ဘတ်စ်ကားမောင်းသူများ၏ သပိတ်မှောက်မှုကြောင့် ဆိုးလ်မြို့တွင် သွားလာရေးအခက်အခဲများရှိလာ

 930

ALynn (NP News) - မတ် ၂၈

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဘတ်စ်ကားမောင်းသူများသည် လစာတိုးမြှင့်ပေးရန် ညှိနှိုင်းကြရာ အောင်မြင်မှုမရသည့်အဆုံး မတ်လ ၂၈ ရက် (ကြာသပတေးနေ့) တွင် သပိတ်မှောက်ခဲ့ကြသည်။ ထို့ကြောင့် မြို့တော်တွင် လူပေါင်း ၉ သန်းကျော်၊ မြို့စွန်များတွင် ၁ သန်းကျော်လောက် သွားလာရေး အခက်ကြုံသွားခဲ့သည်။ ထိုသို့သော အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နောက်ထပ်ရထားများ ပြေးဆွဲပေးခြင်း၊ မြေအောက်ရထား များကို နာရီပေါင်းများစွာ တိုးချဲ့ပြေးဆွဲပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့တော်အစိုးရမှ ပြောကြားခဲ့သည်။ မြို့တော်၏ ၂၅ ခရိုင်တွင် မြေအောက်ရထားဘူတာရုံများသို့ ပြေးဆွဲပေးသည့် ဘတ်စ်ကား အစီးရေ ၄၈ဝ ကိုလည်း ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့တော်တွင် ဘတ်စ်ကားမောင်းသူများ၏ ယခုသပိတ်သည် ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ဘတ်စ်ကားပြေးဆွဲခြင်း ၉၇ ရာခိုင်နှုန်းကို ဝန်ဆောင်မှုပေးနေသည့် ဆိုးလ်ဘတ်စ်အလုပ်သမားသမဂ္ဂက ၎င်းတို့၏ အလုပ်ရှင်များကို နာရီအလိုက်လုပ်အားခ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းမှု မအောင်မြင်ခဲ့ခြင်းကြောင့် ယခုလို ဆန္ဒပြရခြင်းဖြစ်သည်။

"သမဂ္ဂနှင့် စီမံခန့်ခွဲရေးတို့ကြား သဘောတူညီချက်မကြာမီ အမြန်ဆုံးရရှိရန် ကျွန်ုပ်တို့အားလုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်" ဟု ဆိုးလ်မြို့တော်၏ သယ်ယူပို့ဆောင်ရေး စီမံကိန်းဗျူရိုမှ အကြီးအကဲ Yoon Jong-jang က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆိုးလ်မြို့ရှိ ဘတ်စ်ကားများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းစနစ်ဖြင့် လည်ပတ်လျက်ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ဘတ်စ်ကားများကို စီမံခန့်ခွဲပြီး မြို့တော်အစိုးရကမူ ဝန်ဆောင်မှုများ အဆင်ပြေရန် စည်းမျဉ်းများ ချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

တောင်ကိုရီးယားတွင် အစိုးရ၏ ဆေးကျောင်းဝင်ခွင့် တိုးမြှင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ထောင်နဲ့ချီသော အလုပ်သင်ဆရာဝန်များ၏ သပိတ်မှောက်မှုလည်း ရှိနေပါသည်။ သက်ကြီးရွယ်အိုနှုန်း မြင့်မားလာသည့် နိုင်ငံ၏အခြေအနေကြောင့် ဆရာဝန်ရှားပါးမှုကို ကုစားရန် ၎င်းအစီအစဉ်မှာ အရေးကြီးကြောင်း အစိုးရက ပြောကြားထားသော်လည်း အလုပ်သင်ဆရာဝန်များ၏ လုပ်ငန်းခွင်အခြေအနေများကို အာဏာပိုင်များက ပိုမိုကောင်းမွန်အောင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဝေဖန်သူများက သုံးသပ်ထားသည်။

Zawgyi Version;
ဘတ္စ္ကားေမာင္းသူမ်ား၏ သပိတ္ေမွာက္မႈေၾကာင့္ ဆိုးလ္ၿမိဳ႕တြင္ သြားလာေရးအခက္အခဲမ်ားရွိလာ
ALynn (NP News) - မတ္ ၂၈

