ရာဖဲလ်မြို့အား ထိုးစစ်ဆင်မည့် စစ်ဆင်ရေးအစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ် ထပ်မံအတည်ပြု

 610

Pika (NP News) - ဧပြီ ၁

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မည့် စစ်ဆင်ရေးအစီအစဉ်ကို မတ်လ(၃၁)ရက်တွင် ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှရမည်ဖြစ်ကြောင်း နေတန်ရာဟုက အခိုင်အမာပြောဆိုခဲ့သည်။

ထို့အပြင် အစ္စရေးစစ်တပ်သည် ရာဖဲလ်မြို့ရှိ အရပ်သားများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ရန်အတွက် ပြင်ဆင်ထားကြောင်းလည်း နေတန်ရာဟု က ပြောခဲ့သည်။ နေတန်ရာဟုက “ဒီစစ်ဆင်ရေးက အချိန်ယူရပေမယ့်လည်း ပြီးသွားမှာပါ။ ကျွန်တော်တို့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့တပ်ရင်းတွေကို ချေမှုန်းပစ်မှာပါ။ရာဖဲလ်မြို့ကို ထိုးစစ် မဆင်ဘူးဆိုရင် နိုင်ပွဲကို ကျွန်တော်တို့ရရှိမှာ မဟုတ်ပါဘူး။ ပြီးတော့ ရာဖဲလ်မြို့မှာရှိတဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့ရဲ့တပ်ရင်းတွေကို မချေမှုန်းဘူးဆိုရင်လည်း ကျွန်တော်တို့ နိုင်ပွဲကို ရရှိမှာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

နေတန်ရာဟုသည် ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သော အစ္စရေးဓါးစာခံများ၏ ဆွေမျိုးများနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အစ္စရေး ဓါးစာခံများကို ကယ်ဆယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း နေတန်ရာဟုက ထပ်မံပြောခဲ့သည်။

နေတန်ရာဟု က “အစ္စရေးဓါးစာခံတွေ လွတ်မြောက်ဖို့အတွက် ကျွန်တော်က ဘာမှမလုပ်ဘူးလို့ ပြောဆိုနေကြတဲ့ လူတွေက မှားယွင်းပြောဆိုနေတာပါ။ ပြီးတော့ သူတို့ရဲ့မှားယွင်းတဲ့ပြောဆိုချက်တွေဟာ ဓါးစာခံတွေရဲ့ မိသားစု တွေအတွက် မလိုလားအပ်တဲ့ ဝမ်းနည်းမှုတွေကိုဖြစ်ပေါ်စေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
ရာဖဲလ္ၿမိဳ႕အား ထိုးစစ္ဆင္မည့္ စစ္ဆင္ေရးအစီအစဥ္ကို အစၥေရးဝန္ႀကီးခ်ဳပ္ ထပ္မံအတည္ျပဳ
Pika (NP News) - ဧၿပီ ၁
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မည့္ စစ္ဆင္ေရးအစီအစဥ္ကို မတ္လ(၃၁)ရက္တြင္ ထပ္မံအတည္ျပဳခဲ့ေၾကာင္း သိရသည္။

ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းရန္အတြက္ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မွရမည္ျဖစ္ေၾကာင္း ေနတန္ရာဟုက အခိုင္အမာေျပာဆိုခဲ့သည္။

ထို႔အျပင္ အစၥေရးစစ္တပ္သည္ ရာဖဲလ္ၿမိဳ႕ရွိ အရပ္သားမ်ားကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးရန္ႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးအပ္ရန္အတြက္ ျပင္ဆင္ထားေၾကာင္းလည္း ေနတန္ရာဟု က ေျပာခဲ့သည္။ ေနတန္ရာဟုက “ဒီစစ္ဆင္ေရးက အခ်ိန္ယူရေပမယ့္လည္း ၿပီးသြားမွာပါ။ ကြၽန္ေတာ္တို႔ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕တပ္ရင္းေတြကို ေခ်မႈန္းပစ္မွာပါ။ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ မဆင္ဘူးဆိုရင္ ႏိုင္ပြဲကို ကြၽန္ေတာ္တို႔ရရွိမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ ဟားမက္ လက္နက္ကိုင္အဖြဲ႕ရဲ႕တပ္ရင္းေတြကို မေခ်မႈန္းဘူးဆိုရင္လည္း ကြၽန္ေတာ္တို႔ ႏိုင္ပြဲကို ရရွိမွာမဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။

ေနတန္ရာဟုသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ေသာ အစၥေရးဓါးစာခံမ်ား၏ ေဆြမ်ိဳးမ်ားႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ အစၥေရး ဓါးစာခံမ်ားကို ကယ္ဆယ္ႏိုင္ရန္အတြက္ အတတ္ႏိုင္ဆုံးလုပ္ေဆာင္ေနေၾကာင္း ေနတန္ရာဟုက ထပ္မံေျပာခဲ့သည္။

ေနတန္ရာဟု က “အစၥေရးဓါးစာခံေတြ လြတ္ေျမာက္ဖို႔အတြက္ ကြၽန္ေတာ္က ဘာမွမလုပ္ဘူးလို႔ ေျပာဆိုေနၾကတဲ့ လူေတြက မွားယြင္းေျပာဆိုေနတာပါ။ ၿပီးေတာ့ သူတို႔ရဲ႕မွားယြင္းတဲ့ေျပာဆိုခ်က္ေတြဟာ ဓါးစာခံေတြရဲ႕ မိသားစု ေတြအတြက္ မလိုလားအပ္တဲ့ ဝမ္းနည္းမႈေတြကိုျဖစ္ေပၚေစပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.