ငွေသားအသုံးပြုမှုက နှစ်ပေါင်း ၂ဝ ကျော်အတွင်းပျောက်ကွယ်သွားဖွယ်ရှိနေဟု ရုရှားနိုင်ငံသားများ ယုံကြည်နေ

 580

ဂျန်ဇက် (NP News) - မတ် ၂၈

ရုရှားလူငယ်တွေအပါအဝင် ရုရှားနိုင်ငံသားတစ်ဝက်ကျော်က ငွေသား အသုံးပြုဟာ ကာလအတန်ကြာဆက်ရှိတော့မှာ မဟုတ်ဘူးဆိုတဲ့အချက်ကို ယုံကြည်နေကြောင်း မကြာသေးမီကပြုလုပ်တဲ့ Public Opinion Research Center (VCIOM) စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီစစ်တမ်းကိုဖြေဆိုသူအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းက နေ့စဉ်အသုံးပြုနေတဲ့ ငွေသားဟာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အသုံးပြုမှုနည်းပါးသွားနိုင်ကြောင်း ဖြေဆိုထားပါတယ်။ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူအားလုံးအနက် မြို့ကြီးတွေမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ဖြေဆိုသူအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်းက ငွေကြေးဟာ လာမယ့်နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပျောက်ဆုံးဖွယ်ရှိနေကြောင်း ဆိုထားပါတယ်။

ရုရှားနိုင်ငံသား ၈၉ ရာခိုင်နှုန်းရဲ့ ၁ဝ ဦးထဲမှာ ၉ ဦးဟာ ၎င်းတို့နေ့စဉ်ရှင်သန်နေထိုင်ဖို့အတွက် ငွေကြေး ပေးချေတဲ့ကဒ်တွေကို အဓိကထားအသုံးပြုနေကြောင်း သိရပါတယ်။ ရုရှားနိုင်ငံသား ၁ဝ ဦးထဲမှာ ၆ ဦးက ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ငွေကြေးပေးချေရာမှာ ငွေသားပေးချေမှုထက် ကဒ်တွေကိုအသုံးပြုခဲ့ကြောင်း သိရပါတယ်။

(VCIOM) အဖွဲ့ဟာ မတ်လ ၁၆ ရက်မှာ ဖုန်းဆက်ပြီး စစ်တမ်းကောက်ယူခဲ့ပြီး စစ်တမ်းဖြေဆိုသူတွေဟာ အသက် ၁၈ နှစ်နဲ့အထက်အရွယ်များဖြစ်ကြောင်း သိရပါတယ်။ စစ်တမ်းကို အသက် ၁၈ နှစ်နဲ့အထက် လူပေါင်း ၁၆ဝဝ ကျော်ဖြေဆိုခဲ့ပြီး အများစုက debit cards အသုံးပြုမှုတွေကို အဓိကထားလုပ်ဆောင်ကြောင်း ဖြေဆိုခဲ့ပါတယ်။

Zawgyi Version;
ေငြသားအသုံးျပဳမႈက ႏွစ္ေပါင္း ၂ဝ ေက်ာ္အတြင္းေပ်ာက္ကြယ္သြားဖြယ္ရွိေနဟု ႐ုရွားႏိုင္ငံသားမ်ား ယုံၾကည္ေန
ဂ်န္ဇက္ (NP News) - မတ္ ၂၈

႐ုရွားလူငယ္ေတြအပါအဝင္ ႐ုရွားႏိုင္ငံသားတစ္ဝက္ေက်ာ္က ေငြသား အသုံးျပဳဟာ ကာလအတန္ၾကာဆက္ရွိေတာ့မွာ မဟုတ္ဘူးဆိုတဲ့အခ်က္ကို ယုံၾကည္ေနေၾကာင္း မၾကာေသးမီကျပဳလုပ္တဲ့ Public Opinion Research Center (VCIOM) စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီစစ္တမ္းကိုေျဖဆိုသူအားလုံးရဲ႕ ၅၄ ရာခိုင္ႏႈန္းက ေန႔စဥ္အသုံးျပဳေနတဲ့ ေငြသားဟာ ႏွစ္ေပါင္း ၂ဝ ေက်ာ္အတြင္း အသုံးျပဳမႈနည္းပါးသြားႏိုင္ေၾကာင္း ေျဖဆိုထားပါတယ္။ စစ္တမ္းမွာ ပါဝင္ေျဖဆိုသူအားလုံးအနက္ ၿမိဳ႕ႀကီးေတြမွာ ေနထိုင္တဲ့ အသက္ ၁၈ ႏွစ္နဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ေျဖဆိုသူအားလုံးရဲ႕ ၆ဝ ရာခိုင္ႏႈန္းက ေငြေၾကးဟာ လာမယ့္ႏွစ္ေပါင္း ၂ဝ ေက်ာ္အတြင္း ေပ်ာက္ဆုံးဖြယ္ရွိေနေၾကာင္း ဆိုထားပါတယ္။

႐ုရွားႏိုင္ငံသား ၈၉ ရာခိုင္ႏႈန္းရဲ႕ ၁ဝ ဦးထဲမွာ ၉ ဦးဟာ ၎တို႔ေန႔စဥ္ရွင္သန္ေနထိုင္ဖို႔အတြက္ ေငြေၾကး ေပးေခ်တဲ့ကဒ္ေတြကို အဓိကထားအသုံးျပဳေနေၾကာင္း သိရပါတယ္။ ႐ုရွားႏိုင္ငံသား ၁ဝ ဦးထဲမွာ ၆ ဦးက ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း ေငြေၾကးေပးေခ်ရာမွာ ေငြသားေပးေခ်မႈထက္ ကဒ္ေတြကိုအသုံးျပဳခဲ့ေၾကာင္း သိရပါတယ္။

(VCIOM) အဖြဲ႕ဟာ မတ္လ ၁၆ ရက္မွာ ဖုန္းဆက္ၿပီး စစ္တမ္းေကာက္ယူခဲ့ၿပီး စစ္တမ္းေျဖဆိုသူေတြဟာ အသက္ ၁၈ ႏွစ္နဲ႔အထက္အ႐ြယ္မ်ားျဖစ္ေၾကာင္း သိရပါတယ္။ စစ္တမ္းကို အသက္ ၁၈ ႏွစ္နဲ႔အထက္ လူေပါင္း ၁၆ဝဝ ေက်ာ္ေျဖဆိုခဲ့ၿပီး အမ်ားစုက debit cards အသုံးျပဳမႈေတြကို အဓိကထားလုပ္ေဆာင္ေၾကာင္း ေျဖဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.