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕တြင္ ဘတ္စ္ကားေမာင္းသူမ်ားသည္ လစာတိုးျမႇင့္ေပးရန္ ညႇိႏႈိင္းၾကရာ ေအာင္ျမင္မႈမရသည့္အဆုံး မတ္လ ၂၈ ရက္ (ၾကာသပေတးေန႔) တြင္ သပိတ္ေမွာက္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ၿမိဳ႕ေတာ္တြင္ လူေပါင္း ၉ သန္းေက်ာ္၊ ၿမိဳ႕စြန္မ်ားတြင္ ၁ သန္းေက်ာ္ေလာက္ သြားလာေရး အခက္ႀကဳံသြားခဲ့သည္။ ထိုသို႔ေသာ အၾကပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ရန္ ေနာက္ထပ္ရထားမ်ား ေျပးဆြဲေပးျခင္း၊ ေျမေအာက္ရထား မ်ားကို နာရီေပါင္းမ်ားစြာ တိုးခ်ဲ႕ေျပးဆြဲေပးျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဆိုးလ္ၿမိဳ႕ေတာ္အစိုးရမွ ေျပာၾကားခဲ့သည္။ ၿမိဳ႕ေတာ္၏ ၂၅ ခ႐ိုင္တြင္ ေျမေအာက္ရထားဘူတာ႐ုံမ်ားသို႔ ေျပးဆြဲေပးသည့္ ဘတ္စ္ကား အစီးေရ ၄၈ဝ ကိုလည္း ပံ့ပိုးေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ေတာ္တြင္ ဘတ္စ္ကားေမာင္းသူမ်ား၏ ယခုသပိတ္သည္ ၁၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ျဖစ္သည္။ ဘတ္စ္ကားေျပးဆြဲျခင္း ၉၇ ရာခိုင္ႏႈန္းကို ဝန္ေဆာင္မႈေပးေနသည့္ ဆိုးလ္ဘတ္စ္အလုပ္သမားသမဂၢက ၎တို႔၏ အလုပ္ရွင္မ်ားကို နာရီအလိုက္လုပ္အားခ ၁၂ ဒသမ ၇ ရာခိုင္ႏႈန္း တိုးျမႇင့္ေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္း ညႇိႏႈိင္းမႈ မေအာင္ျမင္ခဲ့ျခင္းေၾကာင့္ ယခုလို ဆႏၵျပရျခင္းျဖစ္သည္။

"သမဂၢႏွင့္ စီမံခန႔္ခြဲေရးတို႔ၾကား သေဘာတူညီခ်က္မၾကာမီ အျမန္ဆုံးရရွိရန္ ကြၽႏ္ုပ္တို႔အားလုံး အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္" ဟု ဆိုးလ္ၿမိဳ႕ေတာ္၏ သယ္ယူပို႔ေဆာင္ေရး စီမံကိန္းဗ်ဴ႐ိုမွ အႀကီးအကဲ Yoon Jong-jang က ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ဆိုးလ္ၿမိဳ႕ရွိ ဘတ္စ္ကားမ်ားကို အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္းစနစ္ျဖင့္ လည္ပတ္လ်က္ရွိသည္။ ပုဂၢလိက ကုမၸဏီမ်ားက ဘတ္စ္ကားမ်ားကို စီမံခန႔္ခြဲၿပီး ၿမိဳ႕ေတာ္အစိုးရကမူ ဝန္ေဆာင္မႈမ်ား အဆင္ေျပရန္ စည္းမ်ဥ္းမ်ား ခ်မွတ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိသည္။

ေတာင္ကိုရီးယားတြင္ အစိုးရ၏ ေဆးေက်ာင္းဝင္ခြင့္ တိုးျမႇင့္ေရး အစီအစဥ္ကို ဆန႔္က်င္ကန႔္ကြက္သည့္အေနျဖင့္ ေထာင္နဲ႔ခ်ီေသာ အလုပ္သင္ဆရာဝန္မ်ား၏ သပိတ္ေမွာက္မႈလည္း ရွိေနပါသည္။ သက္ႀကီး႐ြယ္အိုႏႈန္း ျမင့္မားလာသည့္ ႏိုင္ငံ၏အေျခအေနေၾကာင့္ ဆရာဝန္ရွားပါးမႈကို ကုစားရန္ ၎အစီအစဥ္မွာ အေရးႀကီးေၾကာင္း အစိုးရက ေျပာၾကားထားေသာ္လည္း အလုပ္သင္ဆရာဝန္မ်ား၏ လုပ္ငန္းခြင္အေျခအေနမ်ားကို အာဏာပိုင္မ်ားက ပိုမိုေကာင္းမြန္ေအာင္ ဦးစားေပး လုပ္ေဆာင္သင့္ေၾကာင္း ေဝဖန္သူမ်ားက သုံးသပ္ထားသည္။

Related news

© 2021. All rights reserved.