တောင်တရုတ်ပင်လယ်တွင် ပြဿနာရှာမည်မဟုတ်သော်လည်း အောက်ကျို့ခံနေမည်မဟုတ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်ပြော

 1267

Pika (NP News) - မတ် ၂၉

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တိုက်ပွဲ သို့မဟုတ် ပြဿနာရှာမည်မဟုတ်သော်လည်း နှုတ်ဆိတ်နေခြင်း သို့မဟုတ် အောက်ကျို့ခံနေမည်မဟုတ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၂၉)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့်တင်းမာမှုများရှိနေသည့်အချိန်တွင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့၏ တရားမဝင်သည့်လုပ်ရပ်များကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့်အလှမ်းဝေးနေခြင်းဖြစ်သည်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သော တရုတ်အစိုးရ၏ထုတ်ပြန်ချက်များက ပြသနေကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက 'မကြာသေးမီက ထုတ်ပြန်ချက်တွေဟာ ပွင့်လင်းမြင်သာမှုနဲ့ တရားဝင်ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့အတွက် တရုတ်အစိုးရက မစွမ်းဆောင်နိုင်တာကိုလည်း ပြသနေပါတယ်။ တရုတ်ဘက်က လုပ်နိုင်တဲ့အရာကတော့ နိုင်ငံငယ်တွေကို ကူညီပေးသလိုလိုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်နေတာမျိုးပဲရှိပါတယ်'ဟု ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ အထူးသီးသန့်စီးပွာရေးဇုန်တွင် ရန်လိုသည့်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်အစိုးရ၏ စွပ်စွဲပြောဆိုချက်များမှာ သတင်းအမှားများသာဖြစ်ပြီး ရန်စနေခြင်းမျိုးဖြစ် ကြောင်း တရုတ်ဖက်က မတ်လ(၂၈)ရက်နေ့တွင် ပြန်လည်စွပ်စွဲပြောဆိုခဲ့သည်။ တရုတ်အစိုးရ၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြားဆက်ဆံရေးများ ပြိုလဲမှုအတွက် ဖိလစ်ပိုင်နိုင်ငံကို အပြစ်တင်ရမည်ဖြစ်ကြောင်းနှင့် ရန်စသည့်လုပ်ရပ်များကို ရပ်တန့်ရန်တောင်းဆိုထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wu Qianက မတ်လ(၂၈)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ရန်လိုပြီး အန္တရာယ်ရှိသည့် တရားမဝင်တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် သတ်မှတ်ထားခြင်းမျိုးမရှိသော လက်တုံ့ပြန်သည့်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက မတ်လ(၂၈)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္တြင္ ျပႆနာရွာမည္မဟုတ္ေသာ္လည္း ေအာက္က်ိဳ႕ခံေနမည္မဟုတ္ေၾကာင္း ဖိလစ္ပိုင္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၉

ဖိလစ္ပိုင္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္တြင္ တိုက္ပြဲ သို႔မဟုတ္ ျပႆနာရွာမည္မဟုတ္ေသာ္လည္း ႏႈတ္ဆိတ္ေနျခင္း သို႔မဟုတ္ ေအာက္က်ိဳ႕ခံေနမည္မဟုတ္ေၾကာင္း ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနက မတ္လ(၂၉)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္တင္းမာမႈမ်ားရွိေနသည့္အခ်ိန္တြင္ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေတာင္တ႐ုတ္ပင္လယ္အတြင္း ၎တို႔၏ တရားမဝင္သည့္လုပ္ရပ္မ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ ကမာၻႀကီးႏွင့္အလွမ္းေဝးေနျခင္းျဖစ္သည္ကို မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ တ႐ုတ္အစိုးရ၏ထုတ္ျပန္ခ်က္မ်ားက ျပသေနေၾကာင္း ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနက 'မၾကာေသးမီက ထုတ္ျပန္ခ်က္ေတြဟာ ပြင့္လင္းျမင္သာမႈနဲ႔ တရားဝင္ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔အတြက္ တ႐ုတ္အစိုးရက မစြမ္းေဆာင္ႏိုင္တာကိုလည္း ျပသေနပါတယ္။ တ႐ုတ္ဘက္က လုပ္ႏိုင္တဲ့အရာကေတာ့ ႏိုင္ငံငယ္ေတြကို ကူညီေပးသလိုလိုနဲ႔ ၿခိမ္းေျခာက္အႏိုင္က်င့္ေနတာမ်ိဳးပဲရွိပါတယ္'ဟု ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ဖိလစ္ပိုင္၏ အထူးသီးသန႔္စီးပြာေရးဇုန္တြင္ ရန္လိုသည့္လုပ္ရပ္မ်ား လုပ္ေဆာင္ေနေၾကာင္း ဖိလစ္ပိုင္အစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ဖိလစ္ပိုင္အစိုးရ၏ စြပ္စြဲေျပာဆိုခ်က္မ်ားမွာ သတင္းအမွားမ်ားသာျဖစ္ၿပီး ရန္စေနျခင္းမ်ိဳးျဖစ္ ေၾကာင္း တ႐ုတ္ဖက္က မတ္လ(၂၈)ရက္ေန႔တြင္ ျပန္လည္စြပ္စြဲေျပာဆိုခဲ့သည္။ တ႐ုတ္အစိုးရ၏ ေျပာဆိုခ်က္မ်ားကို တုံ႔ျပန္သည့္အေနျဖင့္ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနက ယခုကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမ်ား ၿပိဳလဲမႈအတြက္ ဖိလစ္ပိုင္ႏိုင္ငံကို အျပစ္တင္ရမည္ျဖစ္ေၾကာင္းႏွင့္ ရန္စသည့္လုပ္ရပ္မ်ားကို ရပ္တန႔္ရန္ေတာင္းဆိုထားေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Wu Qianက မတ္လ(၂၈)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား၏ ရန္လိုၿပီး အႏၲရာယ္ရွိသည့္ တရားမဝင္တိုက္ခိုက္မႈမ်ားကို ဆန႔္က်င္ရန္အတြက္ သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာ လက္တုံ႔ျပန္သည့္အစီအစဥ္မ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာက မတ္လ(၂၈)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.