ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သေဆုံးခဲ့သော မြန်မာနိုင်ငံသားများ၏မိသားစုများက လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ သန်းချီ လက်ခံရယူရန်သဘောတူ

 1018

ဂျန်ဇက် (NP News) - မတ် ၃၁

ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းရှိ Pluak Daeng အရပ်ဒေသရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြတ်ကျမှု ကြောင့် သေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များသည်လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၁ ဒသမ ၆ သန်းယူရန် သဘောတူညီခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ရှာဖွေကယ်ဆယ်ရေးသမားများသည် ကရိန်းပြတ်ကျခဲ့သော လုပ်ငန်းခွင်ကို သွားရောက်ရှာဖွေ ကယ်တင်ပေးခဲ့ပြီး နောက် ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ရှာဖွေ ကယ်ဆယ်ရေးသမားများသည် သေဆုံးခဲ့သူ ၇ ဦး၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ခြောက်ဦး နှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများသေဆုံးမှုနှင့်ပတ်သက်ပြီး လျော်ကြေး ပေးရန် နာရီပေါင်းများစွာကြာစေ့စပ်ဆွေးနွေးခဲ့ပြီးနောက် ထိုင်းဘတ်ငွေ ၁ ဒသမ ၆သန်း လက်ခံရယူရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ထမ်းရာချီသည် သေဆုံးသူများအတွက်ဘတ်ငွေ ၅ သန်းလျော်ကြေးပေးရန် တောင်းဆိုခဲ့ပြီး တောင်းဆိုချက်များကို မရဘူးဆိုလျှင် ကယ်ဆယ်ရေးသမားများကို ရုပ်အလောင်းများလာရောက်ဆယ်ယူခွင့် ပေးမည်မဟုတ်ကြောင်း ဆိုခဲ့သည်။

အဆိုပါလျော်ကြေးငွေများအနက်မှ သေဆုံးသူတစ်ဦး၏ မိသားစုတစ်စုတိုင်းကို သုံးလအတွင်း ဘတ် ၅ သိန်း ကနဦးပေးရန် သဘောတူညီမှုများလည်း ရှိနေခဲ့သည်။ ထိုင်းအာဏာပိုင်များသည် ဆောက်လုပ်ရေးလုပ်ငန်းခွင် ကရိန်းပြတ်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ထိုင္းေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ေသဆုံးခဲ့ေသာ ျမန္မာႏိုင္ငံသားမ်ား၏မိသားစုမ်ားက ေလ်ာ္ေၾကးအျဖစ္ ထိုင္းဘတ္ေငြ သန္းခ်ီ လက္ခံရယူရန္သေဘာတူ
ဂ်န္ဇက္ (NP News) - မတ္ ၃၁

ထိုင္းႏိုင္ငံအေရွ႕ဘက္ပိုင္းရွိ Pluak Daeng အရပ္ေဒသရွိေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ ကရိန္းျပတ္က်မႈ ေၾကာင့္ ေသဆုံးသြားခဲ့သူမ်ား၏ မိသားစုဝင္မ်ားသည္ေလ်ာ္ေၾကးအျဖစ္ ထိုင္းဘတ္ေငြ ၁ ဒသမ ၆ သန္းယူရန္ သေဘာတူညီခဲ့ေၾကာင္း ထိုင္းသတင္းတြင္ေဖာ္ျပထားသည္။

ရွာေဖြကယ္ဆယ္ေရးသမားမ်ားသည္ ကရိန္းျပတ္က်ခဲ့ေသာ လုပ္ငန္းခြင္ကို သြားေရာက္ရွာေဖြ ကယ္တင္ေပးခဲ့ၿပီး ေနာက္ ဒဏ္ရာရသူမ်ားႏွင့္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းကိုျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ရွာေဖြ ကယ္ဆယ္ေရးသမားမ်ားသည္ ေသဆုံးခဲ့သူ ၇ ဦး၏ ႐ုပ္အေလာင္းကို ျပန္လည္ယူေဆာင္ေပးႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံသား ေျခာက္ဦး ႏွင့္ တ႐ုတ္ႏိုင္ငံသားတစ္ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနေသာ ဝန္ထမ္းမ်ားေသဆုံးမႈႏွင့္ပတ္သက္ၿပီး ေလ်ာ္ေၾကး ေပးရန္ နာရီေပါင္းမ်ားစြာၾကာေစ့စပ္ေဆြးေႏြးခဲ့ၿပီးေနာက္ ထိုင္းဘတ္ေငြ ၁ ဒသမ ၆သန္း လက္ခံရယူရန္ သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ လူေသဆုံးမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေဆာက္လုပ္ေရးဝန္ထမ္းရာခ်ီသည္ ေသဆုံးသူမ်ားအတြက္ဘတ္ေငြ ၅ သန္းေလ်ာ္ေၾကးေပးရန္ ေတာင္းဆိုခဲ့ၿပီး ေတာင္းဆိုခ်က္မ်ားကို မရဘူးဆိုလွ်င္ ကယ္ဆယ္ေရးသမားမ်ားကို ႐ုပ္အေလာင္းမ်ားလာေရာက္ဆယ္ယူခြင့္ ေပးမည္မဟုတ္ေၾကာင္း ဆိုခဲ့သည္။

အဆိုပါေလ်ာ္ေၾကးေငြမ်ားအနက္မွ ေသဆုံးသူတစ္ဦး၏ မိသားစုတစ္စုတိုင္းကို သုံးလအတြင္း ဘတ္ ၅ သိန္း ကနဦးေပးရန္ သေဘာတူညီမႈမ်ားလည္း ရွိေနခဲ့သည္။ ထိုင္းအာဏာပိုင္မ်ားသည္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ ကရိန္းျပတ္က်မႈအတြက္ စုံစမ္းစစ္ေဆးမႈမ်ား ထပ္မံလုပ္ေဆာင္မည္ဟုလည္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.