မန္တလေးတွင် ဆိုင်ကယ်ဂိုထောင်တစ်လုံးမီးလောင်မှုဖြစ်ပွားကာ ဆိုင်ကယ်များနှင့်ကားတစ်စီးမီးလောင်ဆုံးရှုံး

 672

သန့်ဇင် (NP News) - မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်ဂိုထောင်တစ်လုံးမီးလောင်မှုဖြစ်ပွားကာ ဆိုင်ကယ်များနှင့် ကားတစ်စီးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(မတ်လ ၂၈ ရက်)၊ ည ၇နာရီခွဲဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇လမ်း၊ ၁၄၁လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်ကစလောင်လည်းတော့မသိဘူး။ ဆိုင်ကယ်ဂိုထောင်တစ်ခုလုံးလောင်သွားတာ။ ဆိုင်ကယ်တွေ နဲ့ ကားတစ်စီးမီးလောင်သွားတယ်။ ပျက်စီးဆုံးရှုံးမှုများတယ်။ ဆိုင်ကယ်တွေအကုန်လောင်သွားတော့ ဘယ်လောက်လောင်သွားလဲဆိုတာတောင်ခန့်မှန်းမရဘူး”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့ပဲ အထက်ပါပစ္စည်းများသာ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ “မန္တလေးမှာလောင်တဲ့ မီးတော်တော်များများက လျှပ်စစ်က လောင်တာများတယ်။ မီးကပြတ်လိုက်လာလိုက်ဆိုတော့ လောင်တာပေါ့” ဟု ၎င်းကသုံးသပ်ထားသည်။

အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအသင်းများက level 1 အဆင့်ဖြင့် ၂ နာရီခန့်အကြာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ ဆိုင္ကယ္ဂိုေထာင္တစ္လုံးမီးေလာင္မႈျဖစ္ပြားကာ ဆိုင္ကယ္မ်ားႏွင့္ကားတစ္စီးမီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - မတ္ ၂၈

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ဂိုေထာင္တစ္လုံးမီးေလာင္မႈျဖစ္ပြားကာ ဆိုင္ကယ္မ်ားႏွင့္ ကားတစ္စီးမီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ ပရဟိတအသင္းမ်ားထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(မတ္လ ၂၈ ရက္)၊ ည ၇နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၇လမ္း၊ ၁၄၁လမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္ကစေလာင္လည္းေတာ့မသိဘူး။ ဆိုင္ကယ္ဂိုေထာင္တစ္ခုလုံးေလာင္သြားတာ။ ဆိုင္ကယ္ေတြ နဲ႔ ကားတစ္စီးမီးေလာင္သြားတယ္။ ပ်က္စီးဆုံးရႈံးမႈမ်ားတယ္။ ဆိုင္ကယ္ေတြအကုန္ေလာင္သြားေတာ့ ဘယ္ေလာက္ေလာင္သြားလဲဆိုတာေတာင္ခန႔္မွန္းမရဘူး”ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ပဲ အထက္ပါပစၥည္းမ်ားသာ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။ “မႏၲေလးမွာေလာင္တဲ့ မီးေတာ္ေတာ္မ်ားမ်ားက လွ်ပ္စစ္က ေလာင္တာမ်ားတယ္။ မီးကျပတ္လိုက္လာလိုက္ဆိုေတာ့ ေလာင္တာေပါ့” ဟု ၎ကသုံးသပ္ထားသည္။

အဆိုပါမီးေလာင္မႈကို မီးသတ္တပ္ဖြဲ႕မ်ားႏွင့္ ပရဟိတအသင္းမ်ားက level 1 အဆင့္ျဖင့္ ၂ နာရီခန႔္အၾကာမီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.