တရုတ်နှင့်အိန္ဒိယနိုင်ငံကြား နယ်စပ်တင်းမာမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ ထပ်မံပြုလုပ်

 369

Pika (NP News) - မတ် ၂၉

အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ခုနှစ်တွင် နှစ်နိုင်ငံကြား တိုက်ပွဲများဖြစ်ပွားစေခဲ့သည့် နယ်စပ်တင်းမှုများနှင့်ပတ်သက်သော ဆွေးနွေးပွဲအသစ်တစ်ရပ်ကို မတ်လ(၂၇)နေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

တရုတ်နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများကို အပြည့်အဝဖြေရှင်းရန်နှင့် ကျန်ရှိနေသော ပြဿနာများကို ဖြေရှင်းရန် ကတိပြုထားကြသော်လည်း ဆွေးနွေးပွဲများအတွင်း အောင်မြင်မှုကြီးကြီးမားမား မရရှိခဲ့ကြကြောင်းသိရသည်။ နှစ်ဖက်စလုံးသည် နယ်စပ်တစ်လျှောက်တွင် သဘောထားကွဲလွဲမှုများနှင့် ပြဿနာများအား မည်ကဲ့သို့ဖြေရှင်းရမည်ဆိုသည့် အမြင်များကို ဖလှယ်ခဲ့ကြကြောင်း မတ်လ(၂၈)ရက်နေ့တွင် အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုအရသိရသည်။

ထို့ပြင် နှစ်နိုင်ငံစလုံးသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် သံတမန်ရေးနှင့် စစ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပုံမှန်ဆက်သွယ်ခြင်းကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါဆွေးနွေးပွဲသည် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံကြား နယ်စပ်တင်းမာမှုနှင့်ပတ်သက်ပြီး (၂၉)ကြိမ်မြောက်ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက 'နှစ်ဖက်စလုံးဟာ နယ်စပ်တစ်လျှောက်မှာ သက်ဆိုင်ရာကိစ္စတွေကို အာရုံစိုက်ပြီး နှစ်ဘက်စလုံးက လက်ခံနိုင်တဲ့ အဖြေကို အမြန်ဆုံးရရှိအောင် လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်။”ဟုထုတ်ပြန်ပြောဆိုခဲ့သည်။

အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြား ထိစပ်နေသော နယ်စပ်တစ်လျှောက်သည် ကီလိုမီတာ(၃၈၀၀)ကျော် ရှည်လျားကြောင်းလည်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ-တရုတ်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား (၂၀)ဦးသေဆုံးကာ တရုတ်စစ်သား(၄)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။

zawgyi version
တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံၾကား နယ္စပ္တင္းမာမႈမ်ားႏွင့္ပတ္သက္သည့္ ေဆြးေႏြးပြဲ ထပ္မံျပဳလုပ္
Pika (NP News) - မတ္ ၂၉

အိႏၵိယႏွင့္ တ႐ုတ္တို႔သည္ ၂၀၂၀ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံၾကား တိုက္ပြဲမ်ားျဖစ္ပြားေစခဲ့သည့္ နယ္စပ္တင္းမႈမ်ားႏွင့္ပတ္သက္ေသာ ေဆြးေႏြးပြဲအသစ္တစ္ရပ္ကို မတ္လ(၂၇)ေန႔တြင္ က်င္းပခဲ့ေၾကာင္းသိရသည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ ႏွစ္ႏိုင္ငံၾကား သေဘာထားကြဲလြဲမႈမ်ားကို အျပည့္အဝေျဖရွင္းရန္ႏွင့္ က်န္ရွိေနေသာ ျပႆနာမ်ားကို ေျဖရွင္းရန္ ကတိျပဳထားၾကေသာ္လည္း ေဆြးေႏြးပြဲမ်ားအတြင္း ေအာင္ျမင္မႈႀကီးႀကီးမားမား မရရွိခဲ့ၾကေၾကာင္းသိရသည္။ ႏွစ္ဖက္စလုံးသည္ နယ္စပ္တစ္ေလွ်ာက္တြင္ သေဘာထားကြဲလြဲမႈမ်ားႏွင့္ ျပႆနာမ်ားအား မည္ကဲ့သို႔ေျဖရွင္းရမည္ဆိုသည့္ အျမင္မ်ားကို ဖလွယ္ခဲ့ၾကေၾကာင္း မတ္လ(၂၈)ရက္ေန႔တြင္ အိႏၵိယအစိုးရက ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္တစ္ခုအရသိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံစလုံးသည္ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းရန္အတြက္ သံတမန္ေရးႏွင့္ စစ္ေရးလမ္းေၾကာင္းမ်ားမွတစ္ဆင့္ ပုံမွန္ဆက္သြယ္ျခင္းကို ဆက္လက္ထိန္းသိမ္းထားရန္ သေဘာတူညီခဲ့ၾကေၾကာင္း အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။အဆိုပါေဆြးေႏြးပြဲသည္ အိႏၵိယႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံၾကား နယ္စပ္တင္းမာမႈႏွင့္ပတ္သက္ၿပီး (၂၉)ႀကိမ္ေျမာက္ေဆြးေႏြးမႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက 'ႏွစ္ဖက္စလုံးဟာ နယ္စပ္တစ္ေလွ်ာက္မွာ သက္ဆိုင္ရာကိစၥေတြကို အာ႐ုံစိုက္ၿပီး ႏွစ္ဘက္စလုံးက လက္ခံႏိုင္တဲ့ အေျဖကို အျမန္ဆုံးရရွိေအာင္ လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ပါတယ္။”ဟုထုတ္ျပန္ေျပာဆိုခဲ့သည္။

အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔ၾကား ထိစပ္ေနေသာ နယ္စပ္တစ္ေလွ်ာက္သည္ ကီလိုမီတာ(၃၈၀၀)ေက်ာ္ ရွည္လ်ားေၾကာင္းလည္း သိရသည္။ ၂၀၂၂ ခုႏွစ္တြင္ အိႏၵိယ-တ႐ုတ္နယ္စပ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အိႏၵိယစစ္သား (၂၀)ဦးေသဆုံးကာ တ႐ုတ္စစ္သား(၄)ဦးေသဆုံးခဲ့ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.