မန္တလေးတွင် ရဲယူနီဖောင်းဝတ်ဆင်သူအပါအဝင် လူ(၄)ဦးက ရွှေပန်းတိမ်ဆိုင်မှ ရွှေထည် (၂)ပိဿာခန့်ကို ဓားပြတိုက်လုယက်

 1742

Pearl (NP News) - မတ် ၂၉

မန္တလေးတွင် ရဲယူနီဖောင်းဝတ်ဆင်သူအပါအဝင် လူ(၄)ဦးက ရွှေပန်းတိမ်ဆိုင်မှ ရွှေထည် (၂)ပိဿာခန့်ကို ဓားပြတိုက်လုယက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ရက်၊ ညနေ (၅)နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း၊ ၈၉လမ်း ၊ ၉၀ လမ်းကြား ၊ အကွက်အမှတ် ၁၉၃၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်ရှိ လင်းလက်ဝါရွှေပန်းတိမ်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆိုင်သို့ ရဲယူနီ‌ဖောင်ဝတ် ဆင်ထားသည့် အမျိုးသားတစ်ဦးအပါအဝင် အမျိုးသား(၄)ဦးက အဖြူရောင် Mark II ကား ဖြင့် ရောက်ရှိလာပြီး စစ်ဆေးရန်ရှိသည်ဟုကနဦးပြောဆိုခဲ့ကြောင်း သိရသည်။

အထက်ပါအမျိုးသား (၄)ဦးက ဆိုင်တံခါးအား ဖွင့်ခိုင်းသဖြင့် ဆိုင်ဝန်ထမ်းဖြစ်သူ အမျိုးသမီး တစ်ဦးက တံခါးအား ဖွင့်ပေးခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးက တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် စစ်ဆေးရန်ရှိသည်ဟုပြောဆိုသည့်အတွက် ရွှေပန်းထိမ်ဆိုင်မှ အမျိုးသားတစ်ဦးက လိုက်လံပြသပေးနေစဉ် နေအိမ်တတိယထပ်ရှိ ပန်းတိမ်လုပ်ငန်းအရောက်တွင် လက်နက်ငယ်အားထုတ်ပြ၍ ရွှေထည်မျိုးစုံကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ရဲယူနီဖောင်းဝတ်ဆင်သူအပါအဝင် လူ(၄)ဦးက ယင်းကဲ့သို့ ရွှေထည်မျိုးစုံကို ယူဆောင်သွားပြီးနောက် သေနတ်တစ်ချက်ပစ်ဖောက်ကာ ကားမောင်းနှင်၍ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်အတွင်း သိန်းပေါင်း (၁၀၀၀၀) ခန့် တန်ဖိုးရှိ ရွှေလက်စွပ်၊ ရွှေနားကပ်၊ ရွှေကလစ်များအပါအဝင် မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ပိဿာခန့် )ကိုယူဆောင်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်သူများအား သက်ဆိုင်ရာရဲစခန်း၌ ဥပဒေအရအမှုဖွင့်ထားပြီး တာဝန်ရှိသူများကလည်း ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ်ခွဲတစ်ခုကို အမျိုးသား(၃)ဦးက ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း(၂၀၀၀)ကျော် ယူဆောင်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အလားတူ တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ တာချီလိတ် မြို့ပေါ်ရှိ ရပ်ကွက်များတွင် လုယက်မှု၊ ဓားပြတိုက်မှုများ ကျူးလွန်နေသည့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး အပါအဝင် (၇)ဦးကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။

zawgyi version
မႏၲေလးတြင္ ရဲယူနီေဖာင္းဝတ္ဆင္သူအပါအဝင္ လူ(၄)ဦးက ေ႐ႊပန္းတိမ္ဆိုင္မွ ေ႐ႊထည္ (၂)ပိႆာခန႔္ကို ဓားျပတိုက္လုယက္
Pearl (NP News) - မတ္ ၂၉

