စစ်မှုထမ်းဥပဒေလုပ်ငန်းစဉ်များအားလုံးသည် ဥပဒေကို ကျော်လွန်ဆောင်ရွက်နေခြင်းမရှိသကဲ့သို့ ဥပဒေထက်ကျော်လွန်လုပ်ဆောင်နေပါက တရားဝင်တိုင်ကြားနိုင်

 1180

သုတကျော်(NP News) - မတ် ၂၉

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအားလုံးသည် ဥပဒေကို ကျော်လွန်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ဥပဒေထက်ကျော်ပါက တရားဝင်တိုင်ကြားနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ရှင်းလင်းပြောကြားထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သူများကို စတင်စစ်မှုထမ်းရန်အတွက် ခေါ်ယူမည့် အချိန်သည် မေလအတွင်းဖြစ်ကာ လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ (မူကြမ်း)ကို ရေးဆွဲထားရှိပြီး သက်ဆိုင်ရာဥပဒေပညာရှင်များမှ နောက်ဆုံးအတည်ပြုနိုင်ရေး အဘက်ဘက်မှ စိစစ်သုံးသပ်လျက်ရှိကြောင်း ဖြေကြားချက်တွင် ပါရှိသည်။

အဆိုပါ နည်းဥပဒေတွင်ပါဝင်သော ကြိုတင်ဆောင်ရွက်၍ရသည့်လုပ်ငန်းစဉ်များကို သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်ရေးအဖွဲ့များကို အကြောင်းကြားထားပြီး ၎င်း မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် အကျုံးဝင်သည့်စာရင်းများ ကောက်ယူခြင်းဖြစ်ကာ လုပ်ငန်းစဉ်အရ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှတစ်ဆင့် အကျုံးဝင်သည့်သူများကို မြို့နယ်၊ အဆိုပါမြို့နယ်မှ တိုင်း/ပြည်နယ်၊ ၎င်းမှ ဗဟိုသို့အဆင့်ဆင့် တင်ပြရမည်ဖြစ်ပြီး ဗဟိုမှရွေးချယ်သည့် သူများကို အဆင့်ဆင့်ပြန်လည်ချပြပြီး ရွေးချယ်ခံရသည့်သူများကို ကျန်းမာရေးဆေးစစ်ရန်ခေါ်ယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအရ ဗဟိုတွင် ရွေးချယ်ရာ၌ ကြန့်ကြာမှုမရှိစေရေးအတွက် သင့်လျော်သည့် အင်အားအရေအတွက်ကို ဗဟိုမှခေါ်ယူလိုသည့် လူအင်အားအရေအတွက် နှင့် ကိုက်ညီ စေရန် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများတွင် တစ်ခါတည်း သတ်မှတ်နေကြခြင်းဖြစ်ကာ ပြည်သူ့စစ် မှုထမ်းဆောင်ရန်အတွက် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြား၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများ စသည်တို့ကို ဥပဒေမဲ့မဟုတ်ဘဲ ထုတ်ပြန်ထားသော ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း စာတွင်ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်မည့်သူများအတွက် သင်တန်းကာလ စတင် တက်ရောက်ကတည်းက စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သားများကဲ့သို့ သတ်မှတ်ထားသည့် ရိက္ခာ၊ လစာ၊ ဝတ်စုံနှင့် အခြားခံစားခွင့်များအားလုံးကို ကြိုတင်တွက်ချက်၍ စီမံချက်ရေးဆွဲပြီးမှသာ နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘတ်ဂျက်နှင့် သင့်လျော်သည့် လူအရေအတွက်ကို ခေါ်ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာ၊ ရပ်ကွက်အချို့တွင် စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရသည့် မိသားစုများကို ၎င်းတို့ ရပ်ကွက်၊ ကျေးရွာအစီအစဉ်ဖြင့် ထောက်ပံ့ကြရန် စီစဉ်နေကြသည်ဟု သတင်း စကားကြားရကြောင်း၊ အဆိုပါ ကျေးရွာ၊ ရပ်ကွက်တွင် နေထိုင်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ တာဝန်ထမ်းဆောင်သည့်သူများအနေဖြင့် တာဝန်ထမ်းဆောင်နေချိန်တွင် နောက်ဆံမတင်းစေရန်နှင့် ကျန်ခဲ့သည့် မိသားစု၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရေးအတွက် တတ်နိုင်သည့်ငွေကြေးများဖြင့် ထောက်ပံ့ရန် စီစဉ်နေကြခြင်းသာဖြစ်ကြောင်း ဖြေကြားချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စအပေါ်တွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်မဖော်စေလိုသည့် သူများက မဟုတ်မမှန်သည့် ကောလာဟလများ ထုတ်လွှင့်နေခြင်းသာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ခွင့်ရရှိသည့် သူများကို ဥပဒေနှင့်အညီ ရိက္ခာ၊ လစာနှင့် အခြား ခံစားခွင့်များအားလုံး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များသည် မူကြမ်းရရှိထားသော ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသာဖြစ်ကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ် ငန်းများအားလုံးသည် ထုတ်ပြန်ထားသော ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေသည့် ကိစ္စတစ်ခု မျှမရှိဘဲ အသက်အရွယ်အပိုင်းအခြား၊ ကင်းလွတ်ခွင့်ပြုသူ၊ ယာယီရွှေ့ဆိုင်းနိုင်သူစသည်ဖြင့် အားလုံး သည် ဥပဒေအတိုင်းသာဖြစ်ကြောင်း၊ ဥပဒေထက် ကျော်လွန်သည့်ကိစ္စများရှိပါက သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်တိုင်ကြားနိုင်ကြောင်း၊ မကြာခင်တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

zawgyi version
စစ္မႈထမ္းဥပေဒလုပ္ငန္းစဥ္မ်ားအားလုံးသည္ ဥပေဒကို ေက်ာ္လြန္ေဆာင္႐ြက္ေနျခင္းမရွိသကဲ့သို႔ ဥပေဒထက္ေက်ာ္လြန္လုပ္ေဆာင္ေနပါက တရားဝင္တိုင္ၾကားႏိုင္
သုတေက်ာ္(NP News) - မတ္ ၂၉

ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ လက္ရွိေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားအားလုံးသည္ ဥပေဒကို ေက်ာ္လြန္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ဥပေဒထက္ေက်ာ္ပါက တရားဝင္တိုင္ၾကားႏိုင္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ရွင္းလင္းေျပာၾကားထားသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒတြင္ အက်ဳံးဝင္သူမ်ားကို စတင္စစ္မႈထမ္းရန္အတြက္ ေခၚယူမည့္ အခ်ိန္သည္ ေမလအတြင္းျဖစ္ကာ လက္ရွိအခ်ိန္တြင္ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒ (မူၾကမ္း)ကို ေရးဆြဲထားရွိၿပီး သက္ဆိုင္ရာဥပေဒပညာရွင္မ်ားမွ ေနာက္ဆုံးအတည္ျပဳႏိုင္ေရး အဘက္ဘက္မွ စိစစ္သုံးသပ္လ်က္ရွိေၾကာင္း ေျဖၾကားခ်က္တြင္ ပါရွိသည္။

