အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးမှု လုံလောက်မှုမရှိကြောင်း ယူကရိန်းအစိုးရဝေဖန်ပြစ်တင်

 889

ဂျန်ဇက် (NP News) - မတ် ၂၉

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်း လုံလောက်စွာကူညီထောက်ပံ့ပေးခြင်းမရှိသည့်အတွက် ယူကရိန်းစစ်တပ်၏ တိုးတက်မှုများရပ်တန့်နေရကြောင်း ယူကရိန်းသမ္မတ၏အကြံပေးဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းသမ္မတ၏အကြံပေးဖြစ်သူ မီခေးလ် ပိုဒိုလစ်က "ကျွန်တော်တို့ဟာ ဒရုန်းတွေ၊ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံ့မှုပိုမိုလုပ်ဆောင်ဖို့လည်း တိုးမြှင့်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်။ ယူကရိန်းစစ်တပ်ဟာ စစ်သားတွေကို လက်နက်ခဲယမ်းမီးကျော်ကူညီထောက်ပံ့ပေးမှုတွေ လျော့နည်းကျဆင်းနေတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တိုးတက်မှုတွေ ရပ်တန့်နေရတယ်"ဟု ပြောသည်။

ထို့ပြင် ၎င်းကယူကရိန်းစစ်သားများ၏ စစ်ရေးစွမ်းဆောင်ရည်ပိုင်းတိုးတက်မှုရပ်တန့်နေခြင်းသည် အနောက်အုပ်စုနိုင်ငံများ၏ကူညီထောက်ပံ့ပေးမှု မလုံလောက်ခြင်းကြောင့်ဖြစ် ကြောင်း၊ ရုရှားစစ်တပ်က ၎င်းတို့၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုပိုင်းတွင် ရပ်တန့်ခြင်းမျိုးမရှိကြောင်း ပြောသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲက ၂နှစ်ကျော်လာနေပြီး ရုရှားက ယူကရိန်းပိုင်နက် အနည်းဆုံးလေးခုကို သိမ်းပိုက်ထားသည်။ယူကရိန်းသည် သိမ်းပိုက်ခံထားရသောနယ်မြေများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်အထိ မျှော်လင့်သလောက်တိုးတက်ကောင်းမွန်မှုမရှိကြောင်းသိရသည်။

အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ကာ ကန့်သတ်ခဲ့ပြီးယူကရိန်းကိုအမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ အမေရိကန်သည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၄ ဘီလျံကူညီထောက်ပံ့ပေးရန်စီစဉ်နေသကဲ့သို့ ဥရောပသမဂ္ဂကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးရန် သဘောတူညီထားကြောင်းသိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးကိုယ်တိုင်က အမေရိကန်၏အကူညီများမရပါက စစ်ပွဲရှုံးနိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

zawgyi version
အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးမႈ လုံေလာက္မႈမရွိေၾကာင္း ယူကရိန္းအစိုးရေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - မတ္ ၂၉

အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းကို စစ္လက္နက္ပစၥည္း လုံေလာက္စြာကူညီေထာက္ပံ့ေပးျခင္းမရွိသည့္အတြက္ ယူကရိန္းစစ္တပ္၏ တိုးတက္မႈမ်ားရပ္တန႔္ေနရေၾကာင္း ယူကရိန္းသမၼတ၏အႀကံေပးျဖစ္သူက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ယူကရိန္းသမၼတ၏အႀကံေပးျဖစ္သူ မီေခးလ္ ပိုဒိုလစ္က "ကြၽန္ေတာ္တို႔ဟာ ဒ႐ုန္းေတြ၊ လက္နက္ခဲယမ္းမီးေက်ာက္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္။ စစ္လက္နက္ပစၥည္းထုတ္လုပ္မႈပိုင္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံ႔မႈပိုမိုလုပ္ေဆာင္ဖို႔လည္း တိုးျမႇင့္လုပ္ေဆာင္ဖို႔ ေဆြးေႏြးခဲ့တယ္။ ယူကရိန္းစစ္တပ္ဟာ စစ္သားေတြကို လက္နက္ခဲယမ္းမီးေက်ာ္ကူညီေထာက္ပံ့ေပးမႈေတြ ေလ်ာ့နည္းက်ဆင္းေနတယ္။ ေရွ႕တန္းစစ္ေျမျပင္မွာ တိုးတက္မႈေတြ ရပ္တန႔္ေနရတယ္"ဟု ေျပာသည္။

ထို႔ျပင္ ၎ကယူကရိန္းစစ္သားမ်ား၏ စစ္ေရးစြမ္းေဆာင္ရည္ပိုင္းတိုးတက္မႈရပ္တန႔္ေနျခင္းသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ကူညီေထာက္ပံ့ေပးမႈ မလုံေလာက္ျခင္းေၾကာင့္ျဖစ္ ေၾကာင္း၊ ႐ုရွားစစ္တပ္က ၎တို႔၏ စစ္လက္နက္ပစၥည္းထုတ္လုပ္မႈပိုင္းတြင္ ရပ္တန႔္ျခင္းမ်ိဳးမရွိေၾကာင္း ေျပာသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲက ၂ႏွစ္ေက်ာ္လာေနၿပီး ႐ုရွားက ယူကရိန္းပိုင္နက္ အနည္းဆုံးေလးခုကို သိမ္းပိုက္ထားသည္။ယူကရိန္းသည္ သိမ္းပိုက္ခံထားရေသာနယ္ေျမမ်ားကို ျပန္လည္ရယူႏိုင္ရန္ ႀကိဳးပမ္းေနၿပီး လက္ရွိအခ်ိန္အထိ ေမွ်ာ္လင့္သေလာက္တိုးတက္ေကာင္းမြန္မႈမရွိေၾကာင္းသိရသည္။

အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားကို ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ကာ ကန႔္သတ္ခဲ့ၿပီးယူကရိန္းကိုအေမရိကန္ေဒၚလာ ဘီလ်ံႏွင့္ခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။ အေမရိကန္သည္ ယူကရိန္းကို အေမရိကန္ေဒၚလာ ၆၄ ဘီလ်ံကူညီေထာက္ပံ့ေပးရန္စီစဥ္ေနသကဲ့သို႔ ဥေရာပသမဂၢကလည္း ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးရန္ သေဘာတူညီထားေၾကာင္းသိရသည္။ ယူကရိန္းသမၼတဇီလန္စကီးကိုယ္တိုင္က အေမရိကန္၏အကူညီမ်ားမရပါက စစ္ပြဲရႈံးနိမ့္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.