ရုရှားနိုင်ငံသားများ ပြည်ပထွက်ချိန်မှာ သတိထားဖို့ ရုရှားအစိုးရ သတိပေး

 690

ဂျန်ဇက် (NP News) - မတ် ၂၈

ရုရှားနိုင်ငံသားတွေဟာ နိုင်ငံပြင်ပ ကိုခရီးသွားရောက်ရာမျာ အလွန်ဂရုစိုက်သတိထားဖို့ တိုက်တွန်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးပြီး အမေရိကန်နိုင်ငံကို ပို့ဆောင်မယ့်အန္တရာယ်မျိုးရှိလာနိုင်တဲ့အတွက် သတိထားရ မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်တွေအရ တတိယနိုင်ငံရဲ့အဖွဲ့အစည်းတွေဟာ ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ အီဂျစ်၊ တူရကီ၊ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်နဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ရုရှားနိုင်ငံသားတွေကို ရုရှားလိုင်စင်ကား နံပါတ်တပ်ဆင်ထားတဲ့ကားတွေကို ဝင်ရောက်ခွင့်ပိတ်ပင်တာ၊ ရုရှားနိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို တင်းကြပ်မှုတွေ၊ တားဆီးပိတ်ပင်မှုတွေ လုပ်ဆောင် နေကြောင်း ရုရှားအစိုးရက သတိပေးထားပါတယ်။

ရုရှားအစိုးရအနေနဲ့ ရုရှားနိုင်ငံသားတွေကို သွားရောက်သင့်တဲ့ နိုင်ငံတွေစာရင်းကို သီခြားသတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း၊ အမေရိကန်အစိုးရဟာရုရှားနိုင်ငံသားတွေကို ပြန်ပေးဆွဲသလိုမျိုးလုပ်ဆောင်ဖို့ စီစဉ်လာနေခြင်းဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ခဲ့ပါတယ်။

ရုရှားနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နိုင်ငံခြားတိုင်းပြည်တွေမှာ ဖမ်းဆီးခံရပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးခံရမှုများရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံသားမ်ား ျပည္ပထြက္ခ်ိန္မွာ သတိထားဖို႔ ႐ုရွားအစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၈

႐ုရွားႏိုင္ငံသားေတြဟာ ႏိုင္ငံျပင္ပ ကိုခရီးသြားေရာက္ရာမ်ာ အလြန္ဂ႐ုစိုက္သတိထားဖို႔ တိုက္တြန္းလိုက္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

႐ုရွားႏိုင္ငံသားေတြကို ဖမ္းဆီးၿပီး အေမရိကန္ႏိုင္ငံကို ပို႔ေဆာင္မယ့္အႏၲရာယ္မ်ိဳးရွိလာႏိုင္တဲ့အတြက္ သတိထားရ မွာျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။ အေမရိကန္အစိုးရရဲ႕ေတာင္းဆိုခ်က္ေတြအရ တတိယႏိုင္ငံရဲ႕အဖြဲ႕အစည္းေတြဟာ ႐ုရွားႏိုင္ငံသားေတြကို ဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္း ႐ုရွားအစိုးရက ေျပာပါတယ္။

အေမရိကန္ႏိုင္ငံဟာ အီဂ်စ္၊ တူရကီ၊ ထိုင္း အပါအဝင္ ႏိုင္ငံေပါင္း ၁ဝဝ ေက်ာ္နဲ႔ တရားခံလႊဲေျပာင္းေပးေရး သေဘာတူညီမႈစာခ်ဳပ္မ်ား လက္မွတ္ေရးထိုးထားေၾကာင္း သိရပါတယ္။ ဥေရာပသမဂၢႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံသားေတြကို ႐ုရွားလိုင္စင္ကား နံပါတ္တပ္ဆင္ထားတဲ့ကားေတြကို ဝင္ေရာက္ခြင့္ပိတ္ပင္တာ၊ ႐ုရွားႏိုင္ငံသားေတြရဲ႕ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္ေတြကို တင္းၾကပ္မႈေတြ၊ တားဆီးပိတ္ပင္မႈေတြ လုပ္ေဆာင္ ေနေၾကာင္း ႐ုရွားအစိုးရက သတိေပးထားပါတယ္။

႐ုရွားအစိုးရအေနနဲ႔ ႐ုရွားႏိုင္ငံသားေတြကို သြားေရာက္သင့္တဲ့ ႏိုင္ငံေတြစာရင္းကို သီျခားသတင္းထုတ္ျပန္ေပးမွာ ျဖစ္ေၾကာင္း၊ အေမရိကန္အစိုးရဟာ႐ုရွားႏိုင္ငံသားေတြကို ျပန္ေပးဆြဲသလိုမ်ိဳးလုပ္ေဆာင္ဖို႔ စီစဥ္လာေနျခင္းျဖစ္ ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားကို ပိတ္ဆို႔မႈအမ်ိဳးမ်ိဳး ခ်မွတ္ခဲ့ၿပီး တင္းၾကပ္တဲ့ စည္းကမ္းေတြ သတ္မွတ္ခဲ့ပါတယ္။

႐ုရွားႏိုင္ငံသားေတြဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ဖမ္းဆီးခံရၿပီး အေမရိကန္ႏိုင္ငံကို လႊဲေျပာင္းေပးခံရမႈမ်ားရွိခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.