ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်အဖြစ် လက်တွဲနေကြသည့် အိန္ဒိယ−ဂျပန်ဆက်ဆံရေး နှစ်နိုင်ငံ ဆက်ဆံရေး နောက်ခံသမိုင်း
699
သန်းထိုက်စိုး (NP News) - ဧပြီ ၁
အိန္ဒိယ-ဂျပန် ဆက်ဆံရေးမှာ အိန္ဒိယနိုင်ငံက ဂျပန်နိုင်ငံအား ဗုဒ္ဓဝါဒနှင့် မိတ်ဆက်ပေးခဲ့ သည့် (၆)ရာစုမှစတင်ခဲ့သည်ဟုဆိုကြသည်။ သို့ဖြစ်ရာ အိန္ဒိယယဥ်ကျေးမှုသည်လည်း ဂျပန်ယဥ်ကျေးမှု အပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာနေရူးသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ueno တိရိစ္ဆာန်ရုံသို့ ဆင်တစ်ကောင်လှူဒါန်းခဲ့သည်။ ယင်းမှာ စစ်ရှုံးမှုကြောင့် နလန်မထူနိုင်သေးသည့် ဂျပန်ပြည်သူများ၏ ဘဝထဲသို့ အလင်တန်းလေးတစ်ခု ဖြာထွက်ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည် ၁၉၅၂ ခုနှစ်၊ ဧပြီလ ၂၈ ရက် နေ့တွင် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြသည်။ နှစ်နိုင်ငံ တို့သည် သံတမန်အဆက်အသွယ် ထူထောင်ပြီးချိန်ကတည်းက နွေးထွေးသည့်ဆက်ဆံရေးအား ထူထောင်နိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်လွန်ကာလတွင် အိန္ဒိယနိုင်ငံ၏ သံသတ္ထုရိုင်း ထုတ်လုပ်မှု လုပ်ငန်းသည် အပျက်အစီးများကြားမှ ဂျပန်နိုင်ငံနိုးထလာနိုင်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ယိုရှီရိုမိုရီ ၂၀၀၀ ခုနှစ်၊ သြဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သည်။ နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်မှု(Global Partnership)တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ် ဂျူနီချီးရိုးကိုအိဇူမိသည် ၂၀၀၅ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ချိန်မှစ၍ အိန္ဒိယ−ဂျပန် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးများအား မြို့တော်များတွင် နှစ်စဥ်ကျင်းပခဲ့ကြသည်။ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh သည် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးမှာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဖြစ်သို့ တက်လှမ်း လာခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးနှင့် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး Special Strategic and Global Partnership အဖြစ်တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် နရန်ဒရာမိုဒီနှင့် ထိပ်သီးအစည်းအဝေးကျင်းပခဲ့သည်။ နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးအား Special Strategic and Global Partnership မှ လေးနက်ကျယ်ပြန့်ပြီး လက်တွေ့ကျသော မိတ်ဖက်ဆက်ဆံရေး(deep,broad-based and action-oriented partnership) အဖြစ် ကူးပြောင်းရန်သဘောတူခဲ့ကြသည်။ ယင်းကဲ့သို့ဆက်ဆံရေး တိုးမြှင့်လိုက်ခြင်းသည် ၎င်းတို့၏ ကာလရှည်ကြာ ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာ ရည်မှန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်းမှုအဖြစ်ထင်ဟပ်နေခြင်းပင်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်တွင် လမ်းညွှန်အဖြစ်ဆောင်ရွက်မည့် “အင်ဒို−ပစိဖိတ်ဒေသနှင့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေး နှင့် ကြွယ်ဝချမ်းသာရေးအတွက် အတူတကွအလုပ်လုပ်မည့် အထူးမဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်မှု မျှော်မှန်းချက်၂၀၂၅”ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် ၂၀၂၂ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံတွင်ကျင်းပသည့် ဂျပန်−သြစတြေးလျ−အိန္ဒိယ− အမေရိကန်ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် ထိုနှစ်အတွင်းမှာပင် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေး၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ထပ်မံရောက်ရှိခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ခိရှိဒသည် ၂၀၂၃ ခုနှစ်၊ မတ်လနှင့် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ သည် ၂၀၂၃ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး ထိပ်သီးအစည်းအဝေးပွဲများအား တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံတို့သည် ၂၀၂၃ ခုနှစ်အတွင်း G7 နှင့် G20 ဥက္ကဌနေရာများ အသီးသီး ရယူပြီး ထိပ်သီးအစည်းအဝေးပွဲများအား လက်ခံကျင်းပခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်တို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းရှိ ပြဿနာရပ် များအပေါ် အတူတကွဖြေရှင်းမည့် ကတိကဝတ်များအား