တောင်အာဖရိက လျှိုမြောင်အတွင်း ဘတ်စ်ကား ထိုးကျသွားခြင်းကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့

 878

ALynn (NP News) - မတ် ၂၉

တောင်အာဖရိကတွင် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ လျှိုမြောင်တစ်ခုထဲသို့ ထိုးကျသွားသဖြင့် လိုက်ပါလာသည့် ခရီးသည် ၄၆ ဦးအနက် ၄၅ ဦး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ကြာသပတေးနေ့ (မတ်လ ၂၈ ရက်)က ဖြစ်ပွားခဲ့သော အဆိုပါမတော်တဆမှုတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယာဉ်မောင်းသည် ဂျိုဟန်နက်စ်ဘတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) အကွာ၊ တောင်ထူထပ်သော Mamatlakala အနီးရှိ တံတားပေါ်မှ အတားအဆီးများကို တိုက်မိကာ ယာဉ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မီတာ ၅၀ (၁၆၄ ပေ) ရှိသည့် ချောက်ထဲသို့ ထိုးကျသွားကာ မီးလောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဘတ်စ်ကားသည် အိမ်နီးချင်းဘော့ဆွာနာနိုင်ငံမှ အီစတာပွဲတော်ကျင်းပသည့် မြောက်ပိုင်း Limpopo ပြည်နယ်ရှိ Moria မြို့သို့ သွားနေခြင်းဖြစ်ပြီး အီစတာတနင်္ဂနွေသည် ယခုနှစ် မတ်လ ၃၁ ရက်တွင် ကျရောက်မည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး Sindisiwe Chikunga သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး အတိအကျစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ သေဆုံးသူမိသားစုတွေသာမက ဘော့ဆွာနာအစိုးရနဲ့ ဘော့ဆွာနာပြည်သူတွေကိုပါ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလိုပြီး တောင်အာဖရိကနိုင်ငံအနေနဲ့ သေဆုံးသူများကို ၎င်းတို့နိုင်ငံသို့ ပြန်သယ်ပြီး သင်္ဂြိုဟ်ဖို့ကိစ္စအဝဝကို ကူညီပေးသွားမှာဖြစ်ကြောင်း” နိုင်ငံလုံး ဆိုင်ရာ ရုပ်သံလွှင့်ဌာန SABC တွင် ဝန်ကြီးက ပြောကြားခဲ့သည်။

ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း ရုပ်အလောင်း အများအပြား မီးလောင်သွားခဲ့ပြီး ယာဉ်အတွင်းတွင် ပိတ်မိနေဆဲ ဖြစ်သည်။ တောင်အာဖရိကသည် အာဖရိက တိုက်၏ အဖွံ့ဖြိုးဆုံး လမ်းကွန်ရက်များရှိနေသော်လည်း ၎င်းသည် ယခုကဲ့သို့ အဆိုးရွားဆုံး ယာဉ်မတော်တဆဖြစ်ရပ်ဆိုးများလည်း ရှိနေသည်။

zawgyi version
ေတာင္အာဖရိက လွ်ိဳေျမာင္အတြင္း ဘတ္စ္ကား ထိုးက်သြားျခင္းေၾကာင့္ အနည္းဆုံး လူ ၄၅ ဦး ေသဆုံးခဲ့
ALynn (NP News) - မတ္ ၂၉

ေတာင္အာဖရိကတြင္ ဘတ္စ္ကားတစ္စီး တံတားေပၚမွ လွ်ိဳေျမာင္တစ္ခုထဲသို႔ ထိုးက်သြားသျဖင့္ လိုက္ပါလာသည့္ ခရီးသည္ ၄၆ ဦးအနက္ ၄၅ ဦး ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ေရးဌာနက ထုတ္ျပန္ခဲ့သည္။

ၾကာသပေတးေန႔ (မတ္လ ၂၈ ရက္)က ျဖစ္ပြားခဲ့ေသာ အဆိုပါမေတာ္တဆမႈတြင္ တစ္ဦးတည္းေသာ အသက္ရွင္က်န္ရစ္သူမွာ အသက္ ၈ ႏွစ္အ႐ြယ္ မိန္းကေလးျဖစ္ၿပီး ျပင္းထန္ေသာ ဒဏ္ရာမ်ားေၾကာင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရသည္။ ယာဥ္ေမာင္းသည္ ဂ်ိဳဟန္နက္စ္ဘတ္ၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၃၀၀ (မိုင္ ၁၉၀) အကြာ၊ ေတာင္ထူထပ္ေသာ Mamatlakala အနီးရွိ တံတားေပၚမွ အတားအဆီးမ်ားကို တိုက္မိကာ ယာဥ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ဘဲ မီတာ ၅၀ (၁၆၄ ေပ) ရွိသည့္ ေခ်ာက္ထဲသို႔ ထိုးက်သြားကာ မီးေလာင္ကြၽမ္းခဲ့ေၾကာင္း အာဏာပိုင္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါဘတ္စ္ကားသည္ အိမ္နီးခ်င္းေဘာ့ဆြာနာႏိုင္ငံမွ အီစတာပြဲေတာ္က်င္းပသည့္ ေျမာက္ပိုင္း Limpopo ျပည္နယ္ရွိ Moria ၿမိဳ႕သို႔ သြားေနျခင္းျဖစ္ၿပီး အီစတာတနဂၤေႏြသည္ ယခုႏွစ္ မတ္လ ၃၁ ရက္တြင္ က်ေရာက္မည္ျဖစ္သည္။ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Sindisiwe Chikunga သည္ အခင္းျဖစ္ပြားရာေနရာသို႔ သြားေရာက္ခဲ့ၿပီး အတိအက်စုံစမ္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ “ကြၽန္ေတာ္တို႔ အေနနဲ႔ ေသဆုံးသူမိသားစုေတြသာမက ေဘာ့ဆြာနာအစိုးရနဲ႔ ေဘာ့ဆြာနာျပည္သူေတြကိုပါ ဝမ္းနည္းေၾကကြဲေၾကာင္း ေျပာၾကားလိုၿပီး ေတာင္အာဖရိကႏိုင္ငံအေနနဲ႔ ေသဆုံးသူမ်ားကို ၎တို႔ႏိုင္ငံသို႔ ျပန္သယ္ၿပီး သၿဂႋဳဟ္ဖို႔ကိစၥအဝဝကို ကူညီေပးသြားမွာျဖစ္ေၾကာင္း” ႏိုင္ငံလုံး ဆိုင္ရာ ႐ုပ္သံလႊင့္ဌာန SABC တြင္ ဝန္ႀကီးက ေျပာၾကားခဲ့သည္။

ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း ႐ုပ္အေလာင္း အမ်ားအျပား မီးေလာင္သြားခဲ့ၿပီး ယာဥ္အတြင္းတြင္ ပိတ္မိေနဆဲ ျဖစ္သည္။ ေတာင္အာဖရိကသည္ အာဖရိက တိုက္၏ အဖြံ႕ၿဖိဳးဆုံး လမ္းကြန္ရက္မ်ားရွိေနေသာ္လည္း ၎သည္ ယခုကဲ့သို႔ အဆိုး႐ြားဆုံး ယာဥ္မေတာ္တဆျဖစ္ရပ္ဆိုးမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.