စစ်အုပ်ချုပ်ရေးကြေညာထားသည့် သိန္နီမြို့နယ်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့ တိုက်ပွဲဖြစ်

 11883

မြူနစ် (NP News) - မတ် ၂၈

တပ်မတော်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် သိန္နီမြို့နယ်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

MNDAA အဖွဲ့နှင့် SSPP အဖွဲ့တို့သည် မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စုအတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ဒရုန်းဖြင့် SSPP စစ်ကြောင်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း SSPP အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် MNDAA မှ အင်အား (၂၀၀)ခန့်ရှိသောအဖွဲ့သည် SSPP ၏ အထူးတပ်စခန်းတစ်ခုကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း (၅၀)ကျော် ဗုံးကြဲကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်လည်းဟု ထုတ်ပြန်ထားသည်။ ထိုသို့ MNDAA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် SSPP က ခုခံကာကွယ်သည့်အနေအထားဖြင့်သာ တိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြန်လည်သင့်မြတ်ရေးကို ရှေးရှုကာ တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ပြဿနာများကို ဖြေရှင်းသွားနိုင် ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် လုံးဝဖြေရှင်း၍မရပါက SSPP အနေဖြင့် ထိရောက်စွာ ပြန်လည်တုံ့ပြန်သွားမည်ဟုလည်း ကြေညာထားသည်။ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့သော သိန္နီမြို့နယ်သည် တပ်မတော်က စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်တစ်ခုလည်း ဖြစ်သည်။

zawgyi version
စစ္အုပ္ခ်ဳပ္ေရးေၾကညာထားသည့္ သိႏၷီၿမိဳ႕နယ္တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ SSPP တို႔ တိုက္ပြဲျဖစ္
ျမဴနစ္ (NP News) - မတ္ ၂၈

တပ္မေတာ္က စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားသည့္ သိႏၷီၿမိဳ႕နယ္တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ SSPP တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

MNDAA အဖြဲ႕ႏွင့္ SSPP အဖြဲ႕တို႔သည္ မတ္ ၂၆ ရက္ႏွင့္ ၂၇ ရက္တို႔တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္၊ နမ့္စလပ္ေက်း႐ြာအုပ္စုႏွင့္ စယ္အူေက်း႐ြာအုပ္စုအတြင္း၌ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ဒ႐ုန္းျဖင့္ SSPP စစ္ေၾကာင္းကို စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည့္အတြက္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ရျခင္းျဖစ္ေၾကာင္း SSPP အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ MNDAA မွ အင္အား (၂၀၀)ခန႔္ရွိေသာအဖြဲ႕သည္ SSPP ၏ အထူးတပ္စခန္းတစ္ခုကို တိုက္ခိုက္ေရးဒ႐ုန္းျဖင့္ အႀကိမ္ေပါင္း (၅၀)ေက်ာ္ ဗုံးႀကဲကာ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္လည္းဟု ထုတ္ျပန္ထားသည္။ ထိုသို႔ MNDAA ၏ ထိုးစစ္ဆင္တိုက္ခိုက္မႈအေပၚ SSPP က ခုခံကာကြယ္သည့္အေနအထားျဖင့္သာ တိုက္ခိုက္ခဲ့ၿပီး တိုင္းရင္းသား အခ်င္းခ်င္းျပန္လည္သင့္ျမတ္ေရးကို ေရွးရႈကာ ေတြ႕ဆုံေဆြးေႏြးမႈလမ္းစဥ္ျဖင့္ ျပႆနာမ်ားကို ေျဖရွင္းသြားႏိုင္ ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟုလည္း အသိေပးထုတ္ျပန္ထားသည္။

ယင္းကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးေရးလမ္းစဥ္ျဖင့္ လုံးဝေျဖရွင္း၍မရပါက SSPP အေနျဖင့္ ထိေရာက္စြာ ျပန္လည္တုံ႔ျပန္သြားမည္ဟုလည္း ေၾကညာထားသည္။ ယခုကဲ့သို႔ တိုက္ပြဲျဖစ္ပြားခဲ့ေသာ သိႏၷီၿမိဳ႕နယ္သည္ တပ္မေတာ္က စစ္အုပ္ခ်ဳပ္ေရးေၾကညာထားေသာ ၿမိဳ႕နယ္တစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.