သင်္ကြန်အပြီးတွင် စစ်မှုထမ်းလူငယ်များအတွက် သင်တန်းများစတင်မည်ဖြစ်ပြီး အဂတိ လိုက်စားခဲ့သော ရပ်/ ကျေးအုပ်ကြီးများလည်း ထောင်ချအရေးယူခံရလိမ့်မည်

 26917

Iris (NP News) - မတ် ၂၉

စစ်မှုထမ်းလာမည့်လူငယ်များကို သင်တန်းပေးမည့်လုပ်ငန်းစဉ် သင်္ကြန်အပြီးတွင် စတင်မည်ဖြစ်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအတွင်း၌ အဂတိလိုက်စားမှုများကြောင့် ထောင်ချအရေးယူ ခံရမည့်ပု ဂ္ဂိုလ်အများအပြား ပေါ်ပေါက်လာဦးမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များက အတည်ပြုပြောကြားသည်။

ဖေဖော်ဝါရီ(၁၀)ရက်ကကြေညာခဲ့သော စစ်မှုထမ်းဥပဒေကျင့်သုံးရေးလုပ်ငန်းစဉ်၏ ပထအဆင့်အဖြစ် စာရင်းပြုစုခြင်းများကို ယခုမတ်လလယ်မှ စတင်နေပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အတွင်းမှာပင် လူထုထံမှအသံမျိုးစုံထွက်ပေါ်လာနေပြီလည်း ဖြစ်သည်။ အထူးသဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးအချို့က စစ်မှုမထမ်းလိုလျှင် မည်၍မည်မျှ ပေးရမည်ဆိုသည့် ခွင့်ပြုထားခြင်းမရှိသော ငွေကြေးတောင်းခံမှုများ လုပ်ဆောင်ခြင်းနှင့် ပထမအသုတ်တွင် ၎င်းတို့၏ မိသားစုဝင် ဆက်စပ်ပတ်သက်သူများ ပါမသွားရေးအတွက် အဂတိလိုက်စားမှုများ လုပ်ဆောင်ခြင်းမျိုးလည်းဖြစ်သည်။ 'စာရင်းတွေကတော့ တစ်ပြိုင်တည်း ကောက်တာပေါ့လေ။ အဲဒီမှာ လာဦးမယ် ဈေးကွက်ကြီးတစ်ခုလိုမျိုးပေါ့ဘယ်သူတွေ အရေးယူခံရမလဲ မသိသေးဘူး။ အခုက ဘာမှမပြောသေးဘူး။ နောက်ပိုင်းမှာ ရပ်/ကျေးကစပြီး အထက် အဆင့်ဆင့်အထိ လိမ်ပြီးတင်တဲ့သူတွေ အသုတ်လိုက် အရေးယူခံရလိမ့်မယ်။ ဗဟိုမှာ လုံးပေါင်းစာရင်း အတိအကျရှိတယ်။ လုပ်စားနေတဲ့ ရပ်/ကျေး တွေနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ သေချာပေါက် အရေးယူခံရလိမ့်မယ်။ အခုကတော့ အသာလေး လွှတ်ထားတဲ့ သဘောပဲ'ဟု စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

ရပ်ကွက်/ ကျေးရွာအဆင့် စာရင်းပြုစုခြင်းလုပ်ငန်းစဉ်နှင့် မဲနှိုက်၍ရွေးချယ်ထားခြင်းလုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေးမှူးများ လာဘ်ယူအဂတိလိုက်စားပြီး မပါစေချင်သူ၊ ပါစေချင်သူ စသည်တို့ကို လိုသလို ကစားသည့် လုပ်ငန်းစဉ်များ ပေါ်ပေါက် နေကြောင်း၊ အချို့ကမူ စစ်မှုမထမ်းရစေရန် အာမခံသည်ဟုဆိုကာ လတ်တလောငွေရရေးအတွက် ခြောက် လှန့်သံပေး၍ လုပ်စားသူများရှိနေကြောင်း သက်ဆိုင်ရာတာဝန်ရှိ ခေါင်းဆောင်များက နားလည် သဘောပေါက်ပြီးသား ဖြစ်သည်ဟုဆိုသည်။ 'ခပ်တည်တည်နဲ့ ရပါတယ် လုပ်ရင်အပေါ်မှာစာရင်းက ရှိပြီးသား။ စာရင်းဇယားမှာ ဦးစားပေး(၁)၊(၂)၊(၃) အစရှိသဖြင့် ရှိတာမှာ နောက်ကကောင်က ဦးစားပေးဖြစ်ပြီး ရှေ့ကလူက နောက်ပြန်ရောက်တာမျိုးတွေ လုပ်စားထားတာတွေ လာဦးမှာပါ။ တိုင်ကြတောကြနဲ့။ လုပ်စားကိုင်စားတွေ အကုန်အကုပ်ခံရလိမ့်မယ်။ ဆေးစစ်တာလည်းပါတယ်။ တပ်ချုပ်ကြီးက ဒါကို ကောင်းကောင်း သတိထားမိတယ်။ အချိန်ကျရင် ကိုင်လိမ့်မယ်'ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

