ဂါဇာဒေသ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးတို့အတွက် နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေ ဖြန့်ကြတ်ချထားဖို့ စဉ်းစားနေကြောင်း အစ္စရေးအစိုးရပြော

 440

ဂျန်ဇက် (NP News) - မတ် ၃၁

အစ္စရေးနိုင်ငံဟာ ဂါဇာဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးဖြစ်စေဖို့အတွက် နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေကို ဖြန့်ကြတ်ချထားနိုင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံက ဂါဇာဒေသမှာဖြန့်ကြတ်ချထားမယ့် လုံခြုံရေးတပ်ဖွဲ့တွေထဲမှာ အာရပ်နိုင်ငံတွေရဲ့ တပ်ဖွဲ့တွေ ကိုလည်း ပူးပေါင်းပါဝင်စေလိုတယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတကာ တပ်ဖွဲ့တွေဟာ ဂါဇာဒေသမှာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေအပြင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပေးရမယ် လို့လည်း သိရပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်ဟာ ဂါဇာဒေသအရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်၊ ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း နိုင်ငံစုံတပ်ဖွဲ့တွေ အကြောင်း ဖြန့်ကြတ်ချထားမယ့် အစီအစဉ်တွေကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နီးစပ်တဲ့သတင်းအရင်းမြစ်တွေ က ဖော်ပြပါတယ်။

အဆိုပါကိစ္စနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်က "ဂါဇာဒေသမှာ နိုင်ငံစုံတပ်ဖွဲ့တွေ ဖြန့်ကြတ်ချထားဖို့အတွက် အာရပ် နိုင်ငံတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေကို ပွင့်လင်းမြင်သာစွာလုပ်ဖို့ အမေရိကန်နိုင်ငံကလည်း ဆန္ဒရှိနေပါတယ်" လို့ ပြောပါတယ်။

ဒါပေမယ့် အမည်မဖော်လိုတဲ့အာရပ်နိုင်ငံတွေရဲ့တာဝန်ရှိသူတစ်ဦးကတော့ ဂါဇာဒေသမှာ စစ်ပွဲအဆုံးမသတ် သေးဘူးဆိုရင် အာရပ်နိုင်ငံတွေရဲ့လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ကြတ်ချထားမှုတွေကို လုပ်ဆောင်မှာ မဟုတ်ကြောင်း ဆိုပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ဂါဇာဒေသစစ်ပွဲဟာ ၆ လ နီးပါးရှိလာ ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးပါဘူး။ အစ္စရေးဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံရပ်တည်ရေး တောင်းဆိုချက်တွေကို ငြင်းဆန်ထားသလို အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေကိုလည်း လက်ရှိအချိန်မှာ ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာေဒသ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေရးတို႔အတြက္ ႏိုင္ငံေပါင္းစုံတပ္ဖြဲ႕ေတြ ျဖန႔္ၾကတ္ခ်ထားဖို႔ စဥ္းစားေနေၾကာင္း အစၥေရးအစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၃၁

အစၥေရးႏိုင္ငံဟာ ဂါဇာေဒသမွာ တရားဥပေဒစိုးမိုးေရးနဲ႔တည္ၿငိမ္ေရးျဖစ္ေစဖို႔အတြက္ ႏိုင္ငံေပါင္းစုံတပ္ဖြဲ႕ေတြကို ျဖန႔္ၾကတ္ခ်ထားႏိုင္ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

အစၥေရးႏိုင္ငံက ဂါဇာေဒသမွာျဖန႔္ၾကတ္ခ်ထားမယ့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြထဲမွာ အာရပ္ႏိုင္ငံေတြရဲ႕ တပ္ဖြဲ႕ေတြ ကိုလည္း ပူးေပါင္းပါဝင္ေစလိုတယ္လို႔ ဆိုပါတယ္။ အဲဒီႏိုင္ငံတကာ တပ္ဖြဲ႕ေတြဟာ ဂါဇာေဒသမွာ တရားဥပေဒ စိုးမိုးေရးလုပ္ငန္းေတြအျပင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးလုပ္ငန္းေတြကို ဝိုင္းဝန္းကူညီေပးရမယ္ လို႔လည္း သိရပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီး ဂယ္လန႔္ဟာ ဂါဇာေဒသအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္၊ ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္တို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ႏိုင္ငံစုံတပ္ဖြဲ႕ေတြ အေၾကာင္း ျဖန႔္ၾကတ္ခ်ထားမယ့္ အစီအစဥ္ေတြကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နီးစပ္တဲ့သတင္းအရင္းျမစ္ေတြ က ေဖာ္ျပပါတယ္။

အဆိုပါကိစၥနဲ႔နီးစပ္တဲ့သတင္းအရင္းျမစ္က "ဂါဇာေဒသမွာ ႏိုင္ငံစုံတပ္ဖြဲ႕ေတြ ျဖန႔္ၾကတ္ခ်ထားဖို႔အတြက္ အာရပ္ ႏိုင္ငံေတြနဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြကို ပြင့္လင္းျမင္သာစြာလုပ္ဖို႔ အေမရိကန္ႏိုင္ငံကလည္း ဆႏၵရွိေနပါတယ္" လို႔ ေျပာပါတယ္။

ဒါေပမယ့္ အမည္မေဖာ္လိုတဲ့အာရပ္ႏိုင္ငံေတြရဲ႕တာဝန္ရွိသူတစ္ဦးကေတာ့ ဂါဇာေဒသမွာ စစ္ပြဲအဆုံးမသတ္ ေသးဘူးဆိုရင္ အာရပ္ႏိုင္ငံေတြရဲ႕လုံၿခဳံေရးတပ္ဖြဲ႕ေတြ ျဖန႔္ၾကတ္ခ်ထားမႈေတြကို လုပ္ေဆာင္မွာ မဟုတ္ေၾကာင္း ဆိုပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ဂါဇာေဒသစစ္ပြဲဟာ ၆ လ နီးပါးရွိလာ ေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိေသးပါဘူး။ အစၥေရးဟာ အစၥေရးနဲ႔ ပါလက္စတိုင္း ႏွစ္ႏိုင္ငံရပ္တည္ေရး ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ထားသလို အပစ္ခတ္ရပ္စဲေရးေတာင္းဆိုခ်က္ေတြကိုလည္း လက္ရွိအခ်ိန္မွာ ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.