ထပ်မံအတည်ပြုခဲ့ကြသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှု မှန်မှန်တိုးတက်လာသကဲ့သို့ ပိုမိုကျယ်ပြန့်နက်ရှိုင်းလာခဲ့သည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာလည်း တိုးတက်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ်အထိ ဂျပန်နိုင်ငံအတွက် ၁၈ နိုင်ငံမြောက် အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည်။ အလားတူ ဂျပန်နိုင်ငံသည်လည်း အိန္ဒိယနိုင်ငံအတွက် ၁၃ နိုင်ငံ မြောက် အကြီးမားဆုံးသောကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ ရင်းနှီး မြှပ်နှံမှုလည်း မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံတွင် ဂျပန်ကုမ္ပဏီခွဲပေါင်း ၁၄၃၉ ခု ရှိသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဂျပန်ဖွံ့ဖြိုးရေးအကူအညီ(ODA) အများဆုံး ရရှိသည့်နိုင်ငံလည်းဖြစ်သည်။ နယူးဒေသလီ မြေအောက်ရထားလမ်းများသည် ဂျပန် ဖွံ့ဖြိုးရေးအကူအညီ(ODA)အသုံးချပြီး အကောင်အထည်ဖော်ခဲ့သည့်အအောင်မြင်ဆုံးလုပ်ငန်းများ အနက်တစ်ခုအပါအဝင် ဖြစ်သည်။ ဂျပန်နိုင်ငံသည် Act East Policy နှင့် Partnership for Quality Infrastructure ကြား ပေါင်းစည်းမှုမှတစ်ဆင့် တောင်အာရှနှင့် အရှေ့တောင်အာရှအား မဟာဗျူဟာ ချိတ်ဆက်ပေးရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
နှစ်နိုင်ငံစီးပွားရေး အပြန်အလှန်ဆက်စပ်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံ မောင်းနှင် အားဖြစ်သည်။ ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံအား ၎င်း၏စီးပွားရေး ပြန်လည်ထူထောင်ရေး မဟာဗျူဟာအား အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့်မိတ်ဖက်အဖြစ် ရှုမြင်ထားသည်။ အလားတူ အိန္ဒိယနိုင်ငံကလည်း ဂျပန်နိုင်ငံအား ၎င်း၏ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်မှု အခြေခံများအား အဆင့်မြှင့်တင်ရာတွင် အဓိကကျသော မိတ်ဖက်အဖြစ်လည်းကောင်း၊ အရင်းအနှီး နှင့်ကုန်သွယ်ရေးဆိုင်ရာ နည်းပညာအရင်းအမြစ် အဖြစ်လည်းကောင်း ရှုမြင်ထားသည်။ နှစ်နိုင်ငံ လိုအပ်ချက်မတူညီမှုသည် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ခိုင်မာသည့် ပေါင်းစည်း စွမ်းအင်ရရှိရန် အခွင့်အလမ်းများဖန်တီးပေးနေခြင်းပင်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ခိုင်မာသည့် ထုတ်လုပ်ရေးအခြေခံများရှိသည်။ အိန္ဒိယနိုင်ငံတွင် ဝန်ဆောင်မှုဦးဆောင်သည့် ဖွံ့ဖြိုးမှုရှိသည်။ ဂျပန် နိုင်ငံသည် hardware ပိုင်းတွင်ဦးဆောင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံသည် software ပိုင်းတွင် ဦးဆောင်သူ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် သက်ကြီးပိုင်းဦးရေ တဖြည်းဖြည်းများလာ သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူငယ်ဦးရေအများဆုံးနိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဘဏ္ဍာရေးနှင့်နည်းပညာဆိုင်ရာအင်အားရှိပြီး အိန္ဒိယနိုင်ငံတွင် လူသားအရင်းအနှီးနှင့် ကြီးမားသည့် ဈေးကွက်တစ်ခုရှိသည်။ ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်း များအား ဆက်လက်ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ မြန်နှုန်းမြင့်ရထားလမ်းများ ဖောက်လုပ်ရေး လုပ်ငန်းများတွင်လည်း ဆက်လက်ကူညီပေးလျက်ရှိသည်။
အာရှ၏ ပါဝါမျှခြေ ပြန်လည်ရရှိ
အိန္ဒိယဝန်ကြီးချုပ် မက်မိုဟန်ဆင်းသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစ်ရပ်အား ထုတ်ပြန်နိုင်ခဲ့သည်။ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၏ ပေါင်းစည်းမှုမှာ အင်အားကြီးမားသည်။ တရုတ်၊ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည် အာရှ၏ မဟာဗျူဟာ တြိဂံတစ်ခုဟုဆိုပါက တရုတ်နိုင်ငံအား A, အိန္ဒိယ နိုင်ငံအား B ၊ ဂျပန်နိုင်ငံအား C အဖြစ် ကိုယ်စားပြုဖော်ပြနိုင်သည်။ B နှင့် C တို့၏ ပေါင်းစည်းမှုသည် A ထက် အမြဲတမ်းကြီးမားနေမည်သာ ဖြစ်သည်။ အိန္ဒိယ−ဂျပန်ဝင်းရိုးသာမရှိပါက တရုတ်ဗဟိုပြု အာရှ၏ နိုးထလာမှုမှာ အတားအဆီးမရှိအခြေအနေ ဖြစ်လာမည်ဖြစ်သည်။ တရုတ်နိုင်ငံအား ထိန်းချုပ်ရေးသည် ရွေးချယ်စရာတစ်ခုတည်းမဟုတ်ပါ။ တရုတ်နိုင်ငံသည် အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်ဖြစ်ရာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား ဖြတ်တောက်၍မရနိုင်ပါ။ အိန္ဒိယနှင့်ဂျပန်အတွက် အဓိကအဖြေရှာရမည့်ပြဿနာမှာ တရုတ်နိုင်ငံ၏ လျင်မြန်စွာ အင်အား ကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လာသည့် အာရှ၏ လက်ရှိပါဝါမျှခြေပျက်နေခြင်းအား မည်သို့ဖြေရှင်း မည်ဆိုသည့်အချက်ပင်ဖြစ်သည်။ အာရှ၏အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီးနှစ်နိုင်ငံကြား လေးနက် သောနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အာရှ၏ ပါဝါမျှခြေပြန်လည်ရရှိစေရေးအတွက် အထောက်အကူ ဖြစ်စေနိုင်သည်။