စစ်မှုထမ်းဆင့်ခေါ်ရေး၏ အမှန်တကယ်လုပ်ဆောင်စေသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များမှာ ပြည်ထောင်စု ဗဟိုအဆင့်ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းမှသည် မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားကြောင်း၊ မြို့နယ်အဆင့် ဖွဲ့စည်းရေးခေါင်းဆောင်များက သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားချက်ပေး၍ လူစာရင်းပြင်ဆင်ပြုစုထားစေခြင်းမျိုးဖြစ်ကြောင်း၊ စာရင်းပြုစုခြင်းတွင် လည်း ယာယီအားဖြင့် ရပ်ကွက်/ကျေးရွာတစ်ခုလျှင် လူ(၃)ဦးခန့် ပြင်ဆင်ထားစေခြင်းမျိုးဖြစ်ပြီး အဆိုပါ (၃)ဦး သို့မဟုတ် နှစ်ဦး ပြင်ဆင်ထားခြင်း လုပ်ငန်းစဉ်တွင်လည်း သက်ဆိုင်ရာဒေသလူထု၏ သဘောဆန္ဒအတိုင်း လုပ်ဆောင်စေခြင်းမျိုးဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ရွာကျတော့ ပထမက ကိုယ်စားတစ်ယောက် လိုက်မယ်ဆိုပြီး အုပ်ကြီးက လိုက်မယ့်သူအတွက် ငွေစုပေးတယ်။ အဲဒါကို တချို့ရွာတွေက တိုင်လို့မထူးဘူး ဆိုပြီး အကုန်လုံးစုပြီး မဲနှိုက်ခိုင်းတယ်။ သုံးဦးတော့ ပေါက်တယ်။ အဲဒီ သုံးဦးကို သက်ဆိုင်ရာမြို့နယ်ဆီ စာရင်းပေးထားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မကျည်းလဟာကျေးရွာမှ ရွာခံတစ်ဦးက ပြောသည်။

စာရင်းပေးထားသော သုံးဦးထဲမှ ကျန်းမာရေးစစ်ဆေးမှုအရ စစ်မှုထမ်းရန် အဆင့်မီသောသူတစ်ဦးကိုသာ ပထမဆုံးအသုတ် စစ်မှုထမ်းဆောင်ရမည့်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်မည်ဖြစ်ပြီး အခြား နှစ်ဦးကို နေရပ်သို့ပြန်လွှတ်ကာ နောက်ထပ် အသုတ်များအတွက် ထပ်မံစောင့်ဆိုင်းစေခြင်းမျိုး သာဖြစ်နိုင် ကြောင်းလည်း မြို့နယ်ဘက်မှ သတင်းရင်းမြစ်တို့က ဆိုသည်။ ‘‘ဧပြီလကုန်ပိုင်းမှာတော့ သင်တန်းပေးတာတွေ စလိမ့်မယ်။ အသစ်ကလေးတွေကတော့ စစ်မတိုက်ရပါဘူးဗျာ။ လေဆိပ်၊ သင်္ဘောဆိပ်၊ ဘဏ်၊ ကားဂိတ် ဒါတွေပဲ ထိုင်ရမှာပါ။ အသစ်တွေနဲ့သွားပြီး စစ်တိုက်လို့ ဘယ်လိုလုပ်ရမလဲ သေကုန်မှာပေါ့။ တိုက်ခိုက်ရေး တပ်တွေက နယ်မြေတွေ ပြန်ယူပြီးရင် နောက်ထပ်နယ်မြေတွေ တက်ရင်ယူထားတဲ့ နယ်မြေကို ထိန်းဖို့ လောက်ပဲ အများဆုံးသုံးမယ့် သဘောမျိုးပါ။ ဒါကို လိုတာထက် ပိုကြောက်နေကြတာ”ဟု စစ်ဘက်သတင်းရင်း မြစ်က ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ အချို့သောရွာများတွင် စစ်မှုထမ်းနိုင်သော အရွယ်လူငယ်အချို့က PDF များဖြစ်နေကြသည့်အတွက် မိဘများဘက်က စာရင်းသွင်းမှုတွင် အခက်တွေ့ နေကြ ကြောင်းလည်း ကြားသိရသည်။ စာရင်းကောက်ခံချိန် တွင် သားသမီးများက PDF များဖြစ်နေခြင်း၊ နိုင်ငံ ရပ်ခြားမှနေ၍ အကြမ်းဖက်ထောက်ပို့လုပ်ငန်းများ လုပ်ကိုင်နေခြင်း အပါအဝင် နိုင်ငံတော်ပုန်ကန်မှုဆန်သော လုပ်ရပ်မျိုးစုံ လုပ်ကိုင်နေကြသူများက စစ်မှုထမ်း စာရင်းကောက်ခြင်းလုပ်ငန်းစဉ် ပျက်ပြားသွားစေရေးနှင့် စစ်မှုထမ်းကြမည့်လူငယ်များ၏ အတွေးအခေါ်များ ဝေဝါးစေရေးအတွက် ပုံဖျက်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြကြောင်း ကြားသိရသည်။

