အမေရိကန်အစိုးရက အစ္စရေးလိုချင်သည့် စစ်လက်နက်ပစ္စည်းများကို လက်ရှိအချိန်တွင် ထောက်ပံ့ပေးရန် မလိုလားဟုဆို

 1541

Pika (NP News) - မတ် ၂၉

အမေရိကန်နိုင်ငံသည် အစ္စရေးကတောင်းဆိုခဲ့သည့် စစ်လက်နက်ပစ္စည်းအားလုံးကို ထောက်ပံ့ပေးခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက မတ်လ(၂၈)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့လုပ်ဆောင်ရခြင်း အကြောင်းအရင်းမှာ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံက အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ရန် မလိုလားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant သည် ယခုသီတင်းပတ်အစောပိုင်းတွင် ဝါရှင်တန်ဒီစီမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး အစ္စရေးနိုင်ငံက အမေရိကန်နိုင်ငံထံမှ လိုချင်သော လက်နက်စွမ်းရည်စာရင်းကို ပြသခဲ့ကြောင်းသိရသည်။ဟားမက်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ဖယ်ရှားခြင်းသည် အစ္စရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး CQ Brownက ပြောကြားခဲ့သည်။ CQ Brown က 'အစ္စရေးက လိုချင်တဲ့ လက်နက်တွေနဲ့ မထောက်ပံ့ပေးရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်တော်တို့မှာ အဲ့ဒီလိုထောက်ပံ့ပေးနိုင်မယ့် စွမ်းဆောင်ရည်မရှိလို့ပဲဖြစ်ပါတယ်။ဒါမှမဟုတ် အခြားအကြောင်းအရင်းတစ်ခုကတော့ အမေရိကန်က ဒီအချိန်မှာ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ မလိုလားတာကြောင့်ပဲဖြစ်ပါတယ်'ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀၀)ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်း လူမျိုး(၃)သောင်းကျော် သေဆုံးထားကြောင်း အချက်အလက်များအရ သိရသည်။ ပါလက်စတိုင်းဒုက္ခသည် (၂)သန်းခန့် ခိုလှုံနေရသည့် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများ မလုပ်ဆောင်ရန် အစ္စရေးကို အမေရိကန်အစိုးရက သတိပေးထားကြောင်းလည်းသိရသည်။ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းပစ်လိုသည့် အစ္စရေး၏ ရည်ရွယ်ချက်အတွက် အခြားကောင်းမွန်သော ရွေးချယ်စရာများရှိကြောင်းလည်း အမေရိကန်အရာရှိများက ပြောကြားထားသည်။

zawgyi version
အေမရိကန္အစိုးရက အစၥေရးလိုခ်င္သည့္ စစ္လက္နက္ပစၥည္းမ်ားကို လက္ရွိအခ်ိန္တြင္ ေထာက္ပံ့ေပးရန္ မလိုလားဟုဆို
Pika (NP News) - မတ္ ၂၉

အေမရိကန္ႏိုင္ငံသည္ အစၥေရးကေတာင္းဆိုခဲ့သည့္ စစ္လက္နက္ပစၥည္းအားလုံးကို ေထာက္ပံ့ေပးခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း အေမရိကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးက မတ္လ(၂၈)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ယင္းကဲ့သို႔လုပ္ေဆာင္ရျခင္း အေၾကာင္းအရင္းမွာ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံက အစၥေရးသို႔ စစ္လက္နက္ပစၥည္းမ်ား ေပးပို႔ရန္ မလိုလားျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant သည္ ယခုသီတင္းပတ္အေစာပိုင္းတြင္ ဝါရွင္တန္ဒီစီၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး အစၥေရးႏိုင္ငံက အေမရိကန္ႏိုင္ငံထံမွ လိုခ်င္ေသာ လက္နက္စြမ္းရည္စာရင္းကို ျပသခဲ့ေၾကာင္းသိရသည္။ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အၿပီးသတ္ဖယ္ရွားျခင္းသည္ အစၥေရးအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ေၾကာင္း အေမရိကန္ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး CQ Brownက ေျပာၾကားခဲ့သည္။ CQ Brown က 'အစၥေရးက လိုခ်င္တဲ့ လက္နက္ေတြနဲ႔ မေထာက္ပံ့ေပးရတဲ့ အေၾကာင္းအရင္းတစ္ခုက ကြၽန္ေတာ္တို႔မွာ အဲ့ဒီလိုေထာက္ပံ့ေပးႏိုင္မယ့္ စြမ္းေဆာင္ရည္မရွိလို႔ပဲျဖစ္ပါတယ္။ဒါမွမဟုတ္ အျခားအေၾကာင္းအရင္းတစ္ခုကေတာ့ အေမရိကန္က ဒီအခ်ိန္မွာ စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးဖို႔ မလိုလားတာေၾကာင့္ပဲျဖစ္ပါတယ္'ဟုေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ (၇)ရက္တြင္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား (၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ကာ ပါလက္စတိုင္း လူမ်ိဳး(၃)ေသာင္းေက်ာ္ ေသဆုံးထားေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။ ပါလက္စတိုင္းဒုကၡသည္ (၂)သန္းခန႔္ ခိုလႈံေနရသည့္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈမ်ား မလုပ္ေဆာင္ရန္ အစၥေရးကို အေမရိကန္အစိုးရက သတိေပးထားေၾကာင္းလည္းသိရသည္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ေခ်မႈန္းပစ္လိုသည့္ အစၥေရး၏ ရည္႐ြယ္ခ်က္အတြက္ အျခားေကာင္းမြန္ေသာ ေ႐ြးခ်ယ္စရာမ်ားရွိေၾကာင္းလည္း အေမရိကန္အရာရွိမ်ားက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.