ယူကရိန်းရဲ့ဗုံးကြဲမှုတွေကြောင့် ရုရှားနိုင်ငံ ဘယ်ဂိုရောဗ့်မြို့မှာ ကလေးငယ်ပေါင်း ၅ဝဝဝ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရဟုဆို

 661

ဂျန်ဇက် (NP News) - မတ် ၃၁

ယူကရိန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ယူကရိန်းနဲ့ ရုရှားနယ်စပ်မြို့တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်လာခြင်းကြောင့် ဘယ်ဂိုရော့ဗ်မြို့ရှိ ကလေးငယ်ပေါင်း ၅ဝဝဝ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ရုရှားအစိုးရက ပြောပါတယ်။

ဘယ်ဂိုရောဗ့်မြို့အာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း ဘယ်ဂိုရောဗ့်မြို့အာဏာပိုင်တွေဟာ ကလေးငယ်ပေါင်း ၉ဝဝဝ ကျော်ကို အခြားဒေသတွေကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

ဘယ်ဂိုရောဗ့်မြို့အုပ်ချုပ်ရေးမှူး "ကလေးငယ်ပေါင်း ၅ဝဝဝ ကျော်ကို မြို့အပြင်ဘက် အခြားမြို့တွေ ဆီပို့ပေးခဲ့ရ တယ်။ စိန့်ပီတာဘရက် အပါအဝင် မြို့သုံးမြို့မှာ ကလေးငယ် ၁၃ဝဝ ပို့ပေးခဲ့တယ်" လို့ ပြောပါတယ်။

ယူကရိန်းနယ်စပ်ဒေသနဲ့နီးတဲ့ ဘယ်ဂိုရောဗ့်မြို့မှာနေထိုင်နေတဲ့ကလေးငယ်တွေကိုလည်း လာမယ့်တွေအတွင်း အခြားဒေသတွေကို ထပ်မံ ပို့ဆောင်ပေးရဖွယ်ရှိနေကြောင်း ဘယ်ဂိုရောဗ့်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်ကျော်လာချိန်မှာ ယူကရိန်းဟာ ရုရှားပိုင်နက်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းလာနေရာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။

ဘယ်လ်ဂိုရောဗ့်မြို့အာဏာပိုင်တွေဟာ လက်ရှိအချိန်မှာ ဝန်ထမ်းတွေကို အကူညီပေးရေးလုပ်ငန်းတွေ ဦးစားပေး သင်ကြားပေးနေရကြောင်း သိရပါတယ်။ ရုရှားအစိုးရတာဝန်ရှိသူတွေက ဘယ်လ်ဂိုရောဗ့်မြို့ကို တိုက်ခိုက်တဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ထားပြီး ရာဇဝတ်ထိုက်တဲ့တိုက်ခိုက်မှုမျိုးဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

Zawgyi Version;
ယူကရိန္းရဲ႕ဗုံးႀကဲမႈေတြေၾကာင့္ ႐ုရွားႏိုင္ငံ ဘယ္ဂိုေရာဗ့္ၿမိဳ႕မွာ ကေလးငယ္ေပါင္း ၅ဝဝဝ ေက်ာ္ကို ေဘးလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၃၁

ယူကရိန္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ယူကရိန္းနဲ႔ ႐ုရွားနယ္စပ္ၿမိဳ႕ေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ အရွိန္ျမင့္ လုပ္ေဆာင္လာျခင္းေၾကာင့္ ဘယ္ဂိုေရာ့ဗ္ၿမိဳ႕ရွိ ကေလးငယ္ေပါင္း ၅ဝဝဝ ေက်ာ္ကို ေဘးလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္း ေပးခဲ့ရေၾကာင္း ႐ုရွားအစိုးရက ေျပာပါတယ္။

ဘယ္ဂိုေရာဗ့္ၿမိဳ႕အာဏာပိုင္ေတြက ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းကလည္း ဘယ္ဂိုေရာဗ့္ၿမိဳ႕အာဏာပိုင္ေတြဟာ ကေလးငယ္ေပါင္း ၉ဝဝဝ ေက်ာ္ကို အျခားေဒသေတြကို ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရပါတယ္။

ဘယ္ဂိုေရာဗ့္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး "ကေလးငယ္ေပါင္း ၅ဝဝဝ ေက်ာ္ကို ၿမိဳ႕အျပင္ဘက္ အျခားၿမိဳ႕ေတြ ဆီပို႔ေပးခဲ့ရ တယ္။ စိန႔္ပီတာဘရက္ အပါအဝင္ ၿမိဳ႕သုံးၿမိဳ႕မွာ ကေလးငယ္ ၁၃ဝဝ ပို႔ေပးခဲ့တယ္" လို႔ ေျပာပါတယ္။

ယူကရိန္းနယ္စပ္ေဒသနဲ႔နီးတဲ့ ဘယ္ဂိုေရာဗ့္ၿမိဳ႕မွာေနထိုင္ေနတဲ့ကေလးငယ္ေတြကိုလည္း လာမယ့္ေတြအတြင္း အျခားေဒသေတြကို ထပ္မံ ပို႔ေဆာင္ေပးရဖြယ္ရွိေနေၾကာင္း ဘယ္ဂိုေရာဗ့္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ႐ုရွား နဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၂ ႏွစ္ေက်ာ္လာခ်ိန္မွာ ယူကရိန္းဟာ ႐ုရွားပိုင္နက္ေတြကို တိုက္ခိုက္ဖို႔ ႀကိဳးပမ္းလာေနရာ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာေနေၾကာင္း သိရပါတယ္။

ဘယ္လ္ဂိုေရာဗ့္ၿမိဳ႕အာဏာပိုင္ေတြဟာ လက္ရွိအခ်ိန္မွာ ဝန္ထမ္းေတြကို အကူညီေပးေရးလုပ္ငန္းေတြ ဦးစားေပး သင္ၾကားေပးေနရေၾကာင္း သိရပါတယ္။ ႐ုရွားအစိုးရတာဝန္ရွိသူေတြက ဘယ္လ္ဂိုေရာဗ့္ၿမိဳ႕ကို တိုက္ခိုက္တဲ့ ယူကရိန္းရဲ႕လုပ္ရပ္ေတြကို ေဝဖန္ျပစ္တင္ထားၿပီး ရာဇဝတ္ထိုက္တဲ့တိုက္ခိုက္မႈမ်ိဳးျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။

Related news

© 2021. All rights reserved.