zawgyi version
သၾကၤန္အၿပီးတြင္ စစ္မႈထမ္းလူငယ္မ်ားအတြက္ သင္တန္းမ်ားစတင္မည္ျဖစ္ၿပီး အဂတိ လိုက္စားခဲ့ေသာ ရပ္/ ေက်းအုပ္ႀကီးမ်ားလည္း ေထာင္ခ်အေရးယူခံရလိမ့္မည္
Iris (NP News) - မတ္ ၂၉

စစ္မႈထမ္းလာမည့္လူငယ္မ်ားကို သင္တန္းေပးမည့္လုပ္ငန္းစဥ္ သၾကၤန္အၿပီးတြင္ စတင္မည္ျဖစ္ၿပီး စစ္မႈထမ္းဆင့္ေခၚေရးလုပ္ငန္းစဥ္မ်ားအတြင္း၌ အဂတိလိုက္စားမႈမ်ားေၾကာင့္ ေထာင္ခ်အေရးယူ ခံရမည့္ပု ဂၢိဳလ္အမ်ားအျပား ေပၚေပါက္လာဦးမည္ျဖစ္ေၾကာင္း စစ္ဘက္ဆိုင္ရာသတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာၾကားသည္။

ေဖေဖာ္ဝါရီ(၁၀)ရက္ကေၾကညာခဲ့ေသာ စစ္မႈထမ္းဥပေဒက်င့္သုံးေရးလုပ္ငန္းစဥ္၏ ပထအဆင့္အျဖစ္ စာရင္းျပဳစုျခင္းမ်ားကို ယခုမတ္လလယ္မွ စတင္ေနၿပီျဖစ္ၿပီး ယင္းလုပ္ငန္းစဥ္အတြင္းမွာပင္ လူထုထံမွအသံမ်ိဳးစုံထြက္ေပၚလာေနၿပီလည္း ျဖစ္သည္။ အထူးသျဖင့္ ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးအခ်ိဳ႕က စစ္မႈမထမ္းလိုလွ်င္ မည္၍မည္မွ် ေပးရမည္ဆိုသည့္ ခြင့္ျပဳထားျခင္းမရွိေသာ ေငြေၾကးေတာင္းခံမႈမ်ား လုပ္ေဆာင္ျခင္းႏွင့္ ပထမအသုတ္တြင္ ၎တို႔၏ မိသားစုဝင္ ဆက္စပ္ပတ္သက္သူမ်ား ပါမသြားေရးအတြက္ အဂတိလိုက္စားမႈမ်ား လုပ္ေဆာင္ျခင္းမ်ိဳးလည္းျဖစ္သည္။ 'စာရင္းေတြကေတာ့ တစ္ၿပိဳင္တည္း ေကာက္တာေပါ့ေလ။ အဲဒီမွာ လာဦးမယ္ ေဈးကြက္ႀကီးတစ္ခုလိုမ်ိဳးေပါ့ဘယ္သူေတြ အေရးယူခံရမလဲ မသိေသးဘူး။ အခုက ဘာမွမေျပာေသးဘူး။ ေနာက္ပိုင္းမွာ ရပ္/ေက်းကစၿပီး အထက္ အဆင့္ဆင့္အထိ လိမ္ၿပီးတင္တဲ့သူေတြ အသုတ္လိုက္ အေရးယူခံရလိမ့္မယ္။ ဗဟိုမွာ လုံးေပါင္းစာရင္း အတိအက်ရွိတယ္။ လုပ္စားေနတဲ့ ရပ္/ေက်း ေတြနဲ႔ လုပ္ပိုင္ခြင့္ရွိသူေတြ ေသခ်ာေပါက္ အေရးယူခံရလိမ့္မယ္။ အခုကေတာ့ အသာေလး လႊတ္ထားတဲ့ သေဘာပဲ'ဟု စစ္ဘက္ဆိုင္ရာသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