Global South အသွင်ဖြင့် တတိယကမ္ဘာ၏ ခေါင်းဆောင်နေရာ ရယူလိုသည့် အိန္ဒိယ
မကြာသေးမီရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာသည် အရှေ့အာရှခရီးစဥ်အဖြစ် ဂျပန်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အားသွားရောက်ခဲ့သည်။ အာရှ ဒီမိုကရေစီ အင်အားကြီးနှစ်နိုင်ငံအနေဖြင့် ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာမှုအား ရင်ဆိုင်ရာတွင် လုံခြုံရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်ရန် ခရီးစဥ်အတွင်း သဘောတူညီခဲ့ကြသည်။ ထို့ပြင် အာကာသနှင့်ဆိုက်ဘာလုံခြုံရေး နယ်ပယ်သစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရေး နည်းလမ်းရှာဖွေရန်လည်း သဘောတူခဲ့ကြသည်။ ဒေသတွင်း တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စစ်ရေးအင်အားကြီးမားလာမှုအပေါ် စိုးရိမ်လာခြင်းကြောင့် Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့က နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာသကဲ့သို့ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့ကလည်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာခဲ့ကြသည်။ ဂျပန် နိုင်ငံသည် ၎င်း၏ ဒီမိုကရေစီအား ပြုစုပျိုးထောင်ပေးခဲ့သည့်နိုင်ငံ၊ Global South အား ကိုယ်စားပြု သည့်အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးအပေါ် အရေးကြီးသည့်ဆက်ဆံရေးအဖြစ် သဘောထားသည်။ နှစ်နိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ပြုလုပ်ရေးအတွက်လည်း သဘောတူခဲ့ကြ သည်။ ဝန်ကြီးနှစ်ဦးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၊ Global South နှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နိုင်ငံတကာအသိုက်အဝန်းရင်ဆိုင်နေရသည့် ကိစ္စရပ်များအပေါ် တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးအပေါ်အခြေခံပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေး ကမ္ဘာလုံး ဆိုင်ရာမျှော်မှန်းချက်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကမ္ဘာလုံး ဆိုင်ရာမိတ်ဖက်ဖြစ်မှုအား အထောက်အကူဖြစ်စေသည့် တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းလူ့အဖွဲ့ အစည်းဖြစ်စေရေး၊ ဗဟုဝါဒထွန်းကားရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များ အကောင် အထည်ဖော်ရေးနှင့် ဒီမိုကရေစီတန်ဖိုးများ မျှဝေရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တိုးချဲ့ရန်ကြိုးစားမှု အပေါ် ဆန့်ကျင်ခြင်းနှင့် ၎င်းအပေါ် စစ်ရေးအရဖိအားပိုပေးလာခြင်းအပါအဝင် အိန္ဒိယနှင့်ဂျပန်နိုင်ငံ တို့ ပေါင်းစည်းနိုးထလာမှုအား ပိတ်ဆို့တားဆီးရာတွင် လက်တွန့်နေလိမ့်မည်မဟုတ်ပါ။ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း ဂျပန်နိုင်ငံနှင့်မိတ်ဖက်ဆက်ဆံရေးအား တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ခြင်းဖြင့် အာရှ၏ မဟာဗျူဟာမြင်ကွင်းအားပြန်လည်ပုံဖော်ပြီး ပထဝီနိုင်ငံရေးအရွေ့တစ်ခု ပေါ်ပေါက်လာစေ ရေး တွန်းအားပေးနေခြင်း ဖြစ်သည်။
နှစ်နိုင်ငံကြား ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ၎င်းတို့၏ ကာလရှည် နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများ၊ သဘောထားများ၊ ဦးတည်ချက် များနှင့် စိုးရိမ်မှုများ ထပ်တူကျနေခြင်းကြောင့် ဖြစ်သည်။ နှစ်နိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း တုံ့ပြန် ဆောင်ရွက်နိုင်စွမ်းရှိလာကြသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး တိုးမြှင့် နေသော်လည်း ယူကရိန်းနိုင်ငံအား တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားအပေါ် အနောက်နိုင်ငံများ နှင့်အတူ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ဆန္ဒမရှိသည့်နိုင်ငံဖြစ်သည်။ အနောက်နိုင်ငံများက ပြင်းပြင်း ထန်ထန်ဖိအားပေးသော်လည်း လိုက်ပါလုပ်ဆောင်ခြင်း အလျင်းမရှိခဲ့ပါ။ အခြားအချက်တစ်ခုမှာ အိန္ဒိယ၏ ကမ္ဘာလုံးဆိုင်ရာ ဒီပလိုမေစီအတွက် မူဘောင်သစ်တစ်ခုအား ချမှတ်ထားခြင်းပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စစ်အေးခေတ်ကာလအတွင်းကလည်း ဘက်မလိုက်လှုပ်ရှားမှု တည်ထောင်သူ၊ တတိယကမ္ဘာ၏ စည်းလုံးညီညွတ်မှု ဦးဆောင်သူဖြစ်ခဲ့ဘူးသည်။ စစ်အေးခေတ် ပြီးဆုံးချိန်တွင် တတိယကမ္ဘာသဘောတရားမှာ အဓိပ္ပါယ်မဲ့ဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်မှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်သာမက BRICS ကဲ့သို့သော ဖွံ့ဖြိုးမှုအလွန်လျင်မြန် သည့်နိုင်ငံများနှင့်လည်း ပိုမိုထိတွေ့ဆက်ဆံလာခဲ့သည်။ ထိုအချိန်မှစ၍ အနောက်နိုင်ငံများ လွှမ်းမိုး သည့် ကမ္ဘာ့အထိုင်အား ပြုပြင်ပြောင်းလဲရန် တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအနေဖြင့် Global South ဟု ခေါင်းစဥ်ပြောင်းတပ်ထားသော်လည်း တတိယကမ္ဘာ၏ ခေါင်းဆောင်အဖြစ် ယခင်က ရရှိခဲ့ သည့်နေရာအား ပြန်ရရန်တောင်းဆိုနေခြင်းပင်ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း G7 ဥက္ကဌ ရာထူးအားအသုံးပြုပြီး အိန္ဒိယနိုင်ငံ၏ Global South မဟာဗျူဟာအား ဆုံးရှုံးစရာတစ်စုံတစ်ရာ မရှိဟုရှုမြင်ထားသည်။ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည် ယခင်က နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရာတွင် အကန့်အသတ်များရှိခဲ့သည်။ သို့သော် G7, G20 ထိပ်သီး အစည်းအဝေးပွဲများတွင် ဥက္ကဌရာထူးနေရာများအား လက်ခံ ရယူကျင်းပပြီးချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ဒီပလိုမေစီနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်မည့် တံခါးအားတွန်းဖွင့်နိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာဒီပလိုမေစီမှာ ကမ္ဘာ့အထိုင်အား အသွင်သဏ္ဍန်ပိုင်းအရ သာမက အနှစ်သာရပိုင်းအရပါပြောင်းလဲပြစ်ရန်ဖြစ်သည်။ ယင်းမှာ ဂျပန်နိုင်ငံ၏ အခြေခံ သဘောထားနှင့်လည်းကိုက်ညီမှုရှိနေသည်။ သေချာသည်မှာ နှစ်နိုင်ငံလုံးသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်လာရန် ရည်မှန်းကြိုးစားနေကြခြင်းဖြစ်ရာ ရည်မှန်းချက် ရောက်ရှိရန် ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာ စီးပွားရေး အင်စတီကျူးရှင်းများ၏ ကျောရိုးအား ပြုပြင်ပြောင်းလရန် အိန္ဒိယနိုင်ငံ၏ တွန်းအားပေးမှု အပေါ် ထောက်ခံရန်မဖြစ်နိုင်သေးပါ။ အခြားအရေးကြီးအချက်တစ်ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကြား ကွဲပြားသည့်သဘောထားအမြင်ပင်ဖြစ်သည်။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများ အနေဖြင့် ကျန်ကမ္ဘာ့နိုင်ငံများအပေါ် ၎င်းတို့၏ တန်ဖိုးများအား ကျင့်သုံးလာစေရန် အတင်းအကြပ် ဖိအားပေးခွင့်မရှိပါ။ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင်အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည်။ ဒီမိုကရေစီအလေ့အကျင့်များမှာ နှစ်ပေါင်းများစွာကတည်းကရှိခဲ့သည်။ သို့သော် အခြား နိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်လေ့ရှိသည့်နိုင်ငံမဟုတ်ပါ။ အခြားနိုင်ငံ တစ်နိုင်ငံ က ၎င်း၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်လာသည့်အချိန်မှသာ ဒေါသတကြီးဖြင့် တုံ့ပြန် တတ်သည့်နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက် မစွက်ဖက်ရေးဆိုသည့်မူအား အခိုင်အမာကိုင်စွဲထားသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယနှင့် Global South အဖွဲ့ဝင်နိုင်ငံများသည် အနောက်နိုင်ငံများထက် တရုတ်၊ အိန္ဒိယနိုင်ငံတို့၏ သဘောထားနှင့်ပိုမိုနီးစပ် ကြသည်။ တိုးတက်လာသည့်အိန္ဒိယ−ဂျပန်ဆက်ဆံရေးသည် အငြင်းပွားဖွယ်ကိစ္စများအား ရှောင်ရှား ပြီး နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် နည်း စနစ်ပိုင်းဆိုင်ရာ သဘောတူညီချက်အပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။ တစ်ချို့ သော နယ်ပယ်များတွင် ကွဲပြားမှုများရှိကောင်းရှိနိုင်ပါသည်။ သို့သော် အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည် ၎င်းတို့၏ ရည်မှန်းချက်ဆီ လျှောက်လှမ်းရာတွင် ယနေ့အထိ လက်တွဲ၍ ချီတက်နေကြဆဲဖြစ်သည်။
References
www.mofa.go.jp
www.nippon.com
byjus.com
asia.nikkei.com
zawgyi version
ကမာၻလုံးဆိုင္ရာမိတ္ဖက္အျဖစ္ လက္တြဲေနၾကသည့္ အိႏၵိယ−ဂ်ပန္ဆက္ဆံေရး
ႏွစ္ႏိုင္ငံ ဆက္ဆံေရး ေနာက္ခံသမိုင္း
သန္းထိုက္စိုး (NP News) - ဧၿပီ ၁