မႏၲေလးတြင္ ရဲယူနီေဖာင္းဝတ္ဆင္သူအပါအဝင္ လူ(၄)ဦးက ေ႐ႊပန္းတိမ္ဆိုင္မွ ေ႐ႊထည္ (၂)ပိႆာခန႔္ကို ဓားျပတိုက္လုယက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ မတ္လ ၂၈ရက္၊ ညေန (၅)နာရီခန႔္က မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၂လမ္း၊ ၈၉လမ္း ၊ ၉၀ လမ္းၾကား ၊ အကြက္အမွတ္ ၁၉၃၊ သီရိမဂၤလာအေရွ႕ရပ္ကြက္ရွိ လင္းလက္ဝါေ႐ႊပန္းတိမ္ဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အဆိုပါ ဆိုင္သို႔ ရဲယူနီ‌ေဖာင္ဝတ္ ဆင္ထားသည့္ အမ်ိဳးသားတစ္ဦးအပါအဝင္ အမ်ိဳးသား(၄)ဦးက အျဖဴေရာင္ Mark II ကား ျဖင့္ ေရာက္ရွိလာၿပီး စစ္ေဆးရန္ရွိသည္ဟုကနဦးေျပာဆိုခဲ့ေၾကာင္း သိရသည္။

အထက္ပါအမ်ိဳးသား (၄)ဦးက ဆိုင္တံခါးအား ဖြင့္ခိုင္းသျဖင့္ ဆိုင္ဝန္ထမ္းျဖစ္သူ အမ်ိဳးသမီး တစ္ဦးက တံခါးအား ဖြင့္ေပးခဲ့ၿပီးေနာက္ ပိုင္ရွင္ျဖစ္သူ အမ်ိဳးသမီးက ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ စစ္ေဆးရန္ရွိသည္ဟုေျပာဆိုသည့္အတြက္ ေ႐ႊပန္းထိမ္ဆိုင္မွ အမ်ိဳးသားတစ္ဦးက လိုက္လံျပသေပးေနစဥ္ ေနအိမ္တတိယထပ္ရွိ ပန္းတိမ္လုပ္ငန္းအေရာက္တြင္ လက္နက္ငယ္အားထုတ္ျပ၍ ေ႐ႊထည္မ်ိဳးစုံကို ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ရဲယူနီေဖာင္းဝတ္ဆင္သူအပါအဝင္ လူ(၄)ဦးက ယင္းကဲ့သို႔ ေ႐ႊထည္မ်ိဳးစုံကို ယူေဆာင္သြားၿပီးေနာက္ ေသနတ္တစ္ခ်က္ပစ္ေဖာက္ကာ ကားေမာင္းႏွင္၍ ျပန္လည္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ဓားျပတိုက္မႈျဖစ္စဥ္အတြင္း သိန္းေပါင္း (၁၀၀၀၀) ခန႔္ တန္ဖိုးရွိ ေ႐ႊလက္စြပ္၊ ေ႐ႊနားကပ္၊ ေ႐ႊကလစ္မ်ားအပါအဝင္ မီးခံေသတၱာအတြင္းရွိ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (အေလးခ်ိန္ ၂ပိႆာခန႔္ )ကိုယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ က်ဴးလြန္သူမ်ားအား သက္ဆိုင္ရာရဲစခန္း၌ ဥပေဒအရအမႈဖြင့္ထားၿပီး တာဝန္ရွိသူမ်ားကလည္း ၎တို႔ကို ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ (၂၅) ရက္ေန႔တြင္လည္း မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ KBZ ဘဏ္ခြဲတစ္ခုကို အမ်ိဳးသား(၃)ဦးက ဓားျပဝင္တိုက္ၿပီး ေငြက်ပ္သိန္း(၂၀၀၀)ေက်ာ္ ယူေဆာင္သြားခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

အလားတူ တပ္မေတာ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္ကာ တာခ်ီလိတ္ ၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားတြင္ လုယက္မႈ၊ ဓားျပတိုက္မႈမ်ား က်ဴးလြန္ေနသည့္ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး၏ ဒုဦးစီးမႉး ေအးကိုကိုဦး အပါအဝင္ (၇)ဦးကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္ ရွိခဲ့ဖူးသည္။

Picture

09651283457

30/03/2024 07:22

တိုင်လဘ်းအလကားပဲ မမိ

Related news

© 2021. All rights reserved.