အဆိုပါ နည္းဥပေဒတြင္ပါဝင္ေသာ ႀကိဳတင္ေဆာင္႐ြက္၍ရသည့္လုပ္ငန္းစဥ္မ်ားကို သက္ဆိုင္ ရာ တိုင္းေဒသႀကီး/ျပည္နယ္ ျပည္သူ႔စစ္မႈထမ္း ေခၚေဆာင္ေရးအဖြဲ႕မ်ားကို အေၾကာင္းၾကားထားၿပီး ၎ မွတစ္ဆင့္ သက္ဆိုင္ရာရပ္ကြက္၊ ေက်း႐ြာအလိုက္ အက်ဳံးဝင္သည့္စာရင္းမ်ား ေကာက္ယူျခင္းျဖစ္ကာ လုပ္ငန္းစဥ္အရ သက္ဆိုင္ရာရပ္ကြက္၊ ေက်း႐ြာမ်ားမွတစ္ဆင့္ အက်ဳံးဝင္သည့္သူမ်ားကို ၿမိဳ႕နယ္၊ အဆိုပါၿမိဳ႕နယ္မွ တိုင္း/ျပည္နယ္၊ ၎မွ ဗဟိုသို႔အဆင့္ဆင့္ တင္ျပရမည္ျဖစ္ၿပီး ဗဟိုမွေ႐ြးခ်ယ္သည့္ သူမ်ားကို အဆင့္ဆင့္ျပန္လည္ခ်ျပၿပီး ေ႐ြးခ်ယ္ခံရသည့္သူမ်ားကို က်န္းမာေရးေဆးစစ္ရန္ေခၚယူျခင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္မ်ားအရ ဗဟိုတြင္ ေ႐ြးခ်ယ္ရာ၌ ၾကန႔္ၾကာမႈမရွိေစေရးအတြက္ သင့္ေလ်ာ္သည့္ အင္အားအေရအတြက္ကို ဗဟိုမွေခၚယူလိုသည့္ လူအင္အားအေရအတြက္ ႏွင့္ ကိုက္ညီ ေစရန္ သက္ဆိုင္ရာရပ္ကြက္ႏွင့္ေက်း႐ြာမ်ားတြင္ တစ္ခါတည္း သတ္မွတ္ေနၾကျခင္းျဖစ္ကာ ျပည္သူ႔စစ္ မႈထမ္းေဆာင္ရန္အတြက္ သတ္မွတ္ထားသည့္ အသက္အ႐ြယ္အပိုင္းအျခား၊ ကင္းလြတ္ခြင့္ရရွိသူမ်ား၊ ယာယီေ႐ႊ႕ဆိုင္းခြင့္ရရွိသူမ်ား စသည္တို႔ကို ဥပေဒမဲ့မဟုတ္ဘဲ ထုတ္ျပန္ထားေသာ ဥပေဒႏွင့္အညီသာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း စာတြင္ေဖာ္ျပထားသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းေဆာင္မည့္သူမ်ားအတြက္ သင္တန္းကာလ စတင္ တက္ေရာက္ကတည္းက စစ္မႈထမ္းေဆာင္ဆဲ တပ္မေတာ္သားမ်ားကဲ့သို႔ သတ္မွတ္ထားသည့္ ရိကၡာ၊ လစာ၊ ဝတ္စုံႏွင့္ အျခားခံစားခြင့္မ်ားအားလုံးကို ႀကိဳတင္တြက္ခ်က္၍ စီမံခ်က္ေရးဆြဲၿပီးမွသာ ႏိုင္ငံေတာ္အေနျဖင့္ တတ္ႏိုင္သည့္ဘတ္ဂ်က္ႏွင့္ သင့္ေလ်ာ္သည့္ လူအေရအတြက္ကို ေခၚယူရန္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ ေက်း႐ြာ၊ ရပ္ကြက္အခ်ိဳ႕တြင္ စစ္မႈထမ္းေဆာင္ရန္ ေ႐ြးခ်ယ္ခံရသည့္ မိသားစုမ်ားကို ၎တို႔ ရပ္ကြက္၊ ေက်း႐ြာအစီအစဥ္ျဖင့္ ေထာက္ပံ့ၾကရန္ စီစဥ္ေနၾကသည္ဟု သတင္း စကားၾကားရေၾကာင္း၊ အဆိုပါ ေက်း႐ြာ၊ ရပ္ကြက္တြင္ ေနထိုင္သူမ်ားက ျပည္သူ႔စစ္မႈထမ္းဥပေဒ တာဝန္ထမ္းေဆာင္သည့္သူမ်ားအေနျဖင့္ တာဝန္ထမ္းေဆာင္ေနခ်ိန္တြင္ ေနာက္ဆံမတင္းေစရန္ႏွင့္ က်န္ခဲ့သည့္ မိသားစု၏ လူမႈစီးပြားဘဝမ်ား အဆင္ေျပေစေရးအတြက္ တတ္ႏိုင္သည့္ေငြေၾကးမ်ားျဖင့္ ေထာက္ပံ့ရန္ စီစဥ္ေနၾကျခင္းသာျဖစ္ေၾကာင္း ေျဖၾကားခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါကိစၥအေပၚတြင္လည္း ျပည္သူ႔စစ္မႈထမ္း ဥပေဒကို အေကာင္အထည္မေဖာ္ေစလိုသည့္ သူမ်ားက မဟုတ္မမွန္သည့္ ေကာလာဟလမ်ား ထုတ္လႊင့္ေနျခင္းသာျဖစ္ၿပီး ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူ႔စစ္မႈထမ္း တာဝန္ထမ္းေဆာင္ခြင့္ရရွိသည့္ သူမ်ားကို ဥပေဒႏွင့္အညီ ရိကၡာ၊ လစာႏွင့္ အျခား ခံစားခြင့္မ်ားအားလုံး ျပည့္ဝစြာရရွိေအာင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

လက္ရွိလုပ္ေဆာင္ေနသည့္ လုပ္ငန္းစဥ္မ်ားသည္ မူၾကမ္းရရွိထားေသာ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒအရ မျဖစ္မေနလုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားသာျဖစ္ေၾကာင္း၊ ယခုေဆာင္႐ြက္ေနသည့္ လုပ္ ငန္းမ်ားအားလုံးသည္ ထုတ္ျပန္ထားေသာ ဥပေဒကို ေက်ာ္လြန္ၿပီး လုပ္ေဆာင္ေနသည့္ ကိစၥတစ္ခု မွ်မရွိဘဲ အသက္အ႐ြယ္အပိုင္းအျခား၊ ကင္းလြတ္ခြင့္ျပဳသူ၊ ယာယီေ႐ႊ႕ဆိုင္းႏိုင္သူစသည္ျဖင့္ အားလုံး သည္ ဥပေဒအတိုင္းသာျဖစ္ေၾကာင္း၊ ဥပေဒထက္ ေက်ာ္လြန္သည့္ကိစၥမ်ားရွိပါက သက္ဆိုင္ရာသို႔ တရားဝင္ ကန႔္ကြက္တိုင္ၾကားႏိုင္ေၾကာင္း၊ မၾကာခင္တြင္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒကို ထုတ္ျပန္ေပးသြားမည္ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.