Super Junior အဖွဲ့ဝင် ရီအိုဝုခ်က အမျိုးသမီး K POP အဖွဲ့ TAHITI ရဲ့ အဖွဲ့ဝင်ဟောင်း Ari နဲ့ လက်ထပ်တော့မည်

 112

ရောင်နီ(NP News) - မတ် ၃၁

2nd generation အမျိုးသား K POP အဖွဲ့ Super Junior ရဲ့ အဖွဲ့ဝင် ရီအိုဝုခ်ဟာ မတ်လ ၂၉ ရက်(စနေနေ့) မှာ ပရိသတ်တွေကို မင်္ဂလာသတင်း အကြောင်းကြားလာခဲ့ပါတယ်။

ဒီမင်္ဂလာသတင်းကို ရီအိုဝုခ်က အင်စတာဂရမ်မှာ လက်ရေးစာပုံနဲ့အတူ ပရိသတ်တွေကို ဝေမျှလာခဲ့တာ ဖြစ်ပါတယ်။ စာထဲမှာတော့ ရီအိုဝုခ်က သူ့ရဲ့ Idol ဘဝဟာ ၂၀၀၅ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်မှာ စတင်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်လာတာ အခုဆို အနှစ် ၂၀ ရှိပြီဖြစ်ကာ တစ်လျှောက်လုံး အားပေးလာကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း ရှေးဦးစွာ ပြောကြားခဲ့ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေ မျှဝေခံစားပေးခဲ့တဲ့ ပရိသတ်တွေရှိလို့ ပိုသန်မာတဲ့ လူတစ်ဦး ဖြစ်လာခဲ့တာဖြစ်ပြီး အခု မင်္ဂလာသတင်းကိုလည်း ပရိသတ်တွေကို အရင်ဆုံး ပြောပြချင်ကြောင်း၊ အားလုံးသိကြတဲ့အတိုင်း သူ့မှာ ချစ်သူရည်းစားရှိပြီး အချိန်တွေကြာလာတာနဲ့အမျှ သူမနဲ့ မိသားစုဖြစ်လိုစိတ် ဖြစ်ပေါ်လာခဲ့ကြောင်း၊ အချိန်အတော်ကြာ စေ့စေ့စပ်စပ် စဉ်းစားပြီး အဖွဲ့ဝင်တွေနဲ့ အေဂျင်စီဝန်ထမ်းတွေနဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် လာမယ့်မေလနှောင်းပိုင်းမှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကာ မင်္ဂလာသတင်းကို ကြေညာခဲ့ပါတယ်။

Super Junior အဖွဲ့ဟာ SM entertainment မှတစ်ဆင့် 2007 ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို ခံယူနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးရှိပြီး K POP လောကမှာ သက်တမ်းအရှည်ကြာဆုံး boy band တစ်ခု ဖြစ်ခဲ့ပါတယ်။

zawgyi version
Super Junior အဖြဲ႕ဝင္ ရီအိုဝုခ္က အမ်ိဳးသမီး K POP အဖြဲ႕ TAHITI ရဲ႕ အဖြဲ႕ဝင္ေဟာင္း Ari နဲ႔ လက္ထပ္ေတာ့မည္
ေရာင္နီ(NP News) - မတ္ ၃၁

2nd generation အမ်ိဳးသား K POP အဖြဲ႕ Super Junior ရဲ႕ အဖြဲ႕ဝင္ ရီအိုဝုခ္ဟာ မတ္လ ၂၉ ရက္(စေနေန႔) မွာ ပရိသတ္ေတြကို မဂၤလာသတင္း အေၾကာင္းၾကားလာခဲ့ပါတယ္။

ဒီမဂၤလာသတင္းကို ရီအိုဝုခ္က အင္စတာဂရမ္မွာ လက္ေရးစာပုံနဲ႔အတူ ပရိသတ္ေတြကို ေဝမွ်လာခဲ့တာ ျဖစ္ပါတယ္။ စာထဲမွာေတာ့ ရီအိုဝုခ္က သူ႔ရဲ႕ Idol ဘဝဟာ ၂၀၀၅ ခုႏွစ္၊ အသက္ ၁၉ ႏွစ္အ႐ြယ္မွာ စတင္ခဲ့တာျဖစ္ၿပီး ပြဲဦးထြက္လာတာ အခုဆို အႏွစ္ ၂၀ ရွိၿပီျဖစ္ကာ တစ္ေလွ်ာက္လုံး အားေပးလာၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ရွိေၾကာင္း ေရွးဦးစြာ ေျပာၾကားခဲ့ပါတယ္။ ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းနည္းျခင္းေတြ မွ်ေဝခံစားေပးခဲ့တဲ့ ပရိသတ္ေတြရွိလို႔ ပိုသန္မာတဲ့ လူတစ္ဦး ျဖစ္လာခဲ့တာျဖစ္ၿပီး အခု မဂၤလာသတင္းကိုလည္း ပရိသတ္ေတြကို အရင္ဆုံး ေျပာျပခ်င္ေၾကာင္း၊ အားလုံးသိၾကတဲ့အတိုင္း သူ႔မွာ ခ်စ္သူရည္းစားရွိၿပီး အခ်ိန္ေတြၾကာလာတာနဲ႔အမွ် သူမနဲ႔ မိသားစုျဖစ္လိုစိတ္ ျဖစ္ေပၚလာခဲ့ေၾကာင္း၊ အခ်ိန္အေတာ္ၾကာ ေစ့ေစ့စပ္စပ္ စဥ္းစားၿပီး အဖြဲ႕ဝင္ေတြနဲ႔ ေအဂ်င္စီဝန္ထမ္းေတြနဲ႔ အခ်ိန္အေတာ္ၾကာ ေဆြးေႏြးၿပီးေနာက္ လာမယ့္ေမလေႏွာင္းပိုင္းမွာ မဂၤလာေဆာင္ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း ေျပာကာ မဂၤလာသတင္းကို ေၾကညာခဲ့ပါတယ္။

Super Junior အဖြဲ႕ဟာ SM entertainment မွတစ္ဆင့္ 2007 ခုႏွစ္မွာ ပြဲဦးထြက္ခဲ့ၿပီး ပရိသတ္မ်ားစြာရဲ႕ အားေပးမႈကို ခံယူႏိုင္ခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။ အဖြဲ႕ဝင္ စုစုေပါင္း ၁၃ ဦးရွိၿပီး K POP ေလာကမွာ သက္တမ္းအရွည္ၾကာဆုံး boy band တစ္ခု ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.