ရပ္ကြက္/ ေက်း႐ြာအဆင့္ စာရင္းျပဳစုျခင္းလုပ္ငန္းစဥ္ႏွင့္ မဲႏႈိက္၍ေ႐ြးခ်ယ္ထားျခင္းလုပ္ငန္းစဥ္မ်ားတြင္ အုပ္ခ်ဳပ္ေရးမႉးမ်ား လာဘ္ယူအဂတိလိုက္စားၿပီး မပါေစခ်င္သူ၊ ပါေစခ်င္သူ စသည္တို႔ကို လိုသလို ကစားသည့္ လုပ္ငန္းစဥ္မ်ား ေပၚေပါက္ ေနေၾကာင္း၊ အခ်ိဳ႕ကမူ စစ္မႈမထမ္းရေစရန္ အာမခံသည္ဟုဆိုကာ လတ္တေလာေငြရေရးအတြက္ ေျခာက္ လွန႔္သံေပး၍ လုပ္စားသူမ်ားရွိေနေၾကာင္း သက္ဆိုင္ရာတာဝန္ရွိ ေခါင္းေဆာင္မ်ားက နားလည္ သေဘာေပါက္ၿပီးသား ျဖစ္သည္ဟုဆိုသည္။ 'ခပ္တည္တည္နဲ႔ ရပါတယ္ လုပ္ရင္အေပၚမွာစာရင္းက ရွိၿပီးသား။ စာရင္းဇယားမွာ ဦးစားေပး(၁)၊(၂)၊(၃) အစရွိသျဖင့္ ရွိတာမွာ ေနာက္ကေကာင္က ဦးစားေပးျဖစ္ၿပီး ေရွ႕ကလူက ေနာက္ျပန္ေရာက္တာမ်ိဳးေတြ လုပ္စားထားတာေတြ လာဦးမွာပါ။ တိုင္ၾကေတာၾကနဲ႔။ လုပ္စားကိုင္စားေတြ အကုန္အကုပ္ခံရလိမ့္မယ္။ ေဆးစစ္တာလည္းပါတယ္။ တပ္ခ်ဳပ္ႀကီးက ဒါကို ေကာင္းေကာင္း သတိထားမိတယ္။ အခ်ိန္က်ရင္ ကိုင္လိမ့္မယ္'ဟု သတင္းရင္းျမစ္က ဆက္လက္ေျပာၾကားသည္။

စစ္မႈထမ္းဆင့္ေခၚေရး၏ အမွန္တကယ္လုပ္ေဆာင္ေစသည့္ အဆင့္ဆင့္ေသာ လုပ္ငန္းစဥ္မ်ားမွာ ျပည္ေထာင္စု ဗဟိုအဆင့္ဆင့္ေခၚေရးအဖြဲ႕ ဖြဲ႕စည္းျခင္းမွသည္ ၿမိဳ႕နယ္အဆင့္အထိ ဖြဲ႕စည္းထားေၾကာင္း၊ ၿမိဳ႕နယ္အဆင့္ ဖြဲ႕စည္းေရးေခါင္းေဆာင္မ်ားက သက္ဆိုင္ရာ ၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ၫႊန္ၾကားခ်က္ေပး၍ လူစာရင္းျပင္ဆင္ျပဳစုထားေစျခင္းမ်ိဳးျဖစ္ေၾကာင္း၊ စာရင္းျပဳစုျခင္းတြင္ လည္း ယာယီအားျဖင့္ ရပ္ကြက္/ေက်း႐ြာတစ္ခုလွ်င္ လူ(၃)ဦးခန႔္ ျပင္ဆင္ထားေစျခင္းမ်ိဳးျဖစ္ၿပီး အဆိုပါ (၃)ဦး သို႔မဟုတ္ ႏွစ္ဦး ျပင္ဆင္ထားျခင္း လုပ္ငန္းစဥ္တြင္လည္း သက္ဆိုင္ရာေဒသလူထု၏ သေဘာဆႏၵအတိုင္း လုပ္ေဆာင္ေစျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ ႐ြာက်ေတာ့ ပထမက ကိုယ္စားတစ္ေယာက္ လိုက္မယ္ဆိုၿပီး အုပ္ႀကီးက လိုက္မယ့္သူအတြက္ ေငြစုေပးတယ္။ အဲဒါကို တခ်ိဳ႕႐ြာေတြက တိုင္လို႔မထူးဘူး ဆိုၿပီး အကုန္လုံးစုၿပီး မဲႏႈိက္ခိုင္းတယ္။ သုံးဦးေတာ့ ေပါက္တယ္။ အဲဒီ သုံးဦးကို သက္ဆိုင္ရာၿမိဳ႕နယ္ဆီ စာရင္းေပးထားတယ္”ဟု ဧရာဝတီတိုင္းေဒသႀကီး ေရၾကည္ၿမိဳ႕နယ္ မက်ည္းလဟာေက်း႐ြာမွ ႐ြာခံတစ္ဦးက ေျပာသည္။

