အမေရိကန်နဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ထပ်မံချမှတ်

 441

ဂျန်ဇက် (NP News) - မတ် ၂၈

အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းအစီအစဉ်တွေကို ကူညီထောက်ပံ့ပေးမှုတွေနဲ့ ပတ်သက်ပြီး ယူအေအီး၊ တရုတ် နဲ့ ရုရှားနိုင်ငံတို့မှအဖွဲ့အစည်းနှစ်ခုနဲ့ လူပုဂ္ဂိုလ် ၆ ဦးကို ပစ်မှတ်ထား ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကလည်း အမေရိကန်နိုင်ငံအတိုင်း အဲဒီ လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတို့ဟာ Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho နဲ့ Jon Yon Gun ဆိုသူတို့ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံအခြေစိုက် Alis LLC, ကုမ္ပဏီနဲ့ ယူအေအီးအခြေစိုက် Pioneer Bencont Star Real Estate ကုမ္ပဏီတို့ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ မြောက်ကိုရီးယားရဲ့စစ်တပ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Chinyong Information Technology နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း ၎င်းတို့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို တရားမဝင်ဘဏ္ဍာရေးကူညီပေးနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆက်နွယ်သူတွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ ေတာင္ကိုရီးယားက ေျမာက္ကိုရီးယားနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔မႈေတြ ထပ္မံခ်မွတ္
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အေမရိကန္အစိုးရဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္းအစီအစဥ္ေတြကို ကူညီေထာက္ပံ့ေပးမႈေတြနဲ႔ ပတ္သက္ၿပီး ယူေအအီး၊ တ႐ုတ္ နဲ႔ ႐ုရွားႏိုင္ငံတို႔မွအဖြဲ႕အစည္းႏွစ္ခုနဲ႔ လူပုဂၢိဳလ္ ၆ ဦးကို ပစ္မွတ္ထား ပိတ္ဆို႔မႈ ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ရဲ႕မဟာမိတ္ျဖစ္တဲ့ေတာင္ကိုရီးယားႏိုင္ငံကလည္း အေမရိကန္ႏိုင္ငံအတိုင္း အဲဒီ လူပုဂၢိဳလ္ေျခာက္ဦးနဲ႔ အဖြဲ႕အစည္းေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံတို႔ဟာ Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho နဲ႔ Jon Yon Gun ဆိုသူတို႔ကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ႐ုရွားႏိုင္ငံအေျခစိုက္ Alis LLC, ကုမၸဏီနဲ႔ ယူေအအီးအေျခစိုက္ Pioneer Bencont Star Real Estate ကုမၸဏီတို႔ကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဲဒီလူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြဟာ ေျမာက္ကိုရီးယားရဲ႕စစ္တပ္ပိုင္လုပ္ငန္းတစ္ခုျဖစ္တဲ့ Chinyong Information Technology နဲ႔ ပူးေပါင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားအစိုးရကလည္း ၎တို႔အေနနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံကို တရားမဝင္ဘ႑ာေရးကူညီေပးေနတဲ့ အဖြဲ႕အစည္းနဲ႔ လူပုဂၢိဳလ္ေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္၊ ေတာင္ကိုရီးယားတို႔ဟာ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္နဲ႔ န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ဆက္ႏြယ္သူေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.