အိႏၵိယ-ဂ်ပန္ ဆက္ဆံေရးမွာ အိႏၵိယႏိုင္ငံက ဂ်ပန္ႏိုင္ငံအား ဗုဒၶဝါဒႏွင့္ မိတ္ဆက္ေပးခဲ့ သည့္ (၆)ရာစုမွစတင္ခဲ့သည္ဟုဆိုၾကသည္။ သို႔ျဖစ္ရာ အိႏၵိယယဥ္ေက်းမႈသည္လည္း ဂ်ပန္ယဥ္ေက်းမႈ အေပၚ လႊမ္းမိုးမႈရွိခဲ့သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ ဂ်ဝါဟာလာေန႐ူးသည္ ဒုတိယကမာၻစစ္အၿပီး ၁၉၄၉ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ Ueno တိရိစာၦန္႐ုံသို႔ ဆင္တစ္ေကာင္လႉဒါန္းခဲ့သည္။ ယင္းမွာ စစ္ရႈံးမႈေၾကာင့္ နလန္မထူႏိုင္ေသးသည့္ ဂ်ပန္ျပည္သူမ်ား၏ ဘဝထဲသို႔ အလင္တန္းေလးတစ္ခု ျဖာထြက္ေပးလိုက္သကဲ့သို႔ ျဖစ္ေစခဲ့သည္။ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ ၁၉၅၂ ခုႏွစ္၊ ဧၿပီလ ၂၈ ရက္ ေန႔တြင္ ၿငိမ္းခ်မ္းေရးလက္မွတ္ေရးထိုးၿပီး သံတမန္အဆက္အသြယ္ ထူေထာင္ခဲ့ၾကသည္။ ႏွစ္ႏိုင္ငံ တို႔သည္ သံတမန္အဆက္အသြယ္ ထူေထာင္ၿပီးခ်ိန္ကတည္းက ေႏြးေထြးသည့္ဆက္ဆံေရးအား ထူေထာင္ႏိုင္ခဲ့ၾကသည္။ ဒုတိယကမာၻစစ္လြန္ကာလတြင္ အိႏၵိယႏိုင္ငံ၏ သံသတၳဳ႐ိုင္း ထုတ္လုပ္မႈ လုပ္ငန္းသည္ အပ်က္အစီးမ်ားၾကားမွ ဂ်ပန္ႏိုင္ငံႏိုးထလာႏိုင္ေရးအတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစခဲ့သည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီ႐ိုမိုရီ ၂၀၀၀ ခုႏွစ္၊ ၾသဂုတ္လတြင္ အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး ေနာက္ ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုခိုင္မာလာခဲ့သည္။ ႏွစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔သည္ ကမာၻလုံးဆိုင္ရာ မိတ္ဖက္ျဖစ္မႈ(Global Partnership)တည္ေဆာက္ရန္ဆုံးျဖတ္ခဲ့ၾကသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဂ်ဴနီခ်ီး႐ိုးကိုအိဇူမိသည္ ၂၀၀၅ ခုႏွစ္၊ ဧၿပီလတြင္ အိႏၵိယႏိုင္ငံသို႔ သြားေရာက္လည္ပတ္ခဲ့ခ်ိန္မွစ၍ အိႏၵိယ−ဂ်ပန္ ႏွစ္ႏိုင္ငံထိပ္သီးအစည္းအေဝးမ်ားအား ၿမိဳ႕ေတာ္မ်ားတြင္ ႏွစ္စဥ္က်င္းပခဲ့ၾကသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ Manmohan Singh သည္ ၂၀၀၆ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ ခဲ့ရာ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ကမာၻလုံးဆိုင္ရာ မဟာဗ်ဴဟာမိတ္ဖက္ဆက္ဆံေရးအျဖစ္သို႔ တက္လွမ္း လာခဲ့သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီသည္ ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလတြင္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဆိုအာေဘးႏွင့္ ထိပ္သီးအစည္းအေဝး က်င္းပခဲ့ၿပီး Special Strategic and Global Partnership အျဖစ္တိုးျမႇင့္ရန္ သေဘာတူခဲ့ၾကသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဆိုအာေဘးသည္ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလတြင္ အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီႏွင့္ ထိပ္သီးအစည္းအေဝးက်င္းပခဲ့သည္။ ႏွစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔သည္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးအား Special Strategic and Global Partnership မွ ေလးနက္က်ယ္ျပန႔္ၿပီး လက္ေတြ႕က်ေသာ မိတ္ဖက္ဆက္ဆံေရး(deep,broad-based and action-oriented partnership) အျဖစ္ ကူးေျပာင္းရန္သေဘာတူခဲ့ၾကသည္။ ယင္းကဲ့သို႔ဆက္ဆံေရး တိုးျမႇင့္လိုက္ျခင္းသည္ ၎တို႔၏ ကာလရွည္ၾကာ ဆက္ဆံေရးရွိခဲ့သည့္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ မဟာဗ်ဴဟာ ရည္မွန္းခ်က္မ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္ ေပါင္းစည္းမႈအျဖစ္ထင္ဟပ္ေနျခင္းပင္ျဖစ္သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံဆက္ဆံေရး ေခတ္သစ္တြင္ လမ္းၫႊန္အျဖစ္ေဆာင္႐ြက္မည့္ “အင္ဒို−ပစိဖိတ္ေဒသႏွင့္ ကမာၻႀကီး၏ၿငိမ္းခ်မ္းေရး ႏွင့္ ႂကြယ္ဝခ်မ္းသာေရးအတြက္ အတူတကြအလုပ္လုပ္မည့္ အထူးမဟာဗ်ဴဟာႏွင့္ ကမာၻလုံးဆိုင္ရာ မိတ္ဖက္ျဖစ္မႈ ေမွ်ာ္မွန္းခ်က္၂၀၂၅”ကိုလည္းထုတ္ျပန္ေၾကညာခဲ့သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ဒရာ မိုဒီသည္ ၂၀၂၂ ခုႏွစ္၊ ေမလတြင္ ဂ်ပန္ႏိုင္ငံတြင္က်င္းပသည့္ ဂ်ပန္−ၾသစေၾတးလ်−အိႏၵိယ− အေမရိကန္ထိပ္သီးအစည္းအေဝး တက္ေရာက္ရန္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီသည္ ထိုႏွစ္အတြင္းမွာပင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဆိုအာေဘး၏ ဈာပနအခမ္းအနားသို႔ တက္ေရာက္ရန္ ဂ်ပန္ႏိုင္ငံသို႔ ထပ္မံေရာက္ရွိခဲ့သည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခိရွိဒသည္ ၂၀၂၃ ခုႏွစ္၊ မတ္လႏွင့္ စက္တင္ဘာလတြင္ အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီ သည္ ၂၀၂၃ ခုႏွစ္၊ ေမလတြင္ ဂ်ပန္ႏိုင္ငံသို႔ ထပ္မံသြားေရာက္ခဲ့ၿပီး ထိပ္သီးအစည္းအေဝးပြဲမ်ားအား တက္ေရာက္ခဲ့သည္။ ႏွစ္ႏိုင္ငံတို႔သည္ ၂၀၂၃ ခုႏွစ္အတြင္း G7 ႏွင့္ G20 ဥကၠဌေနရာမ်ား အသီးသီး ရယူၿပီး ထိပ္သီးအစည္းအေဝးပြဲမ်ားအား လက္ခံက်င္းပခဲ့ၾကသည္။ ႏွစ္ႏိုင္ငံေခါင္းေဆာင္တို႔သည္ ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုတိုးတက္ေအာင္ေဆာင္႐ြက္ရန္ႏွင့္ ႏိုင္ငံတကာအသိုက္အဝန္းရွိ ျပႆနာရပ္ မ်ားအေပၚ အတူတကြေျဖရွင္းမည့္ ကတိကဝတ္မ်ားအား ထပ္မံအတည္ျပဳခဲ့ၾကသည္။
စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ
မၾကာေသးမီႏွစ္မ်ားအတြင္း ႏွစ္ႏိုင္ငံၾကား စီးပြားေရးဆက္ဆံမႈ မွန္မွန္တိုးတက္လာသကဲ့သို႔ ပိုမိုက်ယ္ျပန႔္နက္ရႈိင္းလာခဲ့သည္။ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈပမာဏမွာလည္း တိုးတက္လာခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ၂၀၂၁ ခုႏွစ္အထိ ဂ်ပန္ႏိုင္ငံအတြက္ ၁၈ ႏိုင္ငံေျမာက္ အႀကီးမားဆုံးေသာ ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ခဲ့သည္။ အလားတူ ဂ်ပန္ႏိုင္ငံသည္လည္း အိႏၵိယႏိုင္ငံအတြက္ ၁၃ ႏိုင္ငံ ေျမာက္ အႀကီးမားဆုံးေသာကုန္သြယ္ဖက္ႏိုင္ငံျဖစ္ခဲ့သည္။ အိႏၵိယႏိုင္ငံအတြင္း ဂ်ပန္ႏိုင္ငံ၏ ရင္းႏွီး ျမႇပ္ႏွံမႈလည္း ျမင့္တက္လာခဲ့သည္။ ၂၀၂၁ ခုႏွစ္အထိ အိႏၵိယႏိုင္ငံတြင္ ဂ်ပန္ကုမၸဏီခြဲေပါင္း ၁၄၃၉ ခု ရွိသည္။ အိႏၵိယႏိုင္ငံသည္ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ဂ်ပန္ဖြံ႕ၿဖိဳးေရးအကူအညီ(ODA) အမ်ားဆုံး ရရွိသည့္ႏိုင္ငံလည္းျဖစ္သည္။ နယူးေဒသလီ ေျမေအာက္ရထားလမ္းမ်ားသည္ ဂ်ပန္ ဖြံ႕ၿဖိဳးေရးအကူအညီ(ODA)အသုံးခ်ၿပီး အေကာင္အထည္ေဖာ္ခဲ့သည့္အေအာင္ျမင္ဆုံးလုပ္ငန္းမ်ား အနက္တစ္ခုအပါအဝင္ ျဖစ္သည္။ ဂ်ပန္ႏိုင္ငံသည္ Act East Policy ႏွင့္ Partnership for Quality Infrastructure ၾကား ေပါင္းစည္းမႈမွတစ္ဆင့္ ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွအား မဟာဗ်ဴဟာ ခ်ိတ္ဆက္ေပးရာတြင္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ေနျခင္း ျဖစ္သည္။
ႏွစ္ႏိုင္ငံစီးပြားေရး အျပန္အလွန္ဆက္စပ္မႈသည္ ႏွစ္ႏိုင္ငံဆက္ဆံေရး၏ အေျခခံ ေမာင္းႏွင္ အားျဖစ္သည္။ ဂ်ပန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံအား ၎၏စီးပြားေရး ျပန္လည္ထူေထာင္ေရး မဟာဗ်ဴဟာအား အေကာင္အထည္ေဖာ္ရာတြင္ အေရးႀကီးသည့္မိတ္ဖက္အျဖစ္ ရႈျမင္ထားသည္။ အလားတူ အိႏၵိယႏိုင္ငံကလည္း ဂ်ပန္ႏိုင္ငံအား ၎၏ အေျခခံအေဆာက္အအုံႏွင့္ ကုန္ထုတ္လုပ္မႈ အေျခခံမ်ားအား အဆင့္ျမႇင့္တင္ရာတြင္ အဓိကက်ေသာ မိတ္ဖက္အျဖစ္လည္းေကာင္း၊ အရင္းအႏွီး ႏွင့္ကုန္သြယ္ေရးဆိုင္ရာ နည္းပညာအရင္းအျမစ္ အျဖစ္လည္းေကာင္း ရႈျမင္ထားသည္။ ႏွစ္ႏိုင္ငံ လိုအပ္ခ်က္မတူညီမႈသည္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ျခင္းမွတစ္ဆင့္ ခိုင္မာသည့္ ေပါင္းစည္း စြမ္းအင္ရရွိရန္ အခြင့္အလမ္းမ်ားဖန္တီးေပးေနျခင္းပင္ျဖစ္သည္။ ဂ်ပန္ႏိုင္ငံတြင္ ခိုင္မာသည့္ ထုတ္လုပ္ေရးအေျခခံမ်ားရွိသည္။ အိႏၵိယႏိုင္ငံတြင္ ဝန္ေဆာင္မႈဦးေဆာင္သည့္ ဖြံ႕ၿဖိဳးမႈရွိသည္။ ဂ်ပန္ ႏိုင္ငံသည္ hardware ပိုင္းတြင္ဦးေဆာင္သူျဖစ္ၿပီး အိႏၵိယႏိုင္ငံသည္ software ပိုင္းတြင္ ဦးေဆာင္သူ ျဖစ္သည္။ ဂ်ပန္ႏိုင္ငံသည္ အျခားဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားထက္ သက္ႀကီးပိုင္းဦးေရ တျဖည္းျဖည္းမ်ားလာ သည္။ အိႏၵိယႏိုင္ငံသည္ ကမာၻေပၚတြင္ လူငယ္ဦးေရအမ်ားဆုံးႏိုင္ငံျဖစ္သည္။ ဂ်ပန္ႏိုင္ငံတြင္ ဘ႑ာေရးႏွင့္နည္းပညာဆိုင္ရာအင္အားရွိၿပီး အိႏၵိယႏိုင္ငံတြင္ လူသားအရင္းအႏွီးႏွင့္ ႀကီးမားသည့္ ေဈးကြက္တစ္ခုရွိသည္။ ဂ်ပန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံရွိ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရး လုပ္ငန္း မ်ားအား ဆက္လက္ေထာက္ပံ့ေပးလ်က္ရွိသကဲ့သို႔ ျမန္ႏႈန္းျမင့္ရထားလမ္းမ်ား ေဖာက္လုပ္ေရး လုပ္ငန္းမ်ားတြင္လည္း ဆက္လက္ကူညီေပးလ်က္ရွိသည္။
အာရွ၏ ပါဝါမွ်ေျခ ျပန္လည္ရရွိ
အိႏၵိယဝန္ႀကီးခ်ဳပ္ မက္မိုဟန္ဆင္းသည္ ၂၀၀၈ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ရာ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ ပူးတြဲေၾကညာခ်က္တစ္ရပ္အား ထုတ္ျပန္ႏိုင္ခဲ့သည္။ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔၏ ေပါင္းစည္းမႈမွာ အင္အားႀကီးမားသည္။ တ႐ုတ္၊ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ အာရွ၏ မဟာဗ်ဴဟာ ႀတိဂံတစ္ခုဟုဆိုပါက တ႐ုတ္ႏိုင္ငံအား A, အိႏၵိယ ႏိုင္ငံအား B ၊ ဂ်ပန္ႏိုင္ငံအား C အျဖစ္ ကိုယ္စားျပဳေဖာ္ျပႏိုင္သည္။ B ႏွင့္ C တို႔၏ ေပါင္းစည္းမႈသည္ A ထက္ အၿမဲတမ္းႀကီးမားေနမည္သာ ျဖစ္သည္။ အိႏၵိယ−ဂ်ပန္ဝင္း႐ိုးသာမရွိပါက တ႐ုတ္ဗဟိုျပဳ အာရွ၏ ႏိုးထလာမႈမွာ အတားအဆီးမရွိအေျခအေန ျဖစ္လာမည္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံအား ထိန္းခ်ဳပ္ေရးသည္ ေ႐ြးခ်ယ္စရာတစ္ခုတည္းမဟုတ္ပါ။ တ႐ုတ္ႏိုင္ငံသည္ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔၏ အႀကီးမားဆုံးေသာ ကုန္သြယ္ဖက္ျဖစ္ရာ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးအား ျဖတ္ေတာက္၍မရႏိုင္ပါ။ အိႏၵိယႏွင့္ဂ်ပန္အတြက္ အဓိကအေျဖရွာရမည့္ျပႆနာမွာ တ႐ုတ္ႏိုင္ငံ၏ လ်င္ျမန္စြာ အင္အား ႀကီးထြားလာမႈေၾကာင့္ ျဖစ္ေပၚလာသည့္ အာရွ၏ လက္ရွိပါဝါမွ်ေျခပ်က္ေနျခင္းအား မည္သို႔ေျဖရွင္း မည္ဆိုသည့္အခ်က္ပင္ျဖစ္သည္။ အာရွ၏အင္အားႀကီး ဒီမိုကေရစီႏိုင္ငံႀကီးႏွစ္ႏိုင္ငံၾကား ေလးနက္ ေသာနားလည္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈသည္ အာရွ၏ ပါဝါမွ်ေျချပန္လည္ရရွိေစေရးအတြက္ အေထာက္အကူ ျဖစ္ေစႏိုင္သည္။
