံၿခဳံေရးသတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။

Tair Harfa ႐ြာတြင္ လူ(၅)ဦးေသဆုံးခဲ့ၿပီး Naqura ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုတြင္ အျခားလူ(၃)ဦးေသဆုံးခဲ့ ေၾကာင္း လုံၿခဳံေရးသတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ မတ္လ(၂၇)ရက္တြင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ က ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ Kiryat Shmona ၿမိဳ႕တြင္ စက္႐ုံအလုပ္သမားတစ္ဦး ေသဆုံးခဲ့ေၾကာင္း အစၥေရး အေရးေပၚဝန္ေဆာင္မႈမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.