စာရင္းေပးထားေသာ သုံးဦးထဲမွ က်န္းမာေရးစစ္ေဆးမႈအရ စစ္မႈထမ္းရန္ အဆင့္မီေသာသူတစ္ဦးကိုသာ ပထမဆုံးအသုတ္ စစ္မႈထမ္းေဆာင္ရမည့္ပုဂၢိဳလ္အျဖစ္ ေ႐ြးခ်ယ္မည္ျဖစ္ၿပီး အျခား ႏွစ္ဦးကို ေနရပ္သို႔ျပန္လႊတ္ကာ ေနာက္ထပ္ အသုတ္မ်ားအတြက္ ထပ္မံေစာင့္ဆိုင္းေစျခင္းမ်ိဳး သာျဖစ္ႏိုင္ ေၾကာင္းလည္း ၿမိဳ႕နယ္ဘက္မွ သတင္းရင္းျမစ္တို႔က ဆိုသည္။ ‘‘ဧၿပီလကုန္ပိုင္းမွာေတာ့ သင္တန္းေပးတာေတြ စလိမ့္မယ္။ အသစ္ကေလးေတြကေတာ့ စစ္မတိုက္ရပါဘူးဗ်ာ။ ေလဆိပ္၊ သေဘၤာဆိပ္၊ ဘဏ္၊ ကားဂိတ္ ဒါေတြပဲ ထိုင္ရမွာပါ။ အသစ္ေတြနဲ႔သြားၿပီး စစ္တိုက္လို႔ ဘယ္လိုလုပ္ရမလဲ ေသကုန္မွာေပါ့။ တိုက္ခိုက္ေရး တပ္ေတြက နယ္ေျမေတြ ျပန္ယူၿပီးရင္ ေနာက္ထပ္နယ္ေျမေတြ တက္ရင္ယူထားတဲ့ နယ္ေျမကို ထိန္းဖို႔ ေလာက္ပဲ အမ်ားဆုံးသုံးမယ့္ သေဘာမ်ိဳးပါ။ ဒါကို လိုတာထက္ ပိုေၾကာက္ေနၾကတာ”ဟု စစ္ဘက္သတင္းရင္း ျမစ္က ဆက္လက္ေျပာၾကားသည္။ ျမန္မာႏိုင္ငံအလယ္ပိုင္းမွ အခ်ိဳ႕ေသာ႐ြာမ်ားတြင္ စစ္မႈထမ္းႏိုင္ေသာ အ႐ြယ္လူငယ္အခ်ိဳ႕က PDF မ်ားျဖစ္ေနၾကသည့္အတြက္ မိဘမ်ားဘက္က စာရင္းသြင္းမႈတြင္ အခက္ေတြ႕ ေနၾက ေၾကာင္းလည္း ၾကားသိရသည္။ စာရင္းေကာက္ခံခ်ိန္ တြင္ သားသမီးမ်ားက PDF မ်ားျဖစ္ေနျခင္း၊ ႏိုင္ငံ ရပ္ျခားမွေန၍ အၾကမ္းဖက္ေထာက္ပို႔လုပ္ငန္းမ်ား လုပ္ကိုင္ေနျခင္း အပါအဝင္ ႏိုင္ငံေတာ္ပုန္ကန္မႈဆန္ေသာ လုပ္ရပ္မ်ိဳးစုံ လုပ္ကိုင္ေနၾကသူမ်ားက စစ္မႈထမ္း စာရင္းေကာက္ျခင္းလုပ္ငန္းစဥ္ ပ်က္ျပားသြားေစေရးႏွင့္ စစ္မႈထမ္းၾကမည့္လူငယ္မ်ား၏ အေတြးအေခၚမ်ား ေဝဝါးေစေရးအတြက္ ပုံဖ်က္ဝါဒျဖန႔္မႈမ်ား လုပ္ေဆာင္ေနၾကေၾကာင္း ၾကားသိရသည္။

Related news

© 2021. All rights reserved.