Global South အသြင္ျဖင့္ တတိယကမာၻ၏ ေခါင္းေဆာင္ေနရာ ရယူလိုသည့္ အိႏၵိယ
မၾကာေသးမီရက္ပိုင္းအတြင္းက အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး အက္စ္ေဂ်ရွန္ကာသည္ အေရွ႕အာရွခရီးစဥ္အျဖစ္ ဂ်ပန္ႏိုင္ငံႏွင့္ေတာင္ကိုရီးယားႏိုင္ငံတို႔အားသြားေရာက္ခဲ့သည္။ အာရွ ဒီမိုကေရစီ အင္အားႀကီးႏွစ္ႏိုင္ငံအေနျဖင့္ ေဒသတြင္းတြင္ တ႐ုတ္ႏိုင္ငံ၏ အင္အားႀကီးမားလာမႈအား ရင္ဆိုင္ရာတြင္ လုံၿခဳံေရးႏွင့္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအား အရွိန္ျမႇင့္ရန္ ခရီးစဥ္အတြင္း သေဘာတူညီခဲ့ၾကသည္။ ထို႔ျပင္ အာကာသႏွင့္ဆိုက္ဘာလုံၿခဳံေရး နယ္ပယ္သစ္မ်ားတြင္လည္း ပူးေပါင္းေဆာင္႐ြက္မႈ တိုးခ်ဲ႕ႏိုင္ေရး နည္းလမ္းရွာေဖြရန္လည္း သေဘာတူခဲ့ၾကသည္။ ေဒသတြင္း တြင္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးႏွင့္စစ္ေရးအင္အားႀကီးမားလာမႈအေပၚ စိုးရိမ္လာျခင္းေၾကာင့္ Quad အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္သည့္အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔က ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးျမႇင့္လာသကဲ့သို႔ အေမရိကန္ႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔ကလည္း ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးျမႇင့္လာခဲ့ၾကသည္။ ဂ်ပန္ ႏိုင္ငံသည္ ၎၏ ဒီမိုကေရစီအား ျပဳစုပ်ိဳးေထာင္ေပးခဲ့သည့္ႏိုင္ငံ၊ Global South အား ကိုယ္စားျပဳ သည့္အိႏၵိယႏိုင္ငံႏွင့္ဆက္ဆံေရးအေပၚ အေရးႀကီးသည့္ဆက္ဆံေရးအျဖစ္ သေဘာထားသည္။ ႏွစ္ႏိုင္ငံတို႔သည္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား တိုးျမႇင့္ျပဳလုပ္ေရးအတြက္လည္း သေဘာတူခဲ့ၾက သည္။ ဝန္ႀကီးႏွစ္ဦးသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ျပဳျပင္ေျပာင္းလဲေရး၊ Global South ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး အပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းရင္ဆိုင္ေနရသည့္ ကိစၥရပ္မ်ားအေပၚ တြင္လည္း အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေရးအေပၚအေျခခံၿပီး ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးႏွင့္ ႂကြယ္ဝခ်မ္းသာေရး ကမာၻလုံး ဆိုင္ရာေမွ်ာ္မွန္းခ်က္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ ႏွစ္ႏိုင္ငံၾကား ကမာၻလုံး ဆိုင္ရာမိတ္ဖက္ျဖစ္မႈအား အေထာက္အကူျဖစ္ေစသည့္ တရားဥပေဒစိုးမိုးေရး၊ ပြင့္လင္းလူ႔အဖြဲ႕ အစည္းျဖစ္ေစေရး၊ ဗဟုဝါဒထြန္းကားေရး၊ လူ႔အခြင့္အေရးဆိုင္ရာ ကတိကဝတ္မ်ား အေကာင္ အထည္ေဖာ္ေရးႏွင့္ ဒီမိုကေရစီတန္ဖိုးမ်ား မွ်ေဝေရးတို႔တြင္လည္း ပူးေပါင္းေဆာင္႐ြက္ၾကသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံ တိုးခ်ဲ႕ရန္ႀကိဳးစားမႈ အေပၚ ဆန႔္က်င္ျခင္းႏွင့္ ၎အေပၚ စစ္ေရးအရဖိအားပိုေပးလာျခင္းအပါအဝင္ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံ တို႔ ေပါင္းစည္းႏိုးထလာမႈအား ပိတ္ဆို႔တားဆီးရာတြင္ လက္တြန႔္ေနလိမ့္မည္မဟုတ္ပါ။ အိႏၵိယႏိုင္ငံ အေနျဖင့္လည္း ဂ်ပန္ႏိုင္ငံႏွင့္မိတ္ဖက္ဆက္ဆံေရးအား တစ္ဆင့္ၿပီးတစ္ဆင့္ ျမႇင့္တင္ျခင္းျဖင့္ အာရွ၏ မဟာဗ်ဴဟာျမင္ကြင္းအားျပန္လည္ပုံေဖာ္ၿပီး ပထဝီႏိုင္ငံေရးအေ႐ြ႕တစ္ခု ေပၚေပါက္လာေစ ေရး တြန္းအားေပးေနျခင္း ျဖစ္သည္။
ႏွစ္ႏိုင္ငံၾကား ကမာၻလုံးဆိုင္ရာ မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ျခင္းသည္ ၎တို႔၏ ကာလရွည္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ မဟာဗ်ဴဟာ အက်ိဳးစီးပြားမ်ား၊ သေဘာထားမ်ား၊ ဦးတည္ခ်က္ မ်ားႏွင့္ စိုးရိမ္မႈမ်ား ထပ္တူက်ေနျခင္းေၾကာင့္ ျဖစ္သည္။ ႏွစ္ႏိုင္ငံတို႔သည္ ကမာၻလုံးဆိုင္ရာ မိတ္ဖက္ အျဖစ္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေဒသတြင္းႏွင့္ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈမ်ားကိုလည္း တုံ႔ျပန္ ေဆာင္႐ြက္ႏိုင္စြမ္းရွိလာၾကသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ အေနာက္ႏိုင္ငံမ်ားႏွင့္ဆက္ဆံေရး တိုးျမႇင့္ ေနေသာ္လည္း ယူကရိန္းႏိုင္ငံအား