တူမဖြစ်သူ၏အမျိုးသားနှင့် ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ပြီး ဦးလေးဖြစ်သူ ဓားထိုးခံရကာ ပွဲချင်းပြီးသေဆုံး

 1666

သန့်ဇင် (NP News) - မတ် ၂၉

မွန်ပြန်နယ်၊ ရေးမြို့တွင် တူမဖြစ်သူ၏ အမျိုးသား နှင့် ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ပြီး ဦးလေးဖြစ်သူ ဓားထိုးခံရကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဣစ္ဆာသယ ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၈ ရက်)၊ ညနေ ၃နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့၊ အဏ္ဍဝါရပ်ကွက်၊ ဖားအင်းခြံစုရပ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တူမရဲ့ယောက်ျားက ဦးလေးဖြစ်တဲ့သူနဲ့စကားများပြီး ဓားနဲ့ထိုးတာပါ။ လည်ပင်းကို ဓားနဲ့ထိုးလိုက်တော့ အဲဒီတစ်ချက်တည်းနဲ့တင် ပွဲချင်းပြီးသေသွားတာ။ ဓားနဲ့ထိုးတဲ့လူကိုလည်း မိတယ်”ဟု ဣစ္ဆာသယ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရသည် အမျိုးသားမှာ အသက်(၄၀)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး လည်ပင်းဓားဒဏ်ရာကြောင့် အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ဣစ္ဆာသယပရဟိတလူမှုကူညီရေးအသင်းက ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
တူမျဖစ္သူ၏အမ်ိဳးသားႏွင့္ ဦးေလးျဖစ္သူတို႔ စကားမ်ားရန္ျဖစ္ၿပီး ဦးေလးျဖစ္သူ ဓားထိုးခံရကာ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - မတ္ ၂၉

မြန္ျပန္နယ္၊ ေရးၿမိဳ႕တြင္ တူမျဖစ္သူ၏ အမ်ိဳးသား ႏွင့္ ဦးေလးျဖစ္သူတို႔ စကားမ်ားရန္ျဖစ္ၿပီး ဦးေလးျဖစ္သူ ဓားထိုးခံရကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ဣစာၦသယ ပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၂၈ ရက္)၊ ညေန ၃နာရီဝန္းက်င္အခ်ိန္ခန႔္က ေရးၿမိဳ႕၊ အ႑ဝါရပ္ကြက္၊ ဖားအင္းၿခံစုရပ္တြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“တူမရဲ႕ေယာက္်ားက ဦးေလးျဖစ္တဲ့သူနဲ႔စကားမ်ားၿပီး ဓားနဲ႔ထိုးတာပါ။ လည္ပင္းကို ဓားနဲ႔ထိုးလိုက္ေတာ့ အဲဒီတစ္ခ်က္တည္းနဲ႔တင္ ပြဲခ်င္းၿပီးေသသြားတာ။ ဓားနဲ႔ထိုးတဲ့လူကိုလည္း မိတယ္”ဟု ဣစာၦသယ ပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ဓားျဖင့္ထိုးသတ္ခံခဲ့ရသည္ အမ်ိဳးသားမွာ အသက္(၄၀)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး လည္ပင္းဓားဒဏ္ရာေၾကာင့္ အခင္းျဖစ္ေနရာတြင္ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ဣစာၦသယပရဟိတလူမႈကူညီေရးအသင္းက ေရးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.