မြန်မာ-ရုရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆုတံဆိပ်များ အပြန်အလှန် ပေးအပ်

 1410

စော (NP News) - မတ် ၂၉

မြန်မာ-ရုရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ (မတ်လ ၂၈ ရက်) က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သီရိ သီဟကျော်တံဆိပ်” ရရှိသူ Colonel KURCHENKO Sergei Semyonovich ၊ Captain 2nd rank YASHIN Dmitry Valerievich ၊ Captain 2nd rank SHILKOV Vitaly Vasilyevich နှင့် “သီရိသူရကျော် တံဆိပ်” ရရှိသူ Colonel (Rtd) SARATOV Sergei Nikolaevich တို့အား ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့အတူ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fominက “နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂါဝရပြု ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးက “နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင် ဆုတံဆိပ်” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများအား တစ်ဦးချင်း ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “တိုက်ပွဲဝင် သွေးသောက်စိတ် မြှင့်တင်မှုဆုတံဆိပ်” ကို ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများထံ တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္ၾကား ဆုတံဆိပ္မ်ား အျပန္အလွန္ ေပးအပ္
ေစာ (NP News) - မတ္ ၂၉

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္ၾကား ဆုတံဆိပ္မ်ား အျပန္အလွန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆုတံဆိပ္ေပးအပ္ပြဲအခမ္းအနားကို ယမန္ေန႔ (မတ္လ ၂၈ ရက္) က ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔က်င္းပျပဳလုပ္ရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က “သီရိ သီဟေက်ာ္တံဆိပ္” ရရွိသူ Colonel KURCHENKO Sergei Semyonovich ၊ Captain 2nd rank YASHIN Dmitry Valerievich ၊ Captain 2nd rank SHILKOV Vitaly Vasilyevich ႏွင့္ “သီရိသူရေက်ာ္ တံဆိပ္” ရရွိသူ Colonel (Rtd) SARATOV Sergei Nikolaevich တို႔အား ဘြဲ႕တံဆိပ္မ်ားႏွင့္ အေဆာင္အေယာင္မ်ား ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ႐ုရွားႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး Colonel General Alexander Vasilievich Fominက “ႏိုင္ငံတကာစစ္ဘက္ပူးေပါင္းေဆာင္႐ြက္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးစြမ္းေဆာင္ဆုတံဆိပ္” အား ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ ဂါဝရျပဳ ခ်ီးျမႇင့္ အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဒုတိယဝန္ႀကီးက “ႏိုင္ငံတကာစစ္ဘက္ပူးေပါင္းေဆာင္႐ြက္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးစြမ္းေဆာင္ ဆုတံဆိပ္” ကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္ႏွင့္ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားအား တစ္ဦးခ်င္း ခ်ီးျမႇင့္ အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႐ုရွားႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးက “တိုက္ပြဲဝင္ ေသြးေသာက္စိတ္ ျမႇင့္တင္မႈဆုတံဆိပ္” ကို ဗိုလ္ခ်ဳပ္ႀကီးထြန္းေအာင္ ႏွင့္ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားထံ တစ္ဦးခ်င္း ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.