တိုက္ခိုက္ခဲ့ျခင္းႏွင့္ပတ္သက္၍ ႐ုရွားအေပၚ အေနာက္ႏိုင္ငံမ်ား ႏွင့္အတူ ဒဏ္ခတ္ပိတ္ဆို႔မႈခ်မွတ္ရန္ ဆႏၵမရွိသည့္ႏိုင္ငံျဖစ္သည္။ အေနာက္ႏိုင္ငံမ်ားက ျပင္းျပင္း ထန္ထန္ဖိအားေပးေသာ္လည္း လိုက္ပါလုပ္ေဆာင္ျခင္း အလ်င္းမရွိခဲ့ပါ။ အျခားအခ်က္တစ္ခုမွာ အိႏၵိယ၏ ကမာၻလုံးဆိုင္ရာ ဒီပလိုေမစီအတြက္ မူေဘာင္သစ္တစ္ခုအား ခ်မွတ္ထားျခင္းပင္ ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ စစ္ေအးေခတ္ကာလအတြင္းကလည္း ဘက္မလိုက္လႈပ္ရွားမႈ တည္ေထာင္သူ၊ တတိယကမာၻ၏ စည္းလုံးညီၫြတ္မႈ ဦးေဆာင္သူျဖစ္ခဲ့ဘူးသည္။ စစ္ေအးေခတ္ ၿပီးဆုံးခ်ိန္တြင္ တတိယကမာၻသေဘာတရားမွာ အဓိပၸါယ္မဲ့ျဖစ္လာခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ၂၀၀၀ ခုႏွစ္ပတ္ဝန္းက်င္မွစ၍ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားႏွင့္သာမက BRICS ကဲ့သို႔ေသာ ဖြံ႕ၿဖိဳးမႈအလြန္လ်င္ျမန္ သည့္ႏိုင္ငံမ်ားႏွင့္လည္း ပိုမိုထိေတြ႕ဆက္ဆံလာခဲ့သည္။ ထိုအခ်ိန္မွစ၍ အေနာက္ႏိုင္ငံမ်ား လႊမ္းမိုး သည့္ ကမာၻ႔အထိုင္အား ျပဳျပင္ေျပာင္းလဲရန္ ေတာင္းဆိုလာခဲ့ျခင္းျဖစ္သည္။ အိႏၵိယအေနျဖင့္ Global South ဟု ေခါင္းစဥ္ေျပာင္းတပ္ထားေသာ္လည္း တတိယကမာၻ၏ ေခါင္းေဆာင္အျဖစ္ ယခင္က ရရွိခဲ့ သည့္ေနရာအား ျပန္ရရန္ေတာင္းဆိုေနျခင္းပင္ျဖစ္သည္။ ဂ်ပန္ႏိုင္ငံအေနျဖင့္လည္း G7 ဥကၠဌ ရာထူးအားအသုံးျပဳၿပီး အိႏၵိယႏိုင္ငံ၏ Global South မဟာဗ်ဴဟာအား ဆုံးရႈံးစရာတစ္စုံတစ္ရာ မရွိဟုရႈျမင္ထားသည္။ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ ယခင္က ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ေဒသဆိုင္ရာ ကိစၥမ်ား ပူးေပါင္းေဆာင္႐ြက္ရာတြင္ အကန႔္အသတ္မ်ားရွိခဲ့သည္။ သို႔ေသာ္ G7, G20 ထိပ္သီး အစည္းအေဝးပြဲမ်ားတြင္ ဥကၠဌရာထူးေနရာမ်ားအား လက္ခံ ရယူက်င္းပၿပီးခ်ိန္တြင္ ကမာၻလုံးဆိုင္ရာ ဒီပလိုေမစီနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္မႈ ခ်ဲ႕ထြင္ႏိုင္မည့္ တံခါးအားတြန္းဖြင့္ႏိုင္ခဲ့သည္။
အိႏၵိယႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာဒီပလိုေမစီမွာ ကမာၻ႔အထိုင္အား အသြင္သ႑န္ပိုင္းအရ သာမက အႏွစ္သာရပိုင္းအရပါေျပာင္းလဲျပစ္ရန္ျဖစ္သည္။ ယင္းမွာ ဂ်ပန္ႏိုင္ငံ၏ အေျခခံ သေဘာထားႏွင့္လည္းကိုက္ညီမႈရွိေနသည္။ ေသခ်ာသည္မွာ ႏွစ္ႏိုင္ငံလုံးသည္ ကုလသမဂၢလုံၿခဳံေရး ေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္လာရန္ ရည္မွန္းႀကိဳးစားေနၾကျခင္းျဖစ္ရာ ရည္မွန္းခ်က္ ေရာက္ရွိရန္ ပူးေပါင္းေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ သို႔ေသာ္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ စီးပြားေရး အင္စတီက်ဴးရွင္းမ်ား၏ ေက်ာ႐ိုးအား ျပဳျပင္ေျပာင္းလရန္ အိႏၵိယႏိုင္ငံ၏ တြန္းအားေပးမႈ အေပၚ ေထာက္ခံရန္မျဖစ္ႏိုင္ေသးပါ။ အျခားအေရးႀကီးအခ်က္တစ္ခ်က္မွာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားၾကား ကြဲျပားသည့္သေဘာထားအျမင္ပင္ျဖစ္သည္။ ဖြံ႕ၿဖိဳးၿပီး အေနာက္ႏိုင္ငံမ်ား အေနျဖင့္ က်န္ကမာၻ႔ႏိုင္ငံမ်ားအေပၚ ၎တို႔၏ တန္ဖိုးမ်ားအား က်င့္သုံးလာေစရန္ အတင္းအၾကပ္ ဖိအားေပးခြင့္မရွိပါ။ အိႏၵိယႏိုင္ငံသည္ ကမာၻတြင္အႀကီးဆုံးေသာ ဒီမိုကေရစီႏိုင္ငံႀကီးတစ္ႏိုင္ငံ ျဖစ္သည္။ ဒီမိုကေရစီအေလ့အက်င့္မ်ားမွာ ႏွစ္ေပါင္းမ်ားစြာကတည္းကရွိခဲ့သည္။ သို႔ေသာ္ အျခား ႏိုင္ငံမ်ား၏ ျပည္တြင္းေရးအား ဝင္ေရာက္စြက္ဖက္ေလ့ရွိသည့္ႏိုင္ငံမဟုတ္ပါ။ အျခားႏိုင္ငံ တစ္ႏိုင္ငံ က ၎၏ ျပည္တြင္းေရးအား ဝင္ေရာက္စြက္ဖက္လာသည့္အခ်ိန္မွသာ ေဒါသတႀကီးျဖင့္ တုံ႔ျပန္ တတ္သည့္ႏိုင္ငံျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးအား ဝင္ေရာက္ မစြက္ဖက္ေရးဆိုသည့္မူအား အခိုင္အမာကိုင္စြဲထားသည့္ ႏိုင္ငံျဖစ္သည္။ အိႏၵိယႏွင့္ Global South အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ အေနာက္ႏိုင္ငံမ်ားထက္ တ႐ုတ္၊ အိႏၵိယႏိုင္ငံတို႔၏ သေဘာထားႏွင့္ပိုမိုနီးစပ္ ၾကသည္။ တိုးတက္လာသည့္အိႏၵိယ−ဂ်ပန္ဆက္ဆံေရးသည္ အျငင္းပြားဖြယ္ကိစၥမ်ားအား ေရွာင္ရွား ၿပီး ႏွစ္ႏိုင္ငံအက်ိဳးစီးပြားျဖစ္ထြန္းေစမည့္ နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မည္ဆိုသည့္ နည္း စနစ္ပိုင္းဆိုင္ရာ သေဘာတူညီခ်က္အေပၚတြင္ အေျခခံတည္ေဆာက္ထားျခင္းျဖစ္သည္။ တစ္ခ်ိဳ႕ ေသာ နယ္ပယ္မ်ားတြင္ ကြဲျပားမႈမ်ားရွိေကာင္းရွိႏိုင္ပါသည္။ သို႔ေသာ္ အိႏၵိယႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ ၎တို႔၏ ရည္မွန္းခ်က္ဆီ ေလွ်ာက္လွမ္းရာတြင္ ယေန႔အထိ လက္တြဲ၍ ခ်ီတက္ေနၾကဆဲျဖစ္သည္။
References
www.mofa.go.jp
www.nippon.com
byjus.com
